Category: News

  • ဗျူဟာမြောက်စစ်ဆင်ရေးအတွင်း ဟုမ္မလင်းမြို့ကို တော်လှန်ရေးတပ်များ ပိတ်ဆို့ထား

    ဗျူဟာမြောက်စစ်ဆင်ရေးအတွင်း ဟုမ္မလင်းမြို့ကို တော်လှန်ရေးတပ်များ ပိတ်ဆို့ထား

    by

    in

    ဗျူဟာမြောက်စစ်ဆင်ရေးအတွင်း ဟုမ္မလင်းမြို့ကို တော်လှန်ရေးတပ်များ ပိတ်ဆို့ထား အိမ်သွင်/People’s Spring မြန်မာပြည်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ထိစပ်လျှက်ရှိသော ဟုမ္မလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်‌ကောင်စီနှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသော စခန်းများကို ကချင်လါတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး စစ်ကောင်စီသည် မြို့ပေါ်စခန်းများ၌သာ တပ်စွဲထားသည်ဟု စစ်ကိုင်းတိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ” ဟုမ္မလင်းရဲဲ့ ဘေးပတ်ချာလည်တွေကနေ ဝိုင်းပတ်ပြီး ပိတ်ဆို့ထားပါတယ်။ ကချင်ဘက်ကဆို ဆယ်ဆင်းဘက်ကနေ KIA နဲ့ PDFက ရှေ့ကို တိုးလာပါတယ်။ ဟုမ္မလလင်းရဲ့အခြေအနေက စစ်တပ်ကမြို့ထဲမှာပဲရှိတော့တယ်လို့ ပြောလို့ရတယ်”ဟု ဟုမ္မလလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဟုမ္မလင်းမြို့ကို မြို့သိမ်းတိုက်ပွဲခေါင်းစဉ်ဖြင့် စစ်ရေးဖော်ဆောင်နေခြင်းမဟုတ်သေးသော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်မဟာမိတ်များသည် လပေါင်းများစွာအကြာ ဗျူဟာမြောက်တိုက်ခိုက်နေခြင်းဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ KIA…

  • ကြိုးကြာနီPDFတပ်ရင်းမှူး အင်အားများသော စစ်တပ်နှင့် တွေ့စဉ် ရဲဘော်များကို ဆုတ်ခိုင်းပြီး တစ်ကိုယ်တော် ကာပစ်ရင်း ကျဆုံး

    ကြိုးကြာနီPDFတပ်ရင်းမှူး အင်အားများသော စစ်တပ်နှင့် တွေ့စဉ် ရဲဘော်များကို ဆုတ်ခိုင်းပြီး တစ်ကိုယ်တော် ကာပစ်ရင်း ကျဆုံး

    by

    in

    By Nway / MPA ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ကြိုးကြာနီပြည်သူ့ကာကွယ်ရေး တပ်၊မကွေးအရှေ့ခြမ်း တပ်ရင်းမှူးသည် စစ်ကောင်စီတပ်နှင့် အလစ်အငိုက်တွေ့ဆုံစဉ် ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားကြောင်း သိရသည်။ ကိုအောင်ဟိန်းဖြိုး (ခ)ဗိုလ်ကြီးဇိုး(ခ)ရဲဘော်ဇိုးကြီးသည် နိုဝင်ဘာလ ၂၅ ရက်တွင် ရေတာရှည်မြို့နယ်၊ပဲခူးရိုးမတစ်နေရာ၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ကြိုးကြာနီPDFရဲဘော်ထံက သိရသည်။ “မင်းတို့လွတ်ရာပြေး၊ငါ ခံပစ်မယ်။ဒါအမိန့် လို့ပြောပြီး ကျန်ခဲ့တာ။ကျတော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုပေါ့” ဟုကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်း မှ ရဲဘော်တစ်ဦးက MPAသို့ပြောသည်။ စစ်တပ်က အင်အားများသဖြင့် PDFရဲဘော်များကို ဆုတ်ခိုင်းကာ တစ်ယောက်တည်းကာပစ်ပေးရင်း တပ်ရင်းမှူး ကျဆုံးခြင်းဖြစ်ကြောင်း သိရသည်။ “လမ်းကြောင်းမှာ စစ်ခွေးနဲ့တိုးပြီး ပစ်ခတ်ရာကနေ အင်အားမမျှတော့ ရဲဘော်တွေအားလုံးအတွက် ခေါင်းဆောင်ကောင်းပီသစွာ တစ်ယောက်တည်းကျန်ခဲ့ပြီး ကာပစ်ရင်းကျဆုံးခဲ့တာ။သူတစ်ယောက်တည်းခံပစ်ပြီး ကျန်တဲ့သူတွေကို နောက်ဆုတ်ခိုင်းတာ” ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး…

  • ဗန်းမော်လေတပ်စခန်းကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေကြောင်း ခရီးစဉ်များ အားလုံးဖျက်သိမ်း၊ ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ဗန်းမော်လေတပ်စခန်းကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေကြောင်း ခရီးစဉ်များ အားလုံးဖျက်သိမ်း၊ ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    by

    in

    ဗန်းမော်လေတပ်စခန်းကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေကြောင်း ခရီးစဉ်များ အားလုံးဖျက်သိမ်း၊ ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ရန်ကုန်၊ နိုဝင်ဘာ ၂၆ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဗန်းမော်လေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သောကြောင့် ဗန်းမော်လေဆိပ်ကို အခြေပြု အဆင်း၊ အတက်လုပ်နေသော ပြည်တွင်းခရီးသွား လေကြောင်း ခရီးစဉ်များ အားလုံးကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဗန်းမော်လေတပ်စခန်းကို KIA, PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်း ဖြစ်ပြီး ဗန်းမော်လေဆိပ်နှင့် လေတပ်စခန်းမှာ ပူးတွဲထားရှိခြင်းဖြစ်ရာ လေယာဉ်ကွင်းအတွင်းတွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိ…

  • နေပြည်တော် MICC 2 တွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာ ဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

    နေပြည်တော် MICC 2 တွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာ ဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

    by

    in

    နေပြည်တော် MICC 2 တွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာ ဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို ရန်ကုန်၊နိုဝင်ဘာ ၂၆ နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် တော်လှန်ရေးတပ်များက ကာမီကာဇေအသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုတချို့ရှိနိုင်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ မင်္ဂလာဆောင်သို့ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူခဲ့ကြောင်း၊…

  • ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ

    ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ

    by

    in

    ဟုမ္မလင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိ ရန်ကုန်၊နိုဝင်ဘာ ၂၅ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့၏ တပ်စခန်းများအားလုံးကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၊ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့များအခြေချထားသည့် တပ်စခန်းကြီးဖြစ်သည့် ဆိုင်းပန်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီးဖြစ်ကာ ရွှေတွင်းရွာရှိ စစ်တပ်နှင့် SNA တပ်စခန်းအားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ ” ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီရယ်၊ ရှမ်းနီ ပြည်သူ့စစ် SNA ပူးပေါင်းအဖွဲ့ရယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ပွဲပြင်းထန်နေတာ လနဲ့ ကြာလာပြီပေါ့။ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီ SNA ကလည်း…

  • ကန်ပိုက်တီနယ်စပ်ဂိတ်ကို တရုတ်က သူ့လူများနှင့် ငှက်ပျောကားများ ပြန်ခေါ်ရန် ယာယီဖွင့်လှစ်ခြင်းသာဖြစ်ဟုဆို (ရုပ်/သံ)

    ကန်ပိုက်တီနယ်စပ်ဂိတ်ကို တရုတ်က သူ့လူများနှင့် ငှက်ပျောကားများ ပြန်ခေါ်ရန် ယာယီဖွင့်လှစ်ခြင်းသာဖြစ်ဟုဆို (ရုပ်/သံ)

    by

    in

    ကန်ပိုက်တီနယ်စပ်ဂိတ်ကို တရုတ်က သူ့လူများနှင့် ငှက်ပျောကားများ ပြန်ခေါ်ရန် ယာယီဖွင့်လှစ်ခြင်းသာဖြစ်ဟုဆို (ရုပ်/သံ) ရန်ကုန်၊ နိုဝင်ဘာ ၂၆ ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ KIA က သိမ်းပိုက်ထားသော ကန်ပိုက်တီနယ်စပ်ဂိတ်ကို တရုတ်က ပုံမှန် ပြန်လည်ဖွင့်လှစ်ခြင်းမရှိဘဲ သူ့လူများနှင့် ငှက်ပျောကားများကို ပြန်ခေါ်ယူရန် ယမန်နေ့ ယာယီနယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းသာဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော ကန်ပိုက်တီနယ်စပ်ဂိတ်ကို ယာယီဖွင့်လှစ်ခဲ့ပြီး ကချင်ပြည်နယ်ဘက်တွင် သောင်တင်နေသော ငှက်ပျောကားများနှင့် တရုတ်နိုင်ငံသားများ ပြန်လည် ဝင်ရောက်သွားကြကြောင်း၊ တရုတ်ဘက်က ဂိတ်ကို ယာယီပြန်လည်ဖွင့်လှစ်ရာတွင် ၎င်းတို့၏ လူများကိုသာ ပြန်လည် လက်ခံခြင်းဖြစ်ပြီး တရုတ်ဘက်မှ ကချင်ပြည်နယ်ဘက်သို့ မည်သည့် ကုန်ပစ္စည်းများ၊…

  • ရန်ကုန်တွင် ကင်းမစောင့်သည့် ဘေးတွဲမောင်းသူများကို အင်္ကျီပြန်သိမ်း

    ရန်ကုန်တွင် ကင်းမစောင့်သည့် ဘေးတွဲမောင်းသူများကို အင်္ကျီပြန်သိမ်း

    by

    in

    ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ စစ်ကောင်စီက ကင်းစောင့်ခိုင်းတာကို မလုပ်နိုင်တဲ့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ကုတ်နံပါတ်ပါတဲ့ ဘေးတွဲအင်္ကျီ ပြန်သိမ်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကစပြီး မြို့နယ်အများစုမှာ ဘေးတွဲဆိုင်ကယ်နဲ့ မောင်းသူစာရင်းကို ရပ်ကွက်အလိုက် ကောက်ယူနေခဲ့တာပါ။ မြောက်ဒဂုံမြို့နယ်က ဘေးတွဲမောင်းသူတယောက်က “တရပ်ကွက် အစီး ၃၀ ရှိရင် တပတ်ကို ၁၀ စီးနှုန်းနဲ့ ကင်းလှည့်ရမှာ။ ရဲတွေ ဧည့်စာရင်းစစ်တာတို့ ဟိုရှာ ဒီရှာတို့ဆိုရင် လိုက်ရမှာ။ ညလုံးပေါက်တော့ မဟုတ်ဘူး။ ကင်းစောင့်တာမပါရင် ဆိုင်ကယ်မောင်းလို့ရအောင် ထုတ်ပေးထားတဲ့ အင်္ကျီရှိတယ်။ ပြန်သိမ်းမယ်ပြောတယ်။ အင်္ကျီမပါလို့ ဖမ်းမိရင် ဆိုင်ကယ်ပြန်မရဘူး” လို့ ပြောပါတယ်။ ဘေးတွဲဆိုင်ကယ်အင်္ကျီတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းသုံး အမျိုးအစား အပေါ်ဝတ် အထည်တွေ ဖြစ်ပေမဲ့ ရောင်ပြန်မပါတာကြောင့် ညပိုင်းမောင်းလို့…

  • ဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၍၁၀ဦး ခန့်ထပ်မံ သေဆုံး ▪︎လက်နက်ကြီး လက်နက်ငယ် ၂၆ လက်နှင့် ကျည်ခဲယမ်းများရဟု KNLA အသိပေး

    ဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၍၁၀ဦး ခန့်ထပ်မံ သေဆုံး ▪︎လက်နက်ကြီး လက်နက်ငယ် ၂၆ လက်နှင့် ကျည်ခဲယမ်းများရဟု KNLA အသိပေး

    by

    in

    ဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၍၁၀ဦး ခန့်ထပ်မံ သေဆုံး ▪︎လက်နက်ကြီး လက်နက်ငယ် ၂၆ လက်နှင့် ကျည်ခဲယမ်းများရဟု KNLA အသိပေး ဟန်နွေ/People’s Spring ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထော စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ် ဖွဲ့များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့မှ ၁၀ ဦးခန့်ထပ်မံ သေဆုံးပြီးလက် နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားသည်။ မထော စစ်ကောင်စီတပ်စခန်းကို KNLA တပ်မ ဟာ(၅)အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာ ၁၉ရက်က စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၂ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ “စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းစွန့်ပြီး ထွက်ပြေးသွားတာ။ အဲဒီ…

  • ကြို့ပင်ကောက်တွင် တော်လှန်ရေးတပ်များ နယ်မြေစိုးမိုးလာခြင်းကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဆက်တိုက်နုတ်ထွက်နေပြီး စစ်တပ်က ပျူစောထီးများနှင့် ကြံ့ဖွတ်များကို အုပ်ချုပ်ရေးမှူး အသစ်များအဖြစ် အစားထိုး ခန့်အပ်

    ကြို့ပင်ကောက်တွင် တော်လှန်ရေးတပ်များ နယ်မြေစိုးမိုးလာခြင်းကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဆက်တိုက်နုတ်ထွက်နေပြီး စစ်တပ်က ပျူစောထီးများနှင့် ကြံ့ဖွတ်များကို အုပ်ချုပ်ရေးမှူး အသစ်များအဖြစ် အစားထိုး ခန့်အပ်

    by

    in

    ကြို့ပင်ကောက်တွင် တော်လှန်ရေးတပ်များ နယ်မြေစိုးမိုးလာခြင်းကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဆက်တိုက်နုတ်ထွက်နေပြီး စစ်တပ်က ပျူစောထီးများနှင့် ကြံ့ဖွတ်များကို အုပ်ချုပ်ရေးမှူး အသစ်များအဖြစ် အစားထိုး ခန့်အပ် ရန်ကုန်၊ နိုဝင်ဘာ ၂၆ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှုများပြားလာ၍ အကြမ်းဖက် စစ်တပ်က ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များကို အစားထိုး ခန့်အပ်မှုများ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ကြို့ပင်ကောက်တွင် လက်ရှိအချိန် ဒေသတော်လှန်ရေးတပ်ဖွဲ့များက အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်ဖြစ်သော အုပ်ချုပ်ရေးမှူးများကို ဆက်တိုက် ရှင်းလင်းတိုက်ခိုက်နေခြင်းကြောင့် အုပ်ချုပ်ရေးမှူးများမှာ ဆက်လက် အလုပ်မလုပ်ရဲတော့ဘဲ နုတ်ထွက်မှုများ ပိုမိုများပြားလာနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာ အုပ်စု စုစုပေါင်း ၄၉ အုပ်စုရှိပြီး မြို့နယ် အရှေ့ဘက်ခြမ်းရှိ…

  • ဖာပွန်မြို့နယ်၊ မထောစခန်းမှ ထွက်ပြေးသွားသော စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ဖာပွန်မြို့နယ်၊ မထောစခန်းမှ ထွက်ပြေးသွားသော စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    by

    in

    ဖာပွန်မြို့နယ်၊ မထောစခန်းမှ ထွက်ပြေးသွားသော စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ နိုဝင်ဘာ ၂၆ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောအကြမ်းဖက်စစ်တပ်စခန်းမှ ထွက်ပြေးသွားသော အကြမ်း ဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း KNU တပ်မဟာ ၅ ၊မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ဖာပွန်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၈ လက်အောက် ခံ ခမရ ၄၀၄ ၊ ၄၀၇ နှင့် ၄၀၈ တပ်ရင်းတို့ ပူးပေါင်းအထိုင်ချထားသည့် မထောစခန်းကို KNLAနှင့် မဟာမိတ်တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊…