ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များကို ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက်မှ စတင်ကာ ( A+B) နှစ်အုပ်စုစနစ်ဖြင့် လေးနာရီလာ၊ လေးနာရီပျက်ပုံစံ ဓါတ်အားဖြန့်ဖြူးမှု တိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် အရှေ့ပိုင်းခရိုင်မြို့နယ်များတွင် တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်-ဆိပ်ကမ်း၊ ဒဂုံမြို့သစ်-တောင်ပိုင်း၊ ဒဂုံမြို့သစ်-မြောက်ပိုင်း၊ ဒဂုံမြို့သစ်-အရှေ့ပိုင်း၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတတို့ပါဝင်သည်။
ဒီလအတွင်း 230 KV ရွှေလီ-မန်စံလိုင်းအား လျှပ်စစ်ဝန်ထမ်းများက ပြုပြင်နိုင်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အနောက်ပိုင်းခရိုင်ကို လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခုအခါတွင် အရှေ့ပိုင်းခရိုင်မြို့နယ်များကိုပါ တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးလာနိုင်ခြင်းလို့ လျှပ်စစ်ဌာနက ဆိုသည်။
