မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တပ်မ(၃၃)ကစစ်သားအများအပြားသေဆုံး ■တော်လှန်ရေးတပ် ဆုံးရှုံးနယ်မြေတွေပြန်ရ

by

in

မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တပ်မ(၃၃)ကစစ်သားအများအပြားသေဆုံး
■တော်လှန်ရေးတပ် ဆုံးရှုံးနယ်မြေတွေပြန်ရ
ဇွန်၂၉၊၂၀၂၅၊ ရှိန်း/ People Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီရဲ့တပ်မ (၃၃)က စစ်သား အများအပြား​သေဆုံးပြီး တော်လှန်ရေးတပ်တွေ ဆုံးရှုံးထားတဲ့နယ် မြေတွေ ပြန်ရခဲ့တယ်လို့ တော်လှန်ရေး တပ်တွေ ဆီက နေသိရပါတယ်။
ဇွန်လ ၅ ရက် နေ့ကစပြီး အင်အား‌‌ ၃၀၀ လောက်နဲ့ ထိုးလာတဲ့ စစ်ကြောင်းတွေဟာ ကင်းရွာ နဲ့ ချောင်းမကြီးရွာတို့ကိုမီးရှို့ပြီးကျောင်းထိုင်ဆရာတော်အပါအဝင် ပြည်သူ၄ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။
အဲဒီနောက်ချောင်းမကြီးရွာထဲကိုအထိုင်ချတပ်စွဲခဲ့တာပါ။ ​ဒေသခံ​တော်လှန်​ရေးတပ်​တွေက ခုခံတိုက်ခိုက်ခဲ့​ပေမယ့် လက်နက်နဲ့ခဲယမ်းမလုံလောက်မှုကြောင့် ကင်းရွာနဲ့ ချောင်းမကြီးရွာတွေက​နေ ဆုတ်ခွာပေးခဲ့ရတာလို့သိရပါတယ်။
​တော်လှန်​ရေးတပ်​တွေကဇွန်လ၂၇ ရက်နေ့နံနက်ပိုင်းမှာ အင်အားပြန်စုစည်းပြီး ချောင်းမကြီးရွာကို အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို ဝင်တိုက်ခဲ့တာလို့သိရပါတယ်။
“တိုက်ပွဲကသိပ်မကြာဘူး။စစ်တပ်ဘက်က ၄
​ယောက်‌အရှင်မိတယ်။သေဆုံးလည်းများတယ်။အဲဒီနောက်စကစကမင်းကွန်းကို ဆုတ်သွားတယ်”
လို့ တော်လှန်ရေး တပ်ဖွဲ့တင်တဦး ကပြောပါတယ်။
ဇွန်လ၂၈ ရက် နေ့မှာ တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်ခဲ့ပြီး စစ်တပ်အင်အားအကုန်ထိုင်ထားတဲ့ မင်းကွန်းရွာထဲအထိ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာမှာ စစ်ကောင်စီတပ် စစ်ကြောင်း ပြုတ်လုနီးပါး ဖြစ်ခဲ့ပြီး လက်နက်၊ခဲယမ်းတွေအများအပြားသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်၃ဦး လည်း ကျဆုံးပြီး ကျည်ကာ အင်္ကျီနဲ့ ဦးထုပ်မပါတာ ကြောင့်ထိခိုက်မှုဖြစ်ခဲ့တာလို့သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ကလက်ကျန်စစ်​သားတွေဟာ မင်းကွန်းရွာထဲမှာပဲရှိ နေသေးတာလို့သိရပါတယ်။
( ​တော်လှန်​ရေးတပ်​တွေက စစ်​တပ်စစ်​ကြောင်းမှ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း နဲ့ာစစ်သုံ့ပန်းအချို့ ။ဓါတ်ပုံ-CJ )