လွန်ခဲ့တဲ့ ၃ ရက်က ပျောက်နေသူကို ကားဂိတ်မှာ ပြန်တွေ့၊ စိတ်မူမမှန်ဖြစ်နေ
အသက် ၁၇ နှစ် အရွယ် မဟန်နီဦးမှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီကျော်အချိန်က နေအိမ်မှ အလှကုန်ပစ္စည်းများ ဝယ်ရန်အတွက် ထွက်ခွါသွားပြီးနောက် ပျောက်ဆုံးနေတာခဲ့ဖြစ်ပြီး မတ်လ ၁ ရက်နေ့ ညပိုင်းက အောင်မဂ်လာ ကားဂိတ်မှာ ပြန်လည်ရှာတွေ့ခဲ့တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
မဟန်နီဦးသည် ပုဇွန်တောင်မီးရထားဝန်းအတွင်း နေထိုင်သူဖြစ်ပြီး နေအိမ်မှ ၁၀၇ လမ်း သစ္စာလမ်းအတိုင်း ထွက်လာပြီးနောက် ဂမုန်းပွင့်ကုန်တိုက်ရှေ့အထိ တယောက်ထဲသွားနေတာကို နောက်ဆုံး စီစီတီဗီမှတ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။
ည ၇ နာရီလောက်က ပြန်ရှာတွေ့တာပါ။ သူ့ကိုမေးတော့ မန္တလေးဘက်ရောက်သွာတယ်လည်း ပြောတယ်။ မူဆယ်ဘက်နဲ့ မြဝတီဘက်က ပြန်လာတယ်လည်း ပြောတယ်။ နောက်ထပ်မေးလို့မရဘူး ငိုနေတယ်။ ဆေ-း-မိထားသလို စိတ်က မူမမှန်ဘူးဖြစ်နေတယ် လို့ မိသားစုဝင်တဦးက ပြောပါတယ်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအတွင်း နေ့စဉ်လူပျောက်မှုတွေ ဖြစ်ပေါ်နေပြီး အများစုကတော့ ပြန်ရှာမတွေ့ပဲ ဖြစ်နေပါတယ်။
#လူပျောက်
#အောင်မဂ်လာ
