မန္တလေးမြို့အနီးသို့ ဗဟိုပြု၍ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားပြီး ပြည်သူအများစု ထိတ်လန့်

by

in

မန္တလေးမြို့အနီးသို့ ဗဟိုပြု၍ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားပြီး ပြည်သူအများစု ထိတ်လန့်
ရန်ကုန်၊ ဧပြီ ၉
မန္တလေးမြို့အနီးသို့ ဗဟိုပြု၍ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားပြီး ပြည်သူအများစု ထိတ်လန့်သွားကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်နှင့် ည ၁၀ နာရီ ၂၉ မိနစ်အချိန်တို့တွင် မန္တလေးမြို့ပေါ်တွင် နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ခတ်သည်ကို သိသာစွာခံစားရကြောင်း၊ည ၁၀ နာရီ ၂၉ မိနစ် အချိန် လှုပ်ခတ်သော ငလျင်မှာ အသိသာဆုံးဖြစ်ကြောင်း သိရှိရသည်။
“ည ၁၀ နာရီ ၂၉ မိနစ်အချိန် လှုပ်တာတော့ ထပါခုန်ရတယ်။ သိပ်မပြင်းပေမယ့် လူက နည်းနည်းလှုပ်တာနဲ့လန့်နေပြီ” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ဆိုသည်။
ယနေ့ ဧပြီလ ၉ ရက်နေ့တစ်ရက်တည်းတွင် ငလျင်ငယ် ၅ ကြိမ်လှုပ်ခတ်ခဲ့ပြီး ညပိုင်းလှုပ်ခတ်ခဲ့သော ငလျင် ၂ ခုမှာ မန္တလေးမြို့ အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း၊ ယနေ့ည ၉ နာရီ ၁၀ မိနစ်အချိန် လှုပ်ခတ်သော ငလျင်မှာ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၁ အဆင့်ရှိကြောင်း၊ ယနေ့ည ၁၀ နာရီ ၂၉ မိနစ်အချိန် လှုပ်ခတ်ခဲ့သော ငလျင်ငယ်မှာမူ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်ကို ဗဟိုပြု၍ ပြင်းအား ၃ ဒသမ ၆ အဆင့်ရှိသော ငလျင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးချိန်မှစတင်၍ နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့ရာ စုစုပေါင်း နောက်ဆက် ငလျင်ငယ် ၁၁၂ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။