Category: News
-
နေပြည်တော်မှ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဝန်ကြီးဌာနရုံးများ အပါ အဝင် အဆောက်အအုံများ ပြန်လည် တည်ဆောက်ခွင့်အတွက် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်သောကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိမည်
နေပြည်တော်မှ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဝန်ကြီးဌာနရုံးများ အပါ အဝင် အဆောက်အအုံများ ပြန်လည် တည်ဆောက်ခွင့်အတွက် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပိုင်သောကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိမည် ရန်ကုန်၊ ဧပြီ ၁၁ နေပြည်တော်မှ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဝန်ကြီးဌာနရုံးများ အပါ အဝင် အဆောက်အအုံများ ပြန်လည် တည်ဆောက်ခွင့်အတွက် မင်းအောင် လှိုင်၏သား အောင်ပြည့်စုံပိုင်သော ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း ၊ ပဲခူးတိုင်း အပါဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် အပျက်အစီးကြီးမားခဲ့ကြောင်း၊ ယင်းဒေသများတွင် ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ လမ်းတံတားများ ပျက်စီးသွားပြီး ယင်းပျက်စီးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ရန်…
-
တောင်ကိုရီးယားက ငလျင်ဒဏ်ကြောင့် ပေးအပ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီထံသို့ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ မြန်မာပြည်သူများထံ ပေးအပ်မည်
တောင်ကိုရီးယားက ငလျင်ဒဏ်ကြောင့် ပေးအပ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီထံသို့ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ မြန်မာပြည်သူများထံ ပေးအပ်မည် ရန်ကုန်၊ ဧပြီ ၁၁ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံမှ ငလျင်ဒဏ်ကြောင့် ပေးအပ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်အုပ်စုထံသို့ မပေးဘဲ နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာ မြန်မာပြည်သူများထံ ပေးအပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်းက ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ ကိုရီးယားလွှတ်တော်၌ ပြုလုပ်သော မြန်မာ့အရေးကြားနာပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယင်းကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူ့အခွင့်အရေးဝန် ကြီး ဦးအောင်မျိုးမင်း၊ NUG၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့ တက်ရောက်ခဲ့ကြောင်း၊ ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် လွှတ်တော်အမတ် အီယုန်ဆွန်း ၊ ဒီမိုကရက်ပါတီ လွှတ်အမတ်များဖြစ်ကြသည့် ဂျိုဂျောင်ရှိ၊…
-
ပျူဘုန်ကြီး ပေါက်ကိုယ်တော်ကို ကျပ်သိန်းတစ်ရာပေးတဲ့ အရှင်ဆေကိန္ဒ ဝေဖန်ခံနေရ
ပျူဘုန်ကြီး ပေါက်ကိုယ်တော်ကို ကျပ်သိန်းတစ်ရာပေးတဲ့ အရှင်ဆေကိန္ဒ ဝေဖန်ခံနေရ ဧပြီ ၁၀၊၂၀၂၅/People’s Spring ပြည်သူတွေသတ်ဖြတ်နေတဲ့ မန္တလေးတိုင်းက ပျူစောထီးအဖွဲ့တွေကို ဦးဆောင်ဖွဲ့စည်းထားတဲ့ ပေါက်ကိုယ်တော်ဘုန်းကြီးကို ဆရာတော်ဆေကိန္ဒက ကျပ်သိန်းတစ်ရာ ပေးအပ်တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ရက်က ဆရာတော်ဆေကိန္ဒဟာ ပျူစောထီးဦးဆောင်သူ ပေါက်ကိုယ်တော်ဘုန်းကြီးကို တွေ့ဆုံပြီး ကျပ်သိန်းတစ်ရာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ပျူစောထီးဦးဆောင်သူ ပေါက်ကိုယ်တော်ဘုန်းကြီးက သူရဲ့Tik Tok မှာ တင်ထားတဲ့ ရုပ်သံဖိုင်မှာ “ဘုန်းကြီးကိုင်ထားတာ ငွေမဟုတ်ကြောင်း၊ စက္ကူတွေသာဖြစ်ကြောင်း” ဆရာတော်ဆေကိန္ဒကမိန့်ကြား ပြောဆိုထားပါတယ်။ ဒါ့အပြင် ပေါက်ကိုယ်တော်ဘုန်းကြီးကို ကျပ်သိန်းတစ်ရာပေးပြီးနောက် “ချကွာ၊လှူကြကွာ၊ ကူကြကွာ၊ ကြိုက်သလိုကွာ”ဟု ဆရာတော်ဆေကိန္ဒက မိန့်ကြားပါတယ်။ မန္တလေးတိုင်းက ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သတ်ဖြတ်ဖို့ ဖွဲ့ထားတဲ့ ပျူစောထီးအဖွဲ့တွေကို ဦးဆောင်ညွှန်ကြား ငွေကြေးထောက်ပံ့နေတဲ့…
-
နေပြည်တော်က ဝန်ကြီးဌာနများအားလုံး ဧပြီလကုန်မှာ မူလအတိုင်းပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ဖိအားပေးလုပ်ဆောင်ခိုင်းနေ
နေပြည်တော်က ဝန်ကြီးဌာနများအားလုံး ဧပြီလကုန်မှာ မူလအတိုင်းပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ဖိအားပေးလုပ်ဆောင်ခိုင်းနေ ဧပြီ ၁၀၊ ၂၀၂၅ ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားရတဲ့ နေပြည်တော်က ဝန်ကြီးဌာနအားလုံး ဧပြီလကုန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြောဆိုလိုက်ပါတယ်။ နေပြည်တော်က ရုံးတွေအားလုံး ပြန်လည်ဖွင့်လှစ်ပြီး ရုံးလုပ်ငန်းတွေ အမြန်ဆုံးလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမယ်လို့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/ ၂၀၂၅) မှာ စစ်ကောင်စီခန့် ပြည်ထဲဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဖိအားပေး ပြောကြားလိုက်တာပါ။ နိုင်ငံတကာက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးလို့ ပြန်လည်ထွက်ခွာနေပြီဖြစ်ပြီး ကုသရေးဆေးအဖွဲ့တွေသာ ကျန်ရှိတော့တယ်လို့လည်း ထွန်းထွန်းနောင်က ဆိုပါတယ်။ ဒါ့ကြောင့် သင်္ကြန်ကာလအပြီး ဧပြီလကုန်ပိုင်းမှာ ရုံးလုပ်ငန်းတွေ အလျင်အမြန်လည်ပတ်ဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်က ဝန်ကြီးဌာန အဆောက်အအုံတွေနဲ့ လွှတ်တော်အဆောက်အအုံတွေဟာ…
-
ငလျင်ဒဏ်သင့် နေရာတွေကို မင်းအောင်လှိုင် လာကြည့်မှာမို့ အောင်ပန်း၊ တောင်ကြီးနဲ့ ဟိုပုန်းမှာ လုံခြုံရေးတွေ အလွန်တင်းကျပ်ထား
ငလျင်ဒဏ်သင့် နေရာတွေကို မင်းအောင်လှိုင် လာကြည့်မှာမို့ အောင်ပန်း၊ တောင်ကြီးနဲ့ ဟိုပုန်းမှာ လုံခြုံရေးတွေ အလွန်တင်းကျပ်ထား ရန်ကုန်၊ ဧပြီ ၁၀ ရှမ်းပြည်နယ်အတွင်း အောင်ပန်း၊ တောင်ကြီးနဲ့ ဟိုပုံးမှာ ရှိနေတဲ့ ငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေကို မင်းအောင် လှိုင် လာကြည့်ဖို့အတွက် လုံခြုံရေး အလွန်တင်းကျပ်ထားတယ်လို့ ဒေသပြည်သူတွေနဲ့ ဌာနဆိုင်ရာ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှာ မင်းအောင်လှိုင်က အထူးခရီးစဉ်အနေနဲ့ အောင်ပန်း၊ တောင်ကြီးနဲ့ ဟိုပုံးကို ရောက်ရှိလာပြီး ညအိပ်ဖို့ကို ဟိုပုံးမှာ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူ့ခရီစဉ်ကို လုံခြုံရေး အရမ်းတင်းကျပ်ခိုင်းခဲ့ပြီး အနီးကပ်မှ ဌာနဆိုင်ရာတွေနဲ့ တပ်တွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ” တပ်ချုပ်က ငလျင်ဒဏ်သင့်ခဲ့တဲ့ အောင်ပန်း တောင်ကြီး…
-
KIA နှင့် မဟာမိတ်များလက်တွင် အရှင်အဖမ်းခံရသည့် တပ်မ(၇၇)တပ်မမှူး
KIA နှင့် မဟာမိတ်များလက်တွင် အရှင်အဖမ်းခံရသည့် တပ်မ(၇၇)တပ်မမှူး MTO မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ဂျပန်လိုဏ်ဂူတပ်စခန်းမှထွက်ပြေးသွားသည့် တပ်မမှူးနှင့်အဖွဲ့ကို KIA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အင်းတော်မြို့နှင့် ကသာမြို့နယ်အကြားတွင် အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့်သတင်းရင်းမြစ်က ယနေ့(ဧပြီ ၉ ရက်)ညနေ ပိုင်းက မဇ္ဈိမသို့ ပြောသည်။ “တပ်မမှူးနဲ့အဖွဲ့တွေကို ကသာမြို့အဝင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ဖမ်းခဲ့ကြတာပါ”ဟု ၎င်းက ပြောသည်။ ဖမ်းဆီးရမိသူများမှာ တပ်မ(၇၇)၏ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်အဖွဲ့ဖြစ်ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားအရေအတွက်ကို မူအတိအကျမသိရသေးကြောင်း အဆိုပါစစ်ရေးသတင်းရင်းမြစ် က ပြောသည်။ တပ်မ(၇၇)၏တပ်မမှူး ဗိုလ်ချုပ်အောင်သက်ဦးသည် DSA အပတ်စဥ်(၄၂)သင်တန်းဆင်းဖြစ်ပြီး ၎င်းနှင့် အဖွဲ့ကို ကသာမြို့အဝင်တွင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောဆိုထားသည်။ အင်းတော်မြို့ရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် ဂျပန်လိုဏ်ဂူတပ်စခန်းကို KIA…
-
စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြု
စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြု ရန်ကုန်၊ ဧပြီ ၁၀ စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ စည်းလုံးညီညွတ်မည်ဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကတိပြုပါကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။ ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော အာရက္ခတပ်တော် AA ၏ ၁၆ နှစ်မြောက် တပ်တည်ထောင်နေ့ နှစ်ပတ်လည်အခမ်း အနားသို့ ပေးပို့သည့် ညီနောင်မဟာမိတ် ကိုးကန့်တပ် MNDAA နှင့် တအောင်းတပ် TNLA တို့က ဂုဏ်ပြုသဝဏ်လွှာတွင် အထက်ပါအတိုင်း ကတိပြုလိုက်ခြင်းဖြစ်သည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃…
-
နေပြည်တော်ဝန်ထမ်းအိမ်ရာအချို့တွင်ငလျင်ကြောင့်သေဆုံးသူများ၏အပုတ်နံ့များထွက်နေ
နေပြည်တော်ဝန်ထမ်းအိမ်ရာအချို့တွင်ငလျင်ကြောင့်သေဆုံးသူများ၏အပုတ်နံ့များထွက်နေ ဧပြီ-၉၊၂၀၂၅။ဧရာ/People’s Spring နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်နေသည်။ “တော်တော်ကို ပုတ်စော်နံနေတာပါဗျ။ မခံမရပ်နိုင်အောင်ပဲ။ဘာမှကယ်ဆယ်ရေးလာမလုပ်တော့ အ သေများတယ်ဗျ”ဟုနေပြည်တော်မြန်မာ့မီးရထား အိမ်ရာအနီး နေသူတစ်ဦးကပြောသည်။ အဆိုပါအိမ်ရာသည် ဇမ္ဗူသီရိမြို့နယ်၌ ရှိပြီး မတ်လ ၂၈ရက်က လှုပ်သော စစ်ကိုင်းငလျင်ကြီးကြောင့် ၄ ထပ်တိုက် အမှုထမ်းအိမ်ရာ ၂၅ လုံး၊ အရာထမ်းအိမ်ရာ ၁၇ လုံးမြေကျွံပြိုကျပျက်စီးခဲ့သည်ဟု ဝန်ထမ်းတစ်ဦးကပြောသည်။ စစ်ကောင် စီက အရေးပေါ်ကယ်ဆယ်ရေးမလုပ်ခဲ့သော ကြောင့် ပိတ်မိသူများပါသေဆုံးသူများပြားခဲ့ပြီး ယခုအခါ အပုတ်နံ့များထွက်နေပြီဟုပြောသည်။ “ကျမတို့ကနေပြည်တော်ဘူတာကြီးကယ်ဆယ်ရေးစခန်းမှာလာနေရတယ်။အဆောင်ကိုပြန်ကြည့်တာ ပြိုခဲ့တဲ့နေ့ကအတိုင်းပဲ။သေတာတွေ များတယ်။ ကျမအဆောင်ရှေ့မှာတင်သေတာ ၅ ယောက်မကဘူး” ဟု မီးရထားဝန်ထမ်းတဦးကပြောသည်။ မီးရထားဌာနအပြင် မွေးမြူရေးဌာနဝန်ထမ်းအိမ်ယာဘက်တွင်လည်း…
-
နိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်း
နိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်း ရန်ကုန်၊ ဧပြီ ၁၀ မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်တပ်ရှေ့တန်းစခန်းများနှင့် စစ်မြေပြင်များတွင် ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်တိတိ ၉ ကြိမ် ရွတ်ဖတ်ခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဧပြီလ ၈ ရက်နေ့မှ စတင်၍ ဧပြီလ ၁၆ ရက်နေ့အထိ နေ့စဉ် ည ၇ နာရီအချိန်တိုင်း တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနရုံးများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးရုံးများ၊ သာသနာတော်ဆိုင်ရာ ဓမ္မာရုံ၊ ဘုန်းကြီး ကျောင်းများ၊ ဆွမ်းလောင်းအသင်းများနှင့် ပြည်သူများ၏ နေအိမ်များတွင်ပါ ရတနာသုတ်ကို ရွတ်ဖတ်ပူဇော်ခိုင်းလျက်ရှိရာတွင် နေပြည်တော်စစ်ရုံးချုပ်ကလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ ရှေ့တန်းစခန်းများနှင့်…
-
ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ နှစ်ပြည့်နေ့တွင် ဦးဆောင်နှိမ်နင်းခဲ့သော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သား ၁၅၀ ကျော်ကို အရှင်ဖမ်းမိပြီး တပ်မ ၇၇ တစ်တပ်လုံးကို PDF က ချေမှုန်း
ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ နှစ်ပြည့်နေ့တွင် ဦးဆောင်နှိမ်နင်းခဲ့သော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သား ၁၅၀ ကျော်ကို အရှင်ဖမ်းမိပြီး တပ်မ ၇၇ တစ်တပ်လုံးကို PDF က ချေမှုန်း ရန်ကုန်၊ ဧပြီ ၁၀ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရာတွင် ပဲခူးမြို့တစ်ခုလုံးမှာလည်း လမ်းပေါ်ထွက်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ နေ့စဉ် ပဲခူးတစ်မြို့လုံး လူငယ်များက ဦးဆောင်၍ ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲ ကြက်ပျံမကျ ငြိမ်းချမ်းစွာဖြင့် လမ်းမများထက်တွင် ဆန္ဒပြခဲ့ကြသည်။ သို့ရာတွင် ၂၀၂၁…