စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်သူများကို အရေးယူမည်ဟု မွန်ပြည်နယ်အခြေစိုက် တော် လှန်ရေးတပ် ၃ ခုက သတိပေး

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်သူများကို အရေးယူမည်ဟု မွန်ပြည်နယ်အခြေစိုက် တော် လှန်ရေးတပ် ၃ ခုက သတိပေး
ရန်ကုန်၊ ဇူလိုင် ၂၁
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ် ၃ ခုက သတိပေးလိုက်သည်ဟု ရေးမြို့နယ် အခြေစိုက် အထူးတိုင်း နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် လိုက်ပါကူညီ မည့်သူများ၏ စာရင်းကို ရရှိထားပြီး စာရင်းပါသူများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းများတွင် ဆက်လက်ပါဝင်လုပ်ဆောင်နေပါက အရေးယူသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် ဒေါနတပ်ရင်း ၂ တို့က သတိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီက အာဏာကို ဆက်လက်ထိန်းသိမ်းရေးအတွက် ရွေးကောက်ပွဲ ပြင်ဆင်ရာတွင် အီလက် ထရောနစ် မဲပေးစက်ကိုင်သင်တန်းကို ရေးခရိုင်တွင် ပေးမည်ဟု သတင်းရရှိ ထားပြီး စစ်ကောင်စီ၏ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် သွားလာလှုပ်ရှားမှုများကို တော် လှန် ရေးအဖွဲ့ အစည်းများက သတင်းအချက်အလက်များ ရရှိထားကြောင်း သိရသည်။
“အဓိကက Non CDM တွေက စကစ ခိုင်းသမျှ လိုက်ပါ မဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့ အချက် အလက် တွေကိုလည်း အကုန်ရရှိထားတာဖြစ်တဲ့အတွက် ဖမ်းဆီးမယ်၊ ပြီးရင် လူ့အခွင့် အရေးစံချိန်စံညွှန်းနဲ့ အညီအရေးယူသွားမယ်။ ပြည်သူတွေဘက်ကလည်း မတရားတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လူထု လှုပ်ရှားမှု အသွင်နဲ့ ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မ တော် မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် အထူးတိုင်း နည်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ မလုပ်နိုင်စေရန် တားဆီးသွားမည်ဖြစ်သောကြောင့် အုပ်ချုပ်ရေးမှူးများ၊ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင် များ နှင့် အတူတကွ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ မပြု လုပ်ရန် တော်လှန်ရေး ၃ ဖွဲ့က ဆက်လက် သတိပေးထားသည်။
ဓာတ်ပုံ- မွန်ပြည်နယ်တော်လှန်ရေးတပ် (MSRF)မှ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)