ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီး ဒုတိယမြောက် ထပ်မံ သေဆုံး၊ ပထမသေဆုံးသူ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးနှင့် ၄ ရက်သာခြားပြီး သေသွားခဲ့

by

in

ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီး ဒုတိယမြောက် ထပ်မံ သေဆုံး၊ ပထမသေဆုံးသူ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးနှင့် ၄ ရက်သာခြားပြီး သေသွားခဲ့
ရန်ကုန်၊ မတ် ၃

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွ့်တွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံခဲ့ရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီးမှာ ယမန်နေ့ ညနေပိုင်းတွင် ဒုတိယမြောက်အဖြစ် ထပ်မံ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မီးရှို့ခံခဲ့ရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးသေဆုံးခဲ့ပြီး ၄ ရက်အကြာ ယမန်နေ့ မတ် လ ၂ ရက်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ဒဏ်ရာကိုဆေးရုံတွင် ကုသနေစဉ် ပိုးဝင်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မီးရှို့ခံခဲ့ရတဲ့ ၃ ဦးထဲကနေ ပထမ ရာအိမ်မှူး (ကိုနှုတ်ခမ်းမွှေး) သေတယ်။ အခု ဆယ်အိမ်မှူး အမျိုးသမီး ထပ်သေတယ်။ သူ့အိမ်မှာ နာရေးပြင်ထားပြီ။ ဆယ်အိမ်မှူး အမျိုးသမီးလည်း မီးလောင်ဒဏ်ရာ များတဲ့အပြင် သူက ဆီးချိုရှိနေတယ်။ အဲဒီတော့ အနာတွေ မကျက်၊ ပိုးဝင်၊ ဖျားပြီး ဆုံးတာလို့ သိရတယ်။ ဆေးရုံမှာ ဆယ်အိမ်မှူး အမျိုးသမီးက ၁၈ ရက်ကြာ အော်ဟစ်နေခဲ့တာ” ဟု ဒေါပုံမြို့နယ်မှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကြည်စုရပ်ကွက် ၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူး ၊ ဆယ်အိမ်မှူး အမျိုး သမီးနှင့် အမျိုးသမီးငယ်တစ်ဦးတို့က စစ်မှုထမ်းစာရင်း ပြုစုရန် သန်းခေါင် စာရင်း မိတ္တူများ လိုက်လံကောက်ယူနေစဉ် အိမ်ရှင်က ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မီးရှို့မှုကြောင့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး အမျိုးသမီးတို့မှာ နေရာအနှံ့အပြား မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်သူမှာ ဖမ်းဆီးရရှိခြင်းမရှိဘဲ လုံး၀ လွတ်မြောက်သွားကြောင်း သိရသည်။