မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2)တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး…
ဇွန် ၁၆ ၊ ၂၀၂၅
ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) – Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော် ကျော်ထက်(ခ) ထက်ကြီးဟာ ဇွန်လ ၁၆ ရက် ဒီနေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့တယ်လို့ Loikaw Local PDF Alpha (2) က ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မြို့နယ်ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၂)တပ်ရင်းရဲ့ တပ်စုမှူး အသက် (၂၇)နှစ်အရွယ် ရဲဘော် ကျော်ထက် (ခ) ထက်ကြီးဟာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်းများစွာကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ဆင်နွဲခဲ့ပြီး အောင်ပွဲ များစွာမှာလည်း ရဲဘော်ရဲဘက်တွေနဲ့အတူ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်အမှတ်(၂)တပ်ရင်းရဲ့ တပ်စုမှူး ရဲဘော် ကျော်ထက် (ခ) ထက်ကြီးကို သမိုင်းရဲ့ အာဇာနည်သူရဲကောင်းအဖြစ် မှတ်ကျောက်တင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။
How to Track Social Media Conversions