Category: News

  • ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဟောင်း ဦးထင်ကျော်တို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ဖမ်း၀ရမ်းထုတ်ခံရ

    ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဟောင်း ဦးထင်ကျော်တို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ဖမ်း၀ရမ်းထုတ်ခံရ

    by

    in

    နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄/ ၂၀၂၅ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်တို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့နှင့် အတူ အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်ခံရကြောင်းVOA သတင်း အရသိရသည်။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်စစ်ခေါင်းဆောင် ၂၂ ဦးနှင့် အတူသမ္မတတာဝန်ယူထားခဲ့သည့် ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်းအာဂျင်တီးနားတရားရုံးက ရာဇသတ်ကြီးဥပဒေအရ ကျူးလွန်ခဲ့တဲ့ပြစ်မှုများနှင့်အတူဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဝရမ်း ထုတ်ခဲ့သည်ဟု BROUK ကိုကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။ “ အခုလို စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ ရိုဟင်ဂျာတွေအပါအဝင် စစ်တပ် လက်အောက်ခံစားနေရသူတွေအတွက် တရားမျှတမှုရဖို့ သမိုင်းဝင်ခြေလှမ်းတခု ဖြစ်တဲ့အကြောင်း” UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုသည်ဟုလည်း…

  • အခြေခံ စစ်ပညာ သင်တန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားများ စစ်မှု ထမ်းရန် အလှည့်ကျလျှင်  စစ်တပ်ထဲသို့ တိုက်ရိုက်ဝင်ရောက် စစ်မှုထမ်းရမည်

    အခြေခံ စစ်ပညာ သင်တန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားများ စစ်မှု ထမ်းရန် အလှည့်ကျလျှင် စစ်တပ်ထဲသို့ တိုက်ရိုက်ဝင်ရောက် စစ်မှုထမ်းရမည်

    by

    in

    အခြေခံ စစ်ပညာ သင်တန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားများ စစ်မှု ထမ်းရန် အလှည့်ကျလျှင် စစ်တပ်ထဲသို့ တိုက်ရိုက်ဝင်ရောက် စစ်မှုထမ်းရမည် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ အကြမ်းဖက် စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် တက္ကသိုလ်ကျောင်း သား များအနေဖြင့် စစ်မှုထမ်းရန် အလှည့်ကျလျှင် စစ်တပ်ထဲသို့ ဝင်ရောက် စစ်မှုထမ်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်တိုက်ရိုက်ပတ်သက်နေသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံ စစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်း သားကျောင်းသူနှင့် ဆရာ၊ ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေးနေရာတွင် ယင်းသင်တန်းသို့ တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသားအနေဖြင့် စစ်မှုထမ်းရန် အလှည့်ကျပါက စစ်မှုထမ်းသင် တန်း တက်ရန်မလိုဘဲ တိုက်ရိုက်စစ်တပ်ထဲတွင် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊…

  • မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

    မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

    by

    in

    မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ မြန်မာနှင့် ကမ္ဘောဒီးယား နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများ နှိမ်နင်းတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ညွှန်ကြားလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ ယနေ့ ပြုလုပ်သော လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်က အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို နှိမ်နင်းမှု အရှိန်မြှင့်တင်ရန် ၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ မြန်မာဘက်အခြမ်းသို့ ကျားဖြန်များ နှိမ်နင်းရေး လျှပ်စစ်မီး၊အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားမှုနှင့်ပတ်သက်၍ ရလဒ်အခြေအနေများကို ရက်ပေါင်း ၃၀ အတွင်း အစီရင်ခံစာတင်ပြရန် ညွှန်ကြားကြောင်း သိရှိရသည်။ ယနေ့ ထိုင်းအစိုးရအစည်းအဝေးသို့ ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ စစ်တပ်၊ ရဲများ…

  • မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

    မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

    by

    in

    မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ် ~~~ ■ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။ ဒီအမှုမှာ အဓိကပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ကို ဦးတည်စွဲဆိုခဲ့တာဖြစ်တယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က RFA ကို ပြောပါတယ်။…

  • ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေ  နေရာစရွှေ့နေပြီလို့ ထိုင်းမီဒီယာ ဖော်ပြ

    ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေ နေရာစရွှေ့နေပြီလို့ ထိုင်းမီဒီယာ ဖော်ပြ

    by

    in

    ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်ဂိုဏ်းတွေ နေရာစရွှေ့နေပြီလို့ ထိုင်းမီဒီယာ ဖော်ပြ -People’s Spring ဘက်ပေါင်းစုံ ဖိအားတွေကြောင့် ထိုင်း-မြန်မာ နယ် စပ်အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဟာ စတင် နေရာရွှေ့ပြောင်းနေပြီလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်း နယ်စပ်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဒုစရိုက် လုပ်ငန်းတွေကို ဖိအားပေးဖို့အတွက် လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် အထောက်အပံ့တွေ ဖြတ်တောက်ခြင်း အပါအဝင် တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေ အစပြုလာတာကအခုဆိုရင် ထင် ရှားသိသာတဲ့ ရလဒ်တွေကို စတင် မြင်သာလာစေတယ်လို့ The Nation သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမှာ မြေငှားပြီး လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ တဖြည်းဖြည်းချင်းစီရွှေ့ပြောင်း ထွက်ခွာနေပြီလို့ ဆိုပါတယ်။…

  • ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များကို ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက်မှ စတင်ကာ ( A+B) နှစ်အုပ်စုစနစ်ဖြင့် လေးနာရီလာ၊ လေးနာရီပျက်ပုံစံ ဓါတ်အားဖြန့်ဖြူးမှု တိုးပေးမည်ဖြစ်ကြောင်း သိရသည်။

    ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များကို ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက်မှ စတင်ကာ ( A+B) နှစ်အုပ်စုစနစ်ဖြင့် လေးနာရီလာ၊ လေးနာရီပျက်ပုံစံ ဓါတ်အားဖြန့်ဖြူးမှု တိုးပေးမည်ဖြစ်ကြောင်း သိရသည်။

    by

    in

    ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များကို ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက်မှ စတင်ကာ ( A+B) နှစ်အုပ်စုစနစ်ဖြင့် လေးနာရီလာ၊ လေးနာရီပျက်ပုံစံ ဓါတ်အားဖြန့်ဖြူးမှု တိုးပေးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် အရှေ့ပိုင်းခရိုင်မြို့နယ်များတွင် တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်-ဆိပ်ကမ်း၊ ဒဂုံမြို့သစ်-တောင်ပိုင်း၊ ဒဂုံမြို့သစ်-မြောက်ပိုင်း၊ ဒဂုံမြို့သစ်-အရှေ့ပိုင်း၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတတို့ပါဝင်သည်။ ဒီလအတွင်း 230 KV ရွှေလီ-မန်စံလိုင်းအား လျှပ်စစ်ဝန်ထမ်းများက ပြုပြင်နိုင်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင်ကို လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခုအခါတွင် အရှေ့ပိုင်းခရိုင်မြို့နယ်များကိုပါ တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးလာနိုင်ခြင်းလို့ လျှပ်စစ်ဌာနက ဆိုသည်။

  • ရွှေကုက္ကိုလ်ရှိ ကျားဖြန့်များကို BGF ဖမ်းဆီးမှုစတင်

    ရွှေကုက္ကိုလ်ရှိ ကျားဖြန့်များကို BGF ဖမ်းဆီးမှုစတင်

    by

    in

    ရွှေကုက္ကိုလ်ရှိ ကျားဖြန့်များကို BGF ဖမ်းဆီးမှုစတင် YT (မဇ္ဈိမ) ။ ။ ထိုင်း- မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှုများ စတင်နေပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က မဇ္ဈိမကိုပြောသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က BGF ထိပ်ပိုင်းခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး ခေါ်ယူအပြီး ကျားဖြန့်များကို ထိထိရောက်ရောက် နှိမ်နင်းရေးအတွက် ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ လေးဖွဲ့ (ဝင်ရောက်ရှင်းလင်းရေး အဖွဲ့ (၁)၊ (၂)၊ (၃) နှင့် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့) ဖွဲ့စည်းပြီး နှစ်ရက်အကြာတွင် စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာခြင်းဖြစ်သည်။…

  • ကရင်နီ-ထိုင်းနယ်စပ်မှ စစ်တပ်​နောက်ဆုံးစခန်း ဖြစ်​သော ပွိုင့် ၅၄၁၆ ကို KA သိမ်းပိုက်

    ကရင်နီ-ထိုင်းနယ်စပ်မှ စစ်တပ်​နောက်ဆုံးစခန်း ဖြစ်​သော ပွိုင့် ၅၄၁၆ ကို KA သိမ်းပိုက်

    by

    in

    ကရင်နီ-ထိုင်းနယ်စပ်မှ စစ်တပ်​နောက်ဆုံးစခန်း ဖြစ်​သော ပွိုင့် ၅၄၁၆ ကို KA သိမ်းပိုက် ရဲခေါင်/ People’s Spring ကရင်နီပြည်တွင် မြန်မာ-ထိုင်းနယ်စပ် ၌စစ်တပ် ၏နောက်ဆုံးလက်ကျန်စခန်းကုန်း(ပွိုင့် ၅၄၁၆) ကို ကရင်နီပြည်တပ်မတော် -KAက သိမ်းပိုက် နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိကြောင်း KA ၊တပ်ရင်း ၅ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ စစ်ကောင်စီ၏ နှစ် ၃၀ ကြာတပ်စွဲထားသော ကရင်နီ – ထိုင်း နယ်စပ်ရှိ ပွိုင့် ၅၄၁၆(စစ်ဆင်ရေး ခြေကုပ်စခန်း ) တောင်ကတုံးစခန်းကို ဖေဖော်ဝါ ရီ ၁၃ ရက် က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ “လက်နက်ခဲယမ်းအများအပြားရတယ်။ဒီစခန်းက ကရင်နီနယ်စပ်စခန်းဖြစ်တယ်။အဲဒီစခန်းတစ်ခုပဲကျန်တယ်။အခုက တက်သိမ်းလိုက်နိုင်ပြီ။အဲဒီနားတစ်ဝိုက် လုံးက စစ်ကောင်စီ ရှင်းလင်းသွားပြီလို့ ပြောလို့ရတယ်”ဟု အထက်ပါတာဝန်ရှိသူက…

  • မြစ်ဆုံအနီး ဆွမ်ပရာဘွမ်လမ်းပိုင်း KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

    မြစ်ဆုံအနီး ဆွမ်ပရာဘွမ်လမ်းပိုင်း KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

    by

    in

    မြစ်ဆုံအနီး ဆွမ်ပရာဘွမ်လမ်းပိုင်း KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် ဟန်နွေ/People’s Spring ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မြစ်ဆုံအထက်ဘက်၊ ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဝေရှီးနှင့် ဂွေထော်ကျေးရွာအကြား၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီအကြား ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။ “အဲဒီဘက်စစ်ဖြစ်တာက မင်းအောင်လှိုင် စစ်အင်အားထိုးထားတာတော့ နှစ်ပတ်လောက်ရှိပြီ။ တိုက်ပွဲဖြစ်တယ်တော့ ကျနော်လည်း သတင်းရတယ်”ဟု ၎င်းက ပြောသည်။ တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ဖြည့်တင်းနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIAသတင်းပြန်ကြားရေးဌာနကလည်း ဖေဖော်ဝါရီ ၁၃ရက် ညပိုင်း၌တိုက်ပွဲသတင်းဖော်ပြခဲ့ရာ KIA တပ်မဟာ(၁)နယ်မြေ ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဂွေထော်နှင့် ဝေါ်ရှီးကျေးရွာကြားတွင် ဖေဖော်ဝါရီ ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ KIAက ခုခံတိုက်ခိုက်ရာ နံနက်ပိုင်း ၁၀နာရီမှ ညနေပိုင်း ၃နာရီအထိ…

  • ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်အုပ်စု စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စု အများအပြား သေ၊ ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြား သိမ်းဆည်းရရှိ၊ စစ်အုပ်စုက ရက်ဆက်ဗုံးကြဲကာ အင်အားရာချီ လေယာဉ်နဲ့ပို့နေ၊

    ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်အုပ်စု စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စု အများအပြား သေ၊ ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြား သိမ်းဆည်းရရှိ၊ စစ်အုပ်စုက ရက်ဆက်ဗုံးကြဲကာ အင်အားရာချီ လေယာဉ်နဲ့ပို့နေ၊

    by

    in

    ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်အုပ်စု စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စု အများအပြား သေ၊ ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြား သိမ်းဆည်းရရှိ၊ စစ်အုပ်စုက ရက်ဆက်ဗုံးကြဲကာ အင်အားရာချီ လေယာဉ်နဲ့ပို့နေ၊ ကိုသူ/MFP၊ ဖေဖေါ်ဝါရီ – ၁၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ ကလေး – ဂန့်ဂေါ ကားလမ်းပေါ်ရှိ ကမ်းပါးနီ တံတားအနီးက စစ်အုပ်စု စခန်တွေကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်အုပ်စု အများအပြား သေသလို ၂၀ ကျော် ဖမ်းမိကာ လက်နက် အများအပြားလည်း သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ကလေးမြို့နဲ့ မိုင်…