⬛မုံရွာမြို့နယ် အခြေစိုက် နမခ ကို ရော့ကတ် ၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု စကစ အများအပြားသေဆုံး

by

in

⬛မုံရွာမြို့နယ် အခြေစိုက် နမခ ကို ရော့ကတ် ၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု စကစ အများအပြားသေဆုံး
ဇွန် ၃၀ ||| နွေဦးအသံ |||

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် စကစရဲ့အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ဇွန် ၂၇ ရက်မှာ ရှော့တိုက်ရော့ကတ်ဒုန်း ၁၀ လုံး နဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စကစ နဲ့ စကစ တွေရဲ့ မိသားစုဝင်တွေအပါအဝင် ၂၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ပစ်ခတ်မှုကြောင့် အရာရှိ ၂ ဦး၊ တပ်သား ၁၂ ဦး၊ အရာရှိ ဇနီး ၄ ဦးတို့ သေဆုံးတဲ့အပြင် စစ်တိုင်းရုံးအတွင်း ဆီဂိုဒေါင်ပေါက်ကွဲ၊ တန့် ၂ လုံး ပျက်စီး၊ စခန်းရုံး နဲ့ ရိက္ခာ ဂိုဒေါင်တွဲမီးလောင်ကာ၊ ဝန်ထမ်းလိုင်းခန်းပျက်စီး၊ အရာ ရှိရိပ်သာမှာရပ်ထားတဲ့ အိမ်စီးကား ၂ စီး မီးလောင် ပျက် စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပြင် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အရာရှိ ၄ ဦး၊ စစ်သည် ၁၅ ဦး နဲ့ ဗိုလ်မှူး ကလေး ၂ ဦးကို အရေးပေါ် တပ်ဆေးရုံကိုပို့ဆောင်ခဲ့ရာ ဇွန်လ ၂၈ ရက်မှာ အရာရှိ ၁ ဦး၊ တပ်သား ၂ ဦး၊ ဗိုလ်မှူးကလေး ၁ ဦးတို့ ထပ်မံသေဆုံးခဲ့တယ်လို့ ဖေါပြကြပါတယ်။
တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင်မှ ဦးဆောင်ပြီး မဟာမိတ်တွေဖြစ်တဲ့ ချိုမိုင်မိုင် (ကနီ) နဲ့ Anonymous Heroes Chindwin Brother တို့ပူး‌ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လေကြောင်းရန် နဲ့ စစ်ရေး သတင်းတွေပေးပို့နေတဲ့ အထက်ဗမာပြည် Air Defense Force and Civil အဖွဲ့ကို ကျေးဇူးတင်ကြောင်း Chindwin Rocket Brother က အသိပေးထားပါတယ်။