နေပြည်တော်က ဝန်ကြီးဌာနများအားလုံး ဧပြီလကုန်မှာ မူလအတိုင်းပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ဖိအားပေးလုပ်ဆောင်ခိုင်းနေ

by

in

နေပြည်တော်က ဝန်ကြီးဌာနများအားလုံး ဧပြီလကုန်မှာ မူလအတိုင်းပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ဖိအားပေးလုပ်ဆောင်ခိုင်းနေ
ဧပြီ ၁၀၊ ၂၀၂၅

ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားရတဲ့ နေပြည်တော်က ဝန်ကြီးဌာနအားလုံး ဧပြီလကုန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြောဆိုလိုက်ပါတယ်။
နေပြည်တော်က ရုံးတွေအားလုံး ပြန်လည်ဖွင့်လှစ်ပြီး ရုံးလုပ်ငန်းတွေ အမြန်ဆုံးလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမယ်လို့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/ ၂၀၂၅) မှာ စစ်ကောင်စီခန့် ပြည်ထဲဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဖိအားပေး ပြောကြားလိုက်တာပါ။
နိုင်ငံတကာက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးလို့ ပြန်လည်ထွက်ခွာနေပြီဖြစ်ပြီး ကုသရေးဆေးအဖွဲ့တွေသာ ကျန်ရှိတော့တယ်လို့လည်း ထွန်းထွန်းနောင်က ဆိုပါတယ်။ ဒါ့ကြောင့် သင်္ကြန်ကာလအပြီး ဧပြီလကုန်ပိုင်းမှာ ရုံးလုပ်ငန်းတွေ အလျင်အမြန်လည်ပတ်ဖို့ လိုအပ်တယ်လို့
အာဏာသိမ်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်က ဝန်ကြီးဌာန အဆောက်အအုံတွေနဲ့ လွှတ်တော်အဆောက်အအုံတွေဟာ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့ရပါတယ်။
လက်ရှိ ဝန်ကြီးဌာနအများစုရဲ့ အဆောက်အအုံတွေအတွင်းမှာ ရုံးထိုင်လို့မရတော့ဘဲ ပြင်ပကနေသာ အဆင်ပြေသလို ယာယီအဆောင်တွေပြုလုပ်ပြီး ရုံးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။
ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေဟာ ရှင်းလင်းမှု မလုပ်ဆောင်ရသေးသလို ကြံ့ခိုင်မှုလည်း မရှိတာကြောင့် ဝန်ကြီးဌာနအများစု မူလအတိုင်း ပြန်လည်လည်ပတ်လုပ်ဆောင်ဖို့ အခက်အခဲရှိနိုင်တယ်လို့ Non-CDM ဝန်ထမ်းတွေက ဆိုပါတယ်။
Photo – ယာယီအဆောင်များပြုလုပ်ကာ ရုံးလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ကြီးဌာနများ