Category: News

  • မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် ‌တိုက်‌သင်္ဘောအပါ စစ်ရေယာဉ် ၂၅ စီး စုဖွဲ့ပြင်ဆင်နေ

    မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် ‌တိုက်‌သင်္ဘောအပါ စစ်ရေယာဉ် ၂၅ စီး စုဖွဲ့ပြင်ဆင်နေ

    by

    in

    မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် ‌တိုက်‌သင်္ဘောအပါ စစ်ရေယာဉ် ၂၅ စီး စုဖွဲ့ပြင်ဆင်နေ ဧရာဝတီတိုင်းမ် ဇွန် ၃၀ ရက် စစ်ကောင်စီက မန္တလေး ဂေါဝိန်ဆိပ်ကမ်းတွင် စစ်ရေယာဉ်အစုအဖွဲ့ ၂၅ စီးကို ကမ်းကပ်ပြင်ဆင်နေမှုများ ပြုလုပ်နေကြောင်း သိရသည်။ မန္တလေး ဂေါဝိန်ဆိပ်မှ ပေပင်ဆိပ်အထိ သင်္ဘော၊ သံခွန်၊ မော်တော်ဘုတ်၊ တိုက်ရေယာဉ်အပါ ၂၅ စီးကို စစ်ကောင်စီက ထွက်ခွာရန်အတွက် ယမန်နေ့ ဇွန် ၂၉ ရက်နေ့က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ “အခုထိတော့ အဲဒီစစ်ရေယာဉ်အစုအဖွဲ့ဟာ ရွှေကူကိုတက်မယ်လို့ သတင်းရထားပါတယ်။ ပထမစစ်ရေ ယာဉ်တန်းက စစ်ကိုင်းဘက်ဝင်သွားတာဆိုတော့ အခုစစ်ကြောင်းက ရွှေကူကိုသွားမယ်ဆိုတာ ဖြစ်နိုင် ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ အဆိုပါ စစ်ရေယာဉ်အစုအဖွဲ့သည်…

  • EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး စစ်ကောင်စီ ကြိုးပမ်းနေ ဧရာဝတီ၊ ဇွန် ၃၀၊ ၂၀၂၅

    EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး စစ်ကောင်စီ ကြိုးပမ်းနေ ဧရာဝတီ၊ ဇွန် ၃၀၊ ၂၀၂၅

    by

    in

    EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး စစ်ကောင်စီ ကြိုးပမ်းနေ ဧရာဝတီ၊ ဇွန် ၃၀၊ ၂၀၂၅ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် စိတ်အားထက်သန်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး လေ့လာခွင့်ရရှိသည့်နိုင်ငံဖြစ်ရန် ကြိုးစားဆောင်ရွက်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသော စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025) တက်ရောက်ပြီးအပြီး နေပြည်တော်လေဆိပ်ရောက်စဉ် စစ်ကောင်စီ ဝါဒဖြန့် သတင်းမီဒီယာများအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ EAEU အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကြိုးစားဆောင်ရွက်မှုသည် အောင်မြင်နိုင်လိမ့်မည်ဟုမြင်ကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ရုရှား အပါအဝင် အခြားနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံကို ကြိုဆိုလက်ခံသည်ဟုမြင်ကြောင်း ၎င်းက ဆိုသည်။ စစ်ခေါင်းဆောင်…

  • ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေ (ရုပ်/သံ)

    ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေ (ရုပ်/သံ)

    by

    in

    ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေ (ရုပ်/သံ) ဇွန် ၃၀၊ ၂၀၂၅ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၂၉ ရက် မနေ့က မနက်အစောပိုင်းမှာ ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို တော်လှန်‌ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲ ၅ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကာ စစ်ကောင်စီတပ်သားတွေ တပ်ကူအင်အားအများအပြားနဲ့ ရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဖြူးမြို့နယ်ပကဖ၊ ရန်ကုန်းတိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၃)၊ ဧရာဝတီအမှတ်(၃)တပ်ရင်းနဲ့ အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်း ပကဖ…

  • ရုရှားသို့ လာရောက်ရမှု  စိတ်ချမ်းသာရ၍ ၃ ကြိမ်မြောက်လာလည်ခဲ့ပြီး  နောက်ထပ်လာနိုင်ရေး ကြိုးစားမည်ဟု မင်းအောင်လှိုင် ဆိုပြန်

    ရုရှားသို့ လာရောက်ရမှု စိတ်ချမ်းသာရ၍ ၃ ကြိမ်မြောက်လာလည်ခဲ့ပြီး နောက်ထပ်လာနိုင်ရေး ကြိုးစားမည်ဟု မင်းအောင်လှိုင် ဆိုပြန်

    by

    in

    ရုရှားသို့ လာရောက်ရမှု စိတ်ချမ်းသာရ၍ ၃ ကြိမ်မြောက်လာလည်ခဲ့ပြီး နောက်ထပ်လာနိုင်ရေး ကြိုးစားမည်ဟု မင်းအောင်လှိုင် ဆိုပြန် ရန်ကုန်၊ ဇွန် ၃၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ Buryatai ပြည် နယ်သို့ လာရောက်ရမှုမှာ စိတ်ချမ်းသာရ၍ ၃ ကြိမ်မြောက် လာလည်ခဲ့ပြီး နောက်ထပ်လာနိုင်ရေး ကြိုးစားမည်ဟု ထုတ်ဖော်ပြောဆိုသည်။ ဇွန်လ ၂၉ ရက်နေ့ မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်သို့ ရောက် ရှိစဉ် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး ယင်းသို့ ပြောဆိုမှုကိုလည်း ယနေ့ ထုတ်စစ်ကောင်စီသတင်းစာများတွင် ပြန်လည်ဖော်ပြထားသည်။ “အင်မတန်စိတ်ချမ်းသာရပါတယ် လာရတာ။ သာယာလှပတဲ့ဒေသတစ်ခုပေါ့။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ကျနော် လာရတယ်လို့ခံစားရပါတယ်။ ကျနော် သုံးကြိမ်ရှိပြီလာတာ။ ကိုယ့်ဒေသကို လာရသလို…

  • ⬛မုံရွာမြို့နယ် အခြေစိုက်  နမခ ကို ရော့ကတ် ၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု စကစ အများအပြားသေဆုံး

    ⬛မုံရွာမြို့နယ် အခြေစိုက် နမခ ကို ရော့ကတ် ၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု စကစ အများအပြားသေဆုံး

    by

    in

    ⬛မုံရွာမြို့နယ် အခြေစိုက် နမခ ကို ရော့ကတ် ၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု စကစ အများအပြားသေဆုံး ဇွန် ၃၀ ||| နွေဦးအသံ ||| စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် စကစရဲ့အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ဇွန် ၂၇ ရက်မှာ ရှော့တိုက်ရော့ကတ်ဒုန်း ၁၀ လုံး နဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စကစ နဲ့ စကစ တွေရဲ့ မိသားစုဝင်တွေအပါအဝင် ၂၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်မှုကြောင့် အရာရှိ ၂ ဦး၊ တပ်သား ၁၂ ဦး၊ အရာရှိ ဇနီး ၄ ဦးတို့ သေဆုံးတဲ့အပြင် စစ်တိုင်းရုံးအတွင်း ဆီဂိုဒေါင်ပေါက်ကွဲ၊ တန့် ၂ လုံး ပျက်စီး၊ စခန်းရုံး နဲ့ ရိက္ခာ…

  • ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

    ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

    by

    in

    ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၃၀ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်း၊ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် အဆိုပါ စစ်တပ်ကင်းစခန်းကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးတင်ရှို့ ရှင်းလင်းလိုက်ကြောင်း၊ အဆိုပါတိုက်ပွဲတွင်…

  • အသတ်ခံရမည်ကိုကြောက်နေသည့် ရာအိမ်မှူးများ စစ်မှုထမ်းကြေးကောက်ယူမှုကို အမျိုးသမီးများဖြင့် လုပ်ဆောင်ခိုင်းနေ

    အသတ်ခံရမည်ကိုကြောက်နေသည့် ရာအိမ်မှူးများ စစ်မှုထမ်းကြေးကောက်ယူမှုကို အမျိုးသမီးများဖြင့် လုပ်ဆောင်ခိုင်းနေ

    by

    in

    အသတ်ခံရမည်ကိုကြောက်နေသည့် ရာအိမ်မှူးများ စစ်မှုထမ်းကြေးကောက်ယူမှုကို အမျိုးသမီးများဖြင့် လုပ်ဆောင်ခိုင်းနေ 29 Jun 2025 By Zwe Ko / MPA ပဲခူးတိုင်း အနောက်ခြမ်းရှိ မြို့နယ်များမှ ရာအိမ်မှူးများသည် အသတ်ခံရမည်ကိုကြောက်လန့်သဖြင့် စစ်မှုထမ်းကြေးကောက်ယူမှုကို အမျိုးသမီးများဖြင့် ကောက်ခံခိုင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို တော်လှန်ရေးအဖွဲ့အချို့က ရှင်းလင်းမှုများ မကြာခဏလုပ်ဆောင်နေခြင်းကြောင့် ရာအိမ်မှူးများသည် ရပ်ကွက်အတွင်းရှိ အမျိုးသမီးများအကူအညီတောင်း၍ ငွေကောက်ခံမှုများပြုလုပ်နေခြင်းဖြစ်သည်ဟု အုတ်ဖိုမြို့နယ်မှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။ “တစ်ယောက်ထဲတော့ မဟုတ်ဘူး။ အမျိုးသမီး ခုနှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီးတော့ တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ ပိုက်ဆံလိုက်ကောက်ခိုင်းတာ၊ ရာအိမ်မှူးတွေက မကောက်ရဲတော့ဘူး။ ခါတိုင်းအပတ်စဉ်တွေဆို သူတို့ကိုယ်တိုင် ကောက်တာ၊ အခုလကစပြီး အမျိုးသမီးတွေကိုကောက်ခိုင်းတယ်။ အမျိုးသမီးတွေကို…

  • အကျဥ်းထောင်အတွင်း မသေသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ကျဥ်းများအတွက် စစ်ကောင်စီကို လုံးဝ ခွင့်မလွှတ်ဘဲ တရားမျှတမှုရယူသွားမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီများ ကြေညာ

    အကျဥ်းထောင်အတွင်း မသေသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ကျဥ်းများအတွက် စစ်ကောင်စီကို လုံးဝ ခွင့်မလွှတ်ဘဲ တရားမျှတမှုရယူသွားမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီများ ကြေညာ

    by

    in

    အကျဥ်းထောင်အတွင်း မသေသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ကျဥ်းများအတွက် စစ်ကောင်စီကို လုံးဝ ခွင့်မလွှတ်ဘဲ တရားမျှတမှုရယူသွားမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီများ ကြေညာ ဇွန် ၂၉၊ ၂၀၂၅ စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံရကာ နိုင်ငံရေးအကျဥ်းသားတွေ မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့အပေါ် စစ်ကောင်စီနဲ့ လက်ပါးစေတွေကို ခွင့်လွှတ်မှာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ အကျဥ်းထောင်တွေထဲမှာ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လုံလောက်တဲ့ ဆေးဝါးနဲ့ အစာအဟာရ မရရှိမှုတို့ကြောင့် မလိုအပ်ဘဲ အသက်သေဆုံးနေကြရပြီး အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် (၁၄၅)ယောက် အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်…

  • မင်းလှတွင် ဒုဗိုလ်မှူးကြီးများ အပါအဝင် စစ်ကောင်စီအရာရှိကြီး ၄ ဦး တိုက်ပွဲတွင်သေဆုံးပြီးနောက် စစ်ကောင်စီက တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကို မင်းလှသို့ စေလွှတ်၍ စစ်ဆင်ရေးလုပ်ခိုင်း၊ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်လျှင် ရာထူးမှ အနားပေး ဖြုတ်ပယ်မည်ဟု ခြိမ်းခြောက်

    မင်းလှတွင် ဒုဗိုလ်မှူးကြီးများ အပါအဝင် စစ်ကောင်စီအရာရှိကြီး ၄ ဦး တိုက်ပွဲတွင်သေဆုံးပြီးနောက် စစ်ကောင်စီက တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကို မင်းလှသို့ စေလွှတ်၍ စစ်ဆင်ရေးလုပ်ခိုင်း၊ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်လျှင် ရာထူးမှ အနားပေး ဖြုတ်ပယ်မည်ဟု ခြိမ်းခြောက်

    by

    in

    မင်းလှတွင် ဒုဗိုလ်မှူးကြီးများ အပါအဝင် စစ်ကောင်စီအရာရှိကြီး ၄ ဦး တိုက်ပွဲတွင်သေဆုံးပြီးနောက် စစ်ကောင်စီက တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကို မင်းလှသို့ စေလွှတ်၍ စစ်ဆင်ရေးလုပ်ခိုင်း၊ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်လျှင် ရာထူးမှ အနားပေး ဖြုတ်ပယ်မည်ဟု ခြိမ်းခြောက် ရန်ကုန်၊ ဇွန် ၃၀ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ဒုတိယဗိုလ်မှူးကြီးများ အပါအဝင် စစ်ကောင်စီအရာရှိကြီး ၄ ဦး တိုက်ပွဲတွင်သေ ဆုံးပြီးနောက် စစ်ကောင်စီက တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကို မင်းလှသို့ စေလွှတ်၍ စစ်ဆင်ရေးလုပ်ခိုင်းနေကြောင်း တပ်သတင်းရင်းမြစ်များနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာ…

  • မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တပ်မ(၃၃)ကစစ်သားအများအပြားသေဆုံး ■တော်လှန်ရေးတပ် ဆုံးရှုံးနယ်မြေတွေပြန်ရ

    မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တပ်မ(၃၃)ကစစ်သားအများအပြားသေဆုံး ■တော်လှန်ရေးတပ် ဆုံးရှုံးနယ်မြေတွေပြန်ရ

    by

    in

    မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တပ်မ(၃၃)ကစစ်သားအများအပြားသေဆုံး ■တော်လှန်ရေးတပ် ဆုံးရှုံးနယ်မြေတွေပြန်ရ ဇွန်၂၉၊၂၀၂၅၊ ရှိန်း/ People Spring စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီရဲ့တပ်မ (၃၃)က စစ်သား အများအပြား​သေဆုံးပြီး တော်လှန်ရေးတပ်တွေ ဆုံးရှုံးထားတဲ့နယ် မြေတွေ ပြန်ရခဲ့တယ်လို့ တော်လှန်ရေး တပ်တွေ ဆီက နေသိရပါတယ်။ ဇွန်လ ၅ ရက် နေ့ကစပြီး အင်အား‌‌ ၃၀၀ လောက်နဲ့ ထိုးလာတဲ့ စစ်ကြောင်းတွေဟာ ကင်းရွာ နဲ့ ချောင်းမကြီးရွာတို့ကိုမီးရှို့ပြီးကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ၄ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ အဲဒီနောက်ချောင်းမကြီးရွာထဲကိုအထိုင်ချတပ်စွဲခဲ့တာပါ။ ​ဒေသခံ​တော်လှန်​ရေးတပ်​တွေက ခုခံတိုက်ခိုက်ခဲ့​ပေမယ့် လက်နက်နဲ့ခဲယမ်းမလုံလောက်မှုကြောင့် ကင်းရွာနဲ့ ချောင်းမကြီးရွာတွေက​နေ ဆုတ်ခွာပေးခဲ့ရတာလို့သိရပါတယ်။ ​တော်လှန်​ရေးတပ်​တွေကဇွန်လ၂၇ ရက်နေ့နံနက်ပိုင်းမှာ အင်အားပြန်စုစည်းပြီး ချောင်းမကြီးရွာကို အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ဝင်တိုက်ခဲ့တာလို့သိရပါတယ်။ “တိုက်ပွဲကသိပ်မကြာဘူး။စစ်တပ်ဘက်က ၄ ​ယောက်‌အရှင်မိတယ်။သေဆုံးလည်းများတယ်။အဲဒီနောက်စကစကမင်းကွန်းကို ဆုတ်သွားတယ်” လို့…