ချင်းတွင်းမြစ်ထဲ စစ်သင်္ဘောနှင့် ထောက်ပို့ရေယာဉ်များကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေပြီး သင်္ဘော ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)

ချင်းတွင်းမြစ်ထဲ စစ်သင်္ဘောနှင့် ထောက်ပို့ရေယာဉ်များကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေပြီး သင်္ဘော ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)
ဇူလိုင် ၂၁၊ ၂၀၂၅

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ် တစ်နေရာမှာ စစ်သင်္ဘောနဲ့ ထောက်ပို့ရေယာဉ်အုပ်စုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေပြီး သင်္ဘော၁ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ Salingyi Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၅ ရက်က ကနီမြို့နယ် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၄ စီးနဲ့ ထောက်ပို့ရေယာဉ် အစီး ၃၀ ခန့်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ ရေယာဉ်အုပ်စုရှိ ရွှေတောင်ဝင်ဖလပ်သင်္ဘော လက်နက်ကြီး ထိမှန်ပြီး စစ်သား ၂ ယောက်သေဆုံးကာ အခြားသင်္ဘော ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဗျူဟာ(၄၅) KLG PDF၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄/၁၅ SSTFနဲ့ အခြား မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-Salingyi Special Task Force