ရုရှားသို့ လာရောက်ရမှု စိတ်ချမ်းသာရ၍ ၃ ကြိမ်မြောက်လာလည်ခဲ့ပြီး နောက်ထပ်လာနိုင်ရေး ကြိုးစားမည်ဟု မင်းအောင်လှိုင် ဆိုပြန်

by

in

ရုရှားသို့ လာရောက်ရမှု စိတ်ချမ်းသာရ၍ ၃ ကြိမ်မြောက်လာလည်ခဲ့ပြီး နောက်ထပ်လာနိုင်ရေး ကြိုးစားမည်ဟု မင်းအောင်လှိုင် ဆိုပြန်
ရန်ကုန်၊ ဇွန် ၃၀
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ Buryatai ပြည် နယ်သို့ လာရောက်ရမှုမှာ စိတ်ချမ်းသာရ၍ ၃ ကြိမ်မြောက် လာလည်ခဲ့ပြီး နောက်ထပ်လာနိုင်ရေး ကြိုးစားမည်ဟု ထုတ်ဖော်ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့ မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်သို့ ရောက် ရှိစဉ် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး ယင်းသို့ ပြောဆိုမှုကိုလည်း ယနေ့ ထုတ်စစ်ကောင်စီသတင်းစာများတွင် ပြန်လည်ဖော်ပြထားသည်။
“အင်မတန်စိတ်ချမ်းသာရပါတယ် လာရတာ။ သာယာလှပတဲ့ဒေသတစ်ခုပေါ့။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ကျနော် လာရတယ်လို့ခံစားရပါတယ်။ ကျနော် သုံးကြိမ်ရှိပြီလာတာ။ ကိုယ့်ဒေသကို လာရသလို ကျနော်ရင်းနှီးတဲ့စိတ်ရှိပါတယ်။ နောက်ထပ်လည်းလာနိုင်ဖို့ ကျနော်ကြိုးစားဦးမယ်လို့ ပြောလိုပါတယ်”ဟု မင်းအောင်လှိုင်က ရုရှားအခြေစိုက် မီဒီယာများသို့ ဖြေဆိုခဲ့သည်။
မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ Buryatai ပြည်နယ်နှင့် ကျန်းမာရေး၊ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်း ချက်များကို လက်ခံသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်း ပူးပေါင်းရန် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပူးပေါင်း လုပ်ရမည့် နယ်ပယ်များစွာရှိနေကြောင်း ပြောဆိုသည်။
ရုရှားနိုင်ငံ၊ Buryatai ပြည်နယ်အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ Rapid Bio ဆေးဝါးကုမ္ပဏီ၏ ဆေးဝါးနည်းပညာနှင့်ပတ်သက်၍ ပစ္စည်းတင်သွင်းရန် Register များ လုပ်နေကြောင်း၊ Ulan-Ude က ထုတ်ထားသည့် ရဟတ်ယာဉ်နှင့်ပတ်သက်၍ ပို့ဆောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ လုပ်ရန် စီစဉ်ထားကြောင်း ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ရုရှားဘာသာစကားပညာသင်ကြားနေသည့် ဆရာများသို့ ထပ်ဆင့်သင်တန်းများပေးရန်၊ အဆင့်မြင့်သင်တန်း များပေးရန် အတွက် Buryatia ပြည်နယ်က သင်ပေးနိုင်ကြောင်း၊ Buryatia ပြည်နယ်ရှိ တက္ကသိုလ်များတွင်လည်း မြန်မာဘာသာစကားကို သင်ကြားရန် မြန်မာဘာသာစကားဌာနဖွင့်ရန်အထိလည်း ရည်ရွယ် ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်လည်း သဘောတူညီကြောင်း သိရှိရသည်။