ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာမှာ ကျင်းပမယ် (ရုပ်/သံ)

by

in

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နိုင်ငံတကာမှာ ကျင်းပမယ် (ရုပ်/သံ)
ဧရာဝတီ၊ ဇွန် ၁၇၊ ၂၀၂၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်မြောက်မွေးနေ့နဲ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေက ကျင်းပကြဖို့ပြင်ဆင်နေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၈၀ ပြည့်မှာ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ မွေးနေ့ပွဲကို ကြိုတင်ကျင်းပ နေကြတာတွေ့ရပါတယ်။
ပြည်ပနိုင်ငံတွေမှာသာမကဘဲ ပြည်တွင်းမှာလည်း ရန်ကုန်၊ မန္တလေးလို မြို့ပြပေါ်က ပြည်သူတွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကျေးလက်တွေမှာလည်း ကျင်းပသွားကြဖို့ ရှိနေတယ်လို့သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #၈၀ #WhathappensInMyanmar