ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေ (ရုပ်/သံ)

by

in

ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေ (ရုပ်/သံ)
ဇွန် ၃၀၊ ၂၀၂၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၉ ရက် မနေ့က မနက်အစောပိုင်းမှာ ဖြူးမြို့နယ် ဝဲဒေါင့်ဝဲကြီးကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကို တော်လှန်‌ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲ ၅ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကာ စစ်ကောင်စီတပ်သားတွေ တပ်ကူအင်အားအများအပြားနဲ့ ရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဖြူးမြို့နယ်ပကဖ၊ ရန်ကုန်းတိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၃)၊ ဧရာဝတီအမှတ်(၃)တပ်ရင်းနဲ့ အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကျဆုံးခဲ့ကာ ဖြူးမြို့နယ် ပကဖ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပြည်သူတွေ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Video- PhyuTownship People’s Defense Organization – ဖြူးမြို့နယ် ပကဖ·