ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ နှစ်ပြည့်နေ့တွင် ဦးဆောင်နှိမ်နင်းခဲ့သော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သား ၁၅၀ ကျော်ကို အရှင်ဖမ်းမိပြီး တပ်မ ၇၇ တစ်တပ်လုံးကို PDF က ချေမှုန်း

by

in

ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ နှစ်ပြည့်နေ့တွင် ဦးဆောင်နှိမ်နင်းခဲ့သော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သား ၁၅၀ ကျော်ကို အရှင်ဖမ်းမိပြီး တပ်မ ၇၇ တစ်တပ်လုံးကို PDF က ချေမှုန်း
ရန်ကုန်၊ ဧပြီ ၁၀

epa09013542 Myanmar demonstrators flash the three-finger salute as armed soldiers walks before them during an anti-coup protest in Yangon, Myanmar, 15 February 2021. Myanmar’s military junta on 15 February cut internet services and deployed troops and armored vehicles across the country amid signs of increasing force to clamp down on mass protests against the military coup and growing civil disobedience movement that has crippled government services. EPA-EFE/LYNN BO BO

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရာတွင် ပဲခူးမြို့တစ်ခုလုံးမှာလည်း လမ်းပေါ်ထွက်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
နေ့စဉ် ပဲခူးတစ်မြို့လုံး လူငယ်များက ဦးဆောင်၍ ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲ ကြက်ပျံမကျ ငြိမ်းချမ်းစွာဖြင့် လမ်းမများထက်တွင် ဆန္ဒပြခဲ့ကြသည်။
သို့ရာတွင် ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့ နံနက် အရုဏ်မတက်မီ ပဲခူးမြို့ပေါ်ရှိ ဆန္ဒပြ သပိတ်စခန်းများကို တပ်မ ၇၇ တပ်က ဦးဆောင်၍ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နှိမ်နင်းခဲ့ပြီး လူငယ်နှင့် ပြည်သူ ၈၀ ကျော်ထက်မနည်း သေဆုံးခဲ့ရသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရားပတ်ဝန်းကျင် ရပ်ကွက်များ၊ လိပ်ပြာကန်အနီးရှိ ဆံတော်တွင်း၊ မဂ္ဂတစ် အင်းဝင် ၊ ပုဏ္ဍားစု၊ မှော်ကန် ၊ လိပ်ပြာကန် ရပ်ကွက်များရှိ သပိတ်စခန်းများကို တပ်မ ၇၇ တပ်များက ဦးဆောင်ကာ RPG လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လက်ပစ်ဗုံးများ အသုံးပြုခြင်း အပါအဝင် စစ်သုံးလက်နက်များဖြင့် စစ်ပွဲ တစ်ပွဲ တိုက်သကဲ့သို့ ဆန္ဒပြ လူငယ်များကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သည်။ ထိုသို့ အကြမ်းဖက် နှိမ်နင်းမှုနှင့်အတူ သပိတ်စခန်းများကို ကင်းစောင့်နေသော လူငယ်များ၏ အလောင်းများမှာ စုပုံသွားခဲ့ရပြီး ပဲခူးတစ်မြို့လုံး ရပ်ကွက်များတွင် ကမ္ဘာပျက်သည့်အလား ဖြစ်သွားခဲ့ရသည်။
တပ်မ ၇၇ ဦးဆောင်သော တပ်များက သပိတ်စခန်းများပင်မဟုတ်တော့ဘဲ ဆန္ဒပြသပိတ်များကို ကူညီထောက်ပံ့ သည်ဟု နာမည်ထွက်သည့် ပြည်သူများ၊ NLD ပါတီဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေအိမ်များကို ဝင်ရောက်စီးနင်းကာ ရိုက်နှက်သတ်ဖြတ်မှုများကိုလည်း ဆက်လက် ကျူးလွန်ခဲ့သည်။
တပ် ၇၇ ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဧ​ပြီလ ၉ ရက်နေ့ တစ်ရက်လုံး ပဲခူးမြို့ပေါ်တွင် ဆန္ဒပြ ပြည်သူများကို ပိတ်ဆို့ အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းရင်း ပစ်ခတ်သောင်းကျန်းခဲ့သည့်အတွက် ပဲခူးမြို့ပေါ်မှ ပြည်သူများ နေအိမ်များမှ ထွက်ပြေးရသည်အထိ အခြေအနေများမှာ ဆိုးရွားပြင်းထန်ခဲ့သည်။
ယမန်နေ့ ဧပြီလ ၉ ရက်နေ့မှာ တပ်မ ၇၇ က ဦးဆောင် ကျူးလွန်ခဲ့သော ပဲခူးမြို့ အစုလိုက်အပြုံလိုက် သတ် ဖြတ်မှု၏ ၄ နှစ်ပြည့်နေ့ နှစ်ပတ်လည်နေ့ ဖြစ်ပြီး ယင်းနေ့တွင်ပင် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး (DSA 42) မှာ တစ်ချိန်က ဆန္ဒပြလူငယ်များ ယခုတွင်မူ ပြည်သူ့ကာကွယ်ရေးတပ်၏ ရဲဘော်များ လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးခံလိုက်ရသည်။
ဧပြီလ ၇ ရက်နေ့ အင်းတော်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူ စစ်တပ်စခန်းမှ စွန့်ခွာခဲ့သော ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကို PDF တပ်များက ဧပြီလ ၈ ရက်နေ့ ညပိုင်းတွင် လက်ရ အရှင်ဖမ်းဆီးရရှိလိုက်သည်။
တစ်ချိန်က ပဲခူးနှင့်ရန်ကုန်ရှိ လမ်းမများပေါ်တွင် “သေရဲတဲ့ ကောင်ထွက်ခဲ့” ဟု ကြွေးကြော်ရင်း လက်နက်မဲ့ ဆန္ဒပြ လူငယ်များနှင့် ပြည်သူများကို ရမ်းကားသတ်ဖြတ်ခဲ့သော တပ်မ ၇၇ တပ်မကြီး၏ ဦးဆောင်သူ ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင်များ မှာ ၄ နှစ်အကြာတွင် ၎င်းတို့ ခြိမ်းခြောက်ပစ်ခတ်ခဲ့သော တော်လှန်ရေးလူငယ်များ၏ လက်အတွင်းသို့ ကျရောက်ခဲ့ရပြီဖြစ်သည်။
“ဘယ်မေ့မလဲ။ အဲဒီနေ့ (၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့) မနက်အစောကြီး လူငယ်လေးတွေ သွေးတွေနဲ့ သွေး ရူးသွေးတန်းနဲ့ ပြေးလွှားရင်း သေဆုံးခဲ့တာတွေ ဘယ်မေ့မလဲဗျာ။ မနေ့က တပ်မ ၇၇ တပ်မမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိတယ်ဆိုတဲ့ သတင်းတွေ တက်လာတော့ “ဝဋ်” ဆိုတာ စစ်ခွေးတွေအတွက် ၄ နှစ်အကြာမှာ တကယ်ကြီးဖြစ်လာတာပဲလို့ တွေးရင် ကျေနပ်တယ်။ တပ်မ ၇၇ တပ်မမှူးနဲ့ စစ်ကောင်စီတပ်သားတွေကို NUG စစ်ခုံရုံးနဲ့ တရားစီရင် အပြစ်ပေးတာတွေလည်း မြင်ချင်ပါတယ်။ စစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ ဝိဉာဉ်တွေကို စိတ်ကျေနပ်အောင် လုပ်ပေးသင့်တယ်” ဟု ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်တွင် လက်ရှိအချိန်အထိ နေထိုင်နေဆဲ ပြည်သူတစ်ဦးက ဆိုသည်။
၁၉၆၆ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် ၏ သက်တမ်း ၅၉ နှစ်ကြာမြင့်လာချိန် အဆိုပါ တပ်မ ၇၇ ၏ တပ်မမှူးနှင့် စစ်သား ရာချီမှာ သက်တမ်း ၄ နှစ်သားသာရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်တွင် စစ်သုံ့ပန်းအဖြစ် ကျရောက်သွားခဲ့ခြင်းမှာ သမိုင်း တွင်သော နွေဦးတော်လှန်ရေး၏ အောင်မြင်မှုအဖြစ် တော်လှန်ရေးရဲဘော်များက သုံးသပ်ပြောဆိုကြသည်။