-
မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို
မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို မတ် ၂၊ ၂၀၂၅ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီရော၊ အာရက္ခတပ်တော် (AA)ပါ အခွန်ကောက်ခံနေလို့ နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က မတ်လ ၁ ရက်မှာ ပြောပါတယ်။ “ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်” လို့ သူကပြောပါတယ်။ (ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးနဲ့ ညီမျှတဲ့)…
-
ဧရာဝတီတိုက်ပွဲအတွင်း ဒဏ်ရာရရှိလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံး၍ လုံခြုံရေးအများအပြားဖြင့် မီးသဂြိုဟ်
ဧရာဝတီတိုက်ပွဲအတွင်း ဒဏ်ရာရရှိလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံး၍ လုံခြုံရေးအများအပြားဖြင့် မီးသဂြိုဟ် ဧရာဝတီတိုင်းမ် မတ် ၃ ရက် ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် အနောက်တောင် တိုင်း စစ်ဌာနချုပ်ရှိ မဆရ ၄ တွင် ရှေ့တန်းမှ ဒဏ်ရာပြင်း ထန်၍ ဆေးကုသမှုခံယူနေသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ မတ် ၃ ရက် နံနက် ၉ နာရီ ၅၀ မိနစ် ခန့်တွင် သေဆုံးသည့် ဗျူဟာမှူး၏ အလောင်းကို ပုသိမ်၊ ရွှေမြင်တင်မီးသဂြိုဟ်စက်သို့ သယ်ဆောင်လာပြီး မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။ နာရေးသို့ စစ်ကောင်စီ စစ်ကားများ၊ မီနီဘတ်စ်များ၊ အိမ်စီးကားများအပါအဝင် လုံခြုံရေးယူထားသည့် ကားစုစုပေါင်း ၃၆ စီးဖြင့် ရွှေမြင်တင်သုဿာန်တွင် လာရောက်…
-
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော မတ် ၂၊ ၂၀၂၅ အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့ နိုင်ငံသားတွေ လူမှန်နေရာမှန်ရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဝန်ကြီးဌာနနှစ်ခုမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် လုပ်ဆောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါ်သက်သက်ခိုင်ဟာ မတ်လ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီအလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်စေရန်ဆိုတဲ့ အချက်ကို အမြဲနှလုံးသွင်းထားဖို့လိုတယ်လို့လည်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ နှုတ်ထွက်ခဲ့ပြီး ၂၀၁၉ခုနှစ်မှာ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်…
-
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဆက်ဖြစ်
မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေဆက်ဖြစ် -ရှိန်း/People’s Spring မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တလကျော်အကြာအထိတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ကလေယာဉ်ပစ်ကူသုံးပြီးထိုးစစ်ဆင် နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကပြောပါတယ်။ မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာအနီး ကျေးရွာတွေကိုလည်းပြန်လည်ရယူဖို့စစ်တပ်ဘက်ကထိုးစစ်ဆင်တာတွေပြုလုပ်နေသလို တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ် နေတယ်လို့သိရပါတယ်။ မတ်လ ၂ ရက်နေ့ညပိုင်းကလည်းထန်းပင်ကုန်းရွာနဲ့ကျပ်ပြင်ရွာ တွေဘက်ကနေ ပစ်ခတ်သံတချို့ကြားရပြီး မတ်လ ၃ ရက် မနက်၁၁နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့သုံးကြိမ်ဗုံးကျဲခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုမှာထိခိုက်မှုအခြေ အနေကို တော့မသိရ သေးပါဘူး။ “အဲဒီမှာ ပွိုင့်ကုန်းတွေရှိတယ်။အဲဒီကနေ သူ့ဘက် ကိုယ့်ဘက် ခဏခဏဖြစ် နေတာပဲ။အခုရက်ပိုင်းစစ်တပ်က ပိုပြီးထိုးစစ်ဆင်လာတာတွေ့ရတယ်”လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ တိုက်ပွဲတွေရဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။တိုက်ပွဲတွေဖြစ်ပြီး နာရီပိုင်းအတွင်း စစ်တပ်က လေယာဉ်ပစ်ကူလာသလို၊ဒရုန်း၊လက်နက်ကြီးပစ်ကူ တွေလည်းပေး လေ့ရှိတယ်လို့သူကဆက် ပြောပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)MDY-PDFက ဦး ဆောင်သိမ်းယူထားပါတယ် ။ မန္တလေး-PDF က၂၀၂၄ ဇွန်လမှာစတင်တဲ့ ၁၀၂၇ ဒုတိယလှိုင်း (ခေါ်)…
-
Breaking News- မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ
Breaking News- မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ ရန်ကုန်၊ မတ် ၃ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မတ်လ ၃ ရက် နံနက် အစောပိုင်း ၁ နာရီမှ ၂ နာရီအထိ မြိုင်မြို့နယ်၊ ဆိပ်ချေးကျေးရွာအနီး၌ Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဂျုတ်ကုန်းကျေးရွာအနီး Y12 လေယာဉ်ဖြင့် ၁ ကြိမ်၊ ဘောင့်ဘင်ရွာကို Y12…
-
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ဓားပြတိုက်သွားမှု ရွှေ့ပြောင်း မြန်မာအများစု၏လုံခြုံရေးအတွက် အထူးစိုးရိမ်နေရ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ဓားပြတိုက်သွားမှု ရွှေ့ပြောင်း မြန်မာအများစု၏လုံခြုံရေးအတွက် အထူးစိုးရိမ်နေရ ရန်ကုန်၊မတ် ၃ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၊ Lotus ကုန်တိုက်တွင် ဖွင့်လှစ်ထားသော ဩရွဇာရွှေဆိုင်မှ ရွှေ ၁ ပိသာကျော်ကို ယမန် နေ့ ညပိုင်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းဓားပြတိုက်မှု၏ တရားခံမှာ လွတ်မြောက်သွားသဖြင့် ရွှေ့ ပြောင်း မြန်မာအများစု၏ လုံခြုံရေးအတွက် အထူးစိုးရိမ်နေရကြောင်း မဲဆောက်ရောက် မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ ၂ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ Lotus ကုန်တိုက်မှ ဩရွဇာရွှေဆိုင် ၅…
-
ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီး ဒုတိယမြောက် ထပ်မံ သေဆုံး၊ ပထမသေဆုံးသူ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးနှင့် ၄ ရက်သာခြားပြီး သေသွားခဲ့
ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီး ဒုတိယမြောက် ထပ်မံ သေဆုံး၊ ပထမသေဆုံးသူ ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးနှင့် ၄ ရက်သာခြားပြီး သေသွားခဲ့ ရန်ကုန်၊ မတ် ၃ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွ့်တွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံခဲ့ရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီးမှာ ယမန်နေ့ ညနေပိုင်းတွင် ဒုတိယမြောက်အဖြစ် ထပ်မံ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မီးရှို့ခံခဲ့ရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးသေဆုံးခဲ့ပြီး ၄ ရက်အကြာ ယမန်နေ့ မတ် လ ၂ ရက်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ဒဏ်ရာကိုဆေးရုံတွင် ကုသနေစဉ် ပိုးဝင်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “မီးရှို့ခံခဲ့ရတဲ့ ၃…
-
တိုက်ပွဲပြင်းထန်းနေသောကျောက်ဖြူသို့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ
တိုက်ပွဲပြင်းထန်းနေသောကျောက်ဖြူသို့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ အိမ်သွင်/People’s Spring ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျောက်ဖြူလေဆိပ်သို့ ဆိုက်သည့် ခရီးသည်တင်လေယာဉ်နှင့်အတူ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး လိုက်ပါလာခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြော သည်။ “အဲ့ဒီနေ့က အယောက်အစိတ်ပါတယ်။ ဒီရက်ထဲတင် ရောက်လာတာ ၅၀ ရှိနေပါပြီ။ တရုတ်လုံခြုံ ရေးရဲတွေပါ။စီမံကိန်းတွေဆီ တန်းသွားပါတယ်” ဟုမြို့ခံသတင်းရင်းမြစ်က People’s Spring ပြောသည်။ ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်တော်(AA)ကဖေဖော်ဝါရီလ၂၁ရက်တွင် စတင်တိုက်ခိုက်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ဦးကင်းရွာ၊ ရှောက်ချောင်းရွာတို့တွင် မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲမှုများပြုလုပ်နေသည်။ တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်တိုက်ဆိုသလိုရောက်ရှိလာခြင်းဖြစ် သည်ဟု ဒေသခံများကပြောသည်။ တရုတ်နှင့် စစ်ကောင်စီသည် အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company)…
-
ဓညဝတီရေတပ်ဌာနချုပ်၏ ကာကင်းစခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး
ဓညဝတီရေတပ်ဌာနချုပ်၏ ကာကင်းစခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး ဧရာဝတီတိုင်းမ် မတ် ၂ ရက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေ တပ်ဌာနချုပ်၏ ကာကင်းစခန်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် ယမန်နေ့ မတ် ၁ ရက်နေ့က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ “ကျောက်ဖြူမြို့နယ်အစပ် ရေတပ်ရှိရာရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျောက်ဖြူမြို့ထဲတော့ လေယာဉ်ကင်းပတ်တာတွေ ရှိတယ်။ ကျေးရွာတွေ ဘက်ကို ဗုံးကြဲတော့ မြို့ပေါ်မှာလည်း လေယာဉ်တောက်လျှောက်ပျံနေတာ မြင်နေရတယ်။ ရှောက်ချောင်းဘက်မှာ တိုက်ပွဲ ကဖြစ်နေတုန်းပဲလို့” ဟု ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ထို့အပြင် ရေတပ်ဌာနချုပ်အနီးရှိ ကာကင်းစခန်းများကို AA က…
-
မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် ယနေ့ မတ်လ ၃ ရက်နေ့ စတင်ပြီး မတ်လ ၉ ရက်နေ့ နေပြည်တော်သို့ ပြန်ရောက်မည်၊ ရုရှားခရီးစဉ် လုံခြုံရေးအတွက် အရပ်ဘက်ဝန်ထမ်းများကို မသုံးဘဲ စစ်အရာရှိများက ဦးဆောင်
မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် ယနေ့ မတ်လ ၃ ရက်နေ့ စတင်ပြီး မတ်လ ၉ ရက်နေ့ နေပြည်တော်သို့ ပြန်ရောက်မည်၊ ရုရှားခရီးစဉ် လုံခြုံရေးအတွက် အရပ်ဘက်ဝန်ထမ်းများကို မသုံးဘဲ စစ်အရာရှိများက ဦးဆောင် ရန်ကုန်၊ မတ် ၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ယနေ့ မတ်လ ၃ ရက်နေ့တွင် စတင် လိုက်ပြီး မတ်လ ၉ ရက်နေ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း နေပြည် တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ယူကရိန်းကို ကျူးကျော်သူ အကြမ်းဖက် ရုရှား ခေါင်း ဆောင် ဗလာဒီမာပူတင်နှင့် မတ်လ ၄…