Category: News
-
ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများနေပြီး မြေတူးစက်များဖြင့် အစုလိုက်အပြုံလိုက် မြေမြုပ်၊ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူး၁ ဦး ထပ်မံသေဆုံး၍ တိုးတိုးတိတ်တိတ်သင်္ဂြိုဟ်
ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများနေပြီး မြေတူးစက်များဖြင့် အစုလိုက်အပြုံလိုက် မြေမြုပ်၊ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူး၁ ဦး ထပ်မံသေဆုံး၍ တိုးတိုးတိတ်တိတ်သင်္ဂြိုဟ် ဧရာဝတီတိုင်းမ် ဇွန် ၁ ရက် ကျောက်ဖြူတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများနေ၍ မြေတူးစက်များဖြင့် မြေကျင်းတူးပြီး အုပ်စုလိုက်မြေမြုပ်သင်္ဂြိုဟ်နေရကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ သေဆုံးအလောင်းများကို ရာထူးကြီး၊ ရာထူးငယ်ခွဲ၍ တပ်ကြပ်အဆင့်မှအောက်အဆင့်သေဆုံးသူများကို အစုလိုက်အပြုံလိုက် မြေမြုပ်သင်္ဂြိုဟ်ကာ ပစ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်း မြစ် Little Rabbit ထံမှ သိရသည်။ ယမန်နေ့ မေ ၃၁ ရက်နေ့ကလည်း ကျောက်ဖြူတိုက်ပွဲအတွင်းသို့ စစ်ကူပို့လိုက်သည့် ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။ “ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေထိ နောက်တန်းကို အလောင်းတွေပြန်သယ်နေရတော့ မျက်မြင်ကိုယ် တွေ့မို့ ဝါဒဖြန့်ထားလည်း စစ်တပ်မိသားစုတွေ စိတ်…
-
ကန်လွှတ်တော်တွင် မြန်မာ့အရေး ဆွေးနွေးမှုများ ဆက်တိုက်ရှိနေ
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ မြင်သာတဲ့လှုပ်ရှားမှု မတွေ့ရသေးပေမဲ့ ကန်လွှတ်တော်မှာတော့ ဆွေးနွေးတိုက်တွန်းမှုတွေ အဆက်မပြတ်ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ မြန်မာ့အရေးအတွက် သံတမန်ထားရှိရေး၊ Burma Act ကို အမြန်အကောင်အထည်ဖော်ရေး၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ပိတ်ဆို့အရေးယူနိုင်ရေး စတဲ့အချက်တွေအပါအဝင် စစ်ကောင်စီအား ဖိအားပေးနိုင်မယ့်အချက်တွေကို ဦးစားပေးဆောင်ရွက်ဖို့ အစိုးရကို အမေရိကန်လွှတ်တော်အမတ်တွေက အဆက်မပြတ်တိုက်တွန်းနေကြတာပါ။ မေ ၂၁ ရက်နေ့မှာ ကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ကြားနာမှုပြုလုပ်ခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်တဲ့ လွှတ်တော်အမတ်တွေရဲ့ တိုက်တွန်းမေးမြန်းတာတွေကို တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။ မြန်မာ့အရေးကို ဦးတည်ထားတဲ့ Burma Act နောက်ဆက်တွဲအဖြစ် BRAVE Burma Act ကို လွှတ်တော်မှာဆက်လက်အကောင်အထည်ဖော်ပြီး အစိုးရကအတည်ပြုပေးဖို့အတွက်လည်း လွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့တာပါ။ ဂျိမ်းစ်ရွှေ (လော့စ်အိန်ဂျလိစ်မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M) က…
-
မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦးအရှင်ဖမ်းမိ…
မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦးအရှင်ဖမ်းမိ… ဇွန် ၁၊ ၂၀၂၅ နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။ မေလ တတိယပတ်အတွင်း ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အလင်းဝင်လာသူ ၂၅ ယောက် ရှိပြီး ရှမ်းပြည်နယ်မှာ ၁၇ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၂ ယောက်၊ တနင်္သာရီတိုင်းမှာ ၃ ယောက်၊ ချင်းပြည်နယ်မှာ စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် ဖြစ်ပြီး အဲ့ဒီအထဲက ၆…
-
နွေဦးတော်လှန်ရေး၏ အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေး ပြည်သူတိုင်း အာရုံစိုက်ပါဝင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း
နွေဦးတော်လှန်ရေး၏ အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေး ပြည်သူတိုင်း အာရုံစိုက်ပါဝင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တိုက်တွန်း ရန်ကုန်၊ ဇွန် ၁ စစ်အာဏာရှင် တော်လှန်ရေးတွင် မကြာခင်ဖြစ်ပေါ်လာမည့် အထွေထွေထိုးစစ်ကြီး အောင်မြင်စေရေးအတွက် ပြည်သူတိုင်း အာရုံစိုက်ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။ ရန်ကုန်ခေတ်သစ်က အပတ်စဉ် စီစဉ်တင်ဆက်လျက်ရှိသော ပြည်သူမှ ပြည်သူသို့ အမေးအဖြေတွင် ၎င်းက အထက်ပါအတိုင်း ဖြေဆိုသွားခြင်းဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် အပါအဝင် တော် လှန်ရေးခေါင်းဆောင်တချို့က အထွေထွေထိုးစစ်ကြီး လာမည်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်း၊ အထွေ ထွေထိုးစစ်သည် တော်လှန်ရေးအတွက် သော့ချက်ဖြစ်ပြီး လူတိုင်းလူတိုင်း ပါဝင်ရမည်ဖြစ်ကြောင်း၊ အထွေထွေထိုးစစ် ဆင်နွှဲချိန်တွင် စစ်ကောင်စီက…
-
စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိဟုဆို
စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိဟုဆို ရန်ကုန်၊ ဇွန် ၁ စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၃၁ ရက်နေ့က BWM နှင့် မဟာမိတ်အဖွဲများဖြစ်သော Shadow (စစ်ကိုင်း)၊ No More Dictatorship (NMD) နှင့် စစ်ကိုင်းမြိုပြပြောက်ကျား (Infinity) အဖွဲတိုက စစ်ရှုးကောင်စီ၏ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) စခန်းကို…
-
နောင်တချိန်တွင် ဘယ်သူ စစ်အာဏာသိမ်းရဲလဲဟုမေးနိုင်အောင် လက်နက်ကိုင်တော်လှန်နေခြင်းဟု PDF စစ်ဆင်ရေးမှူးပြော
နောင်တချိန်တွင် ဘယ်သူ စစ်အာဏာသိမ်းရဲလဲဟုမေးနိုင်အောင် လက်နက်ကိုင်တော်လှန်နေခြင်းဟု PDF စစ်ဆင်ရေးမှူးပြော ဇွန် ၁၊၂၀၂၅။ထားမြတ်/People’sSPring ပြည်သူများဆန္ဒကို လက်နက်ဖြင့် အနိုင်ကျင့်သည့် စစ်အာဏာရှင်များ နားလည်နိုင်မည့် ဘာသာစကားဖြစ်သော လက်နက်ကိုင်လမ်းစဉ်ကို ပြည်သူလူထုတရပ်လုံးက ရွေးချယ်ဆောင်ရွက်ခဲ့ရပြီး နောင်တချိန် အာဏာမသိမ်းရဲအောင် လက်နက်ကိုင်တိုက်ပွဲဝင်နေရခြင်းဖြစ်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောသည်။ ရဲဘော်တင်ဦးသည် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်းနှင့် နေပြည်တော်တိုင်း စသည့် တိုင်းစစ်ဌာန လေးခုပါဝင်သည့် အမှတ်(၂) စစ်ဆင်ရေးနယ်မြေကို ကွပ်ကဲရသည့် စစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူနေသူ ဖြစ်ညပီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ မေလ ၃၁ရက်က ကျင်းပသည့် ဒို့ပြန်လာပြီ ဧရာ၀တီ၏ ပင်လယ်အရောက် ရိုးမဖောက် စကားဝိုင်းအစီအစဉ်တွင် ရဲဘော်တင်ဦးက လက်နက်ကိုင်တော်လှန်ရေး၌ ပါဝင်ခဲ့ရမှု အကြောင်း ယခုကဲ့သို့ရှင်းလင်း…
-
စစ်ကောင်စီတပ်သားများ စစ်ပွဲနိုင်အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းစစ်သားပြော
စစ်ကောင်စီတပ်သားများ စစ်ပွဲနိုင်အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းစစ်သားပြော မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring စစ်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များအား နိုင် အောင်မတိုက်နိုင်ပါက ဆုတ်ခွာထွက်ပြေးရန် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများအား ထိုင်းစစ်သားက ဘာသာပြန်မှတဆင့် ပြောကြားခဲ့ဟု ကရင် သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော်ဘရာပူးပေါင်းစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ရေကူးထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားများကို ထိုင်းစစ်သားများက ကူညီပေးစဉ် ထိုင်းစစ်သားတစ်ဦးက ထိုကဲ့သို့ ပြောကြားခဲ့သည်ကို ဘာသာပြန်က ပြန်ရှင်းပြခဲ့ခြင်းဖြစ်သည်။ ” တကယ်လို့ သူတို့ကို ကိုယ်တိုက်နိုင်ရင် ကိုယ်တိုက်မယ် တကယ်လို့ ကိုယ်တိုက်မနိုင်ရင် ကိုယ်ဆုတ်မယ်”ဟု ထိုင်းစစ်သား၏ ပြောကြားချက်ကို စစ်ကောင်စီတပ်သားများအား ဘာသာပြန်က ပြန်ပြောပြနေသည်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။ အဆိုပါ ရုပ်သံတွင် ထွက်ပြေးစစ်ကောင်စီတပ်သား ၂၀ကျော် တွေ့ရပြီး ထိုင်းစစ်သုံးယာဉ်များဖြင့်…
-
မြစ်ကြီးနားမြို့တွင် ညပိုင်းတွင် မြစ်ရေကြီးလာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများကို အရေးပေါ် ရေလွတ်ရာ ပြောင်းရွှေ့ရ၊ ချီဗွေမြို့တွင်လည်း မေခမြစ်ရေကြီး၍ နေအိမ်အများအပြား ရေထဲမျောပါမြုပ်
မြစ်ကြီးနားမြို့တွင် ညပိုင်းတွင် မြစ်ရေကြီးလာသဖြင့် အနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများကို အရေးပေါ် ရေလွတ်ရာ ပြောင်းရွှေ့ရ၊ ချီဗွေမြို့တွင်လည်း မေခမြစ်ရေကြီး၍ နေအိမ်အများအပြား ရေထဲမျောပါမြုပ် ရန်ကုန်၊ ဇွန် ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေကြီးနေပြီး ပြည်သူများ ကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၃၁ ရက် ညနေ ၆ နာရီခန့်ကတည်းက မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကြက်ပေါင်ခြံ ရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ မြင့်ငြိမ်းအေး၊ အောင်တံတား စသည့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ကို ဧရာဝတီမြစ် ရေဝင်ရောက်မှုကြောင့် ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရခြင်းဖြစ်ပြီး လက်ရှိ အချိန် ကူညီဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့နေရခြင်းဖြစ်ကြောင်း၊ မြစ် ရေဝင်ရောက်မှုကို…
-
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းရဲ့ဈာပနပြုလုပ်
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းရဲ့ဈာပနပြုလုပ် မေ-၃၁၊ ၂၀၂၅။ရှိန်း/ People’s Spring မန္တလေးမြို့ မြေပြင်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးကူးပြောင်းခဲ့သူ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူးခွန်စိုင်း(ခ)ဗိုလ်ဒေါင်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ မေလ ၂၈ရက်က စစ်ကောင်စီကို ရင်ဆိုင်တိုက် ခိုက်ရင်း တိုက်ပွဲတွင်း ရှေ့တန်းတနေရာမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။ ရဲဘော်ခွန်စိုင်းဟာ ရတနာ ပုံတော်လှန်ရေးတပ်ဖွဲ့မှ ဗဟိုကော်မတီဝင်ဖြစ်ပါတယ်။ “မန္တလေးမြို့ပေါ် ပျောက်ကြားသပိတ်တွေမှာ ဦး ဆောင်ပါခဲ့တယ်။ လက်နက်ကိုင် တော်လှန်ရေးကို ပြောင်းတဲ့အချိန်မှာလည်း သူကအစောဆုံးလို့တောင် ပြောလို့ရတယ်။ ၂၀၂၁ ဧပြီလလောက်မှာ သင်တန်းတက်ပြီးနေပြီ။ ၂၀၂၂လောက်အထိ မြို့ပေါ်မှာ UGလုပ်ခဲ့တယ်။ တော်လှန်ရေးသိက္ခာက အသက်ထက် အရေးကြီးတယ်လို့ ပြောပြီး သူနောက်ဆုံးအထိ သက်သေပြသွားခဲ့တယ်”လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ တပ်မှူးခွန်စိုင်း…
-
စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ် သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေး
စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ် သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေး ရန်ကုန်၊ ဇွန် ၁ မြန်မာနိုင်ငံတစ်ဝန်း စခန်းသိမ်း၊ မြို့သိမ်းနှင့် ထင်သာမြင်သာရှိသော စစ်ပွဲ အောင်နိုင်သည်အထိ တိုက်ခိုက်နိုင်သော အရာရှိနှင့်စစ်သည်များကို အသက်အရွယ်နှင့် အရည်အချင်း ကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေးမည်ဟု မင်းအောင်လှိုင်က မက်လုံးပေးသော ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လာကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီက လာမည့် နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက် တပ်မတော်သားများ အပါအဝင် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်ဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် စခန်းသိမ်း၊ မြို့သိမ်းနှင့် ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေး တိုက်ပွဲ…