Category: News
-
မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှ နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ခရီး သွားဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံသားများကို အမေရိကန်ဝင်ရောက်ခွင့် လုံး၀ ကန့်သတ်
မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှ နိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ခရီး သွားဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံသားများကို အမေရိကန်ဝင်ရောက်ခွင့် လုံး၀ ကန့်သတ် ရန်ကုန်၊ ဇွန် ၅ အမေရိကန်နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှကာကွယ်ရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က ယနေ့ လက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းအရ သိရှိရသည်။ မြန်မာနိုင်ငံသားများသည် အမေရိကန်နိုင်ငံသို့ ခရီးသွားလာရောက်ခွင့် လုံး၀ ကန့်သတ်ခံရသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် ပါဝင်ကြောင်း၊ အာဖဂန်နစ္စတန်၊ မြန်မာ (ဗမာ)၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတာရီယယ်ဂီနီအီရီထရီးယား၊ ဟေတီ၊ အီရန်၊…
-
ဧရာဝတီတိုင်း၌ KIA သင်တန်းဆင်းရဲဘော်များဖြင့် စစ်ရေးဖော်ဆောင်မည်
ဧရာဝတီတိုင်း၌ KIA သင်တန်းဆင်းရဲဘော်များဖြင့် စစ်ရေးဖော်ဆောင်မည် ဧရာဝတီ၊ ဇွန် ၄၊ ၂၀၂၅ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သင်တန်းဆင်းရဲဘော်များ ဦးဆောင်ပြီး ဧရာဝတီတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှု များ ပြုလုပ်နိုင်ရန် အင်အားစုဆောင်းပြင်ဆင်နေကြောင်း ဧရာဝတီ Local PDF တပ်ဖွဲ့ တပ်ရင်းမှူး ကိုစိုင်းက ပြောသည်။ အဆိုပါတပ်ဖွဲ့ကို ချင်း-မကွေးအစပ် လွတ်မြောက်နယ်မြေတနေရာ၌ ၂၀၂၅ ဇန်နဝါရီ ၁ ရက်တွင် စတင်စုဖွဲ့ခဲ့ပြီး လက်ရှိတွင် သင်တန်းသား ၈၉ ဦး ပါဝင်သည့် နှစ်လကြာစစ်သင်တန်းတခုကိုလည်း ပထမအကြိမ် ပေးထားပြီးဖြစ်ကြောင်း သိရသည်။ တပ်ရင်းမှူး ကိုစိုင်းက “ခေါင်းဆောင်တဲ့ ရဲဘော်တွေက KIA သင်တန်းဆင်းရဲဘော်တွေပါ။ အရင်က ဗျူဟာ ၂၉ မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခုလက်ရှိမှာ ဧရာဝတီ Local…
-
ဖားကန့်လာသည့် စစ်တပ်ရဟတ်ယာဉ် နှင့် KIA ပူးပေါင်းတပ် အပြန်အလှန်ပစ်ခတ်
ဖားကန့်လာသည့် စစ်တပ်ရဟတ်ယာဉ် နှင့် KIA ပူးပေါင်းတပ် အပြန်အလှန်ပစ်ခတ် ဇွန်-၄၊၂၀၂၅။ထားမြတ်/People’s Spring ကချင်ပြည်နယ်ဖားကန့်မြို့အခြေစိုက် စစ်ကောင် စီတပ်သို့ လူလာခေါ်သည့် စစ်တပ်ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ် တဦးက ပြောကြားသည်။ ဇွန်လ ၄ရက်နေ့လည်ပိုင်းက ဖားကန့် တပ်မကုန်းသို့ ရဟတ်ယာဉ် ၁ စီး ဆင်းသက်သက်ရန် အခြား ရဟတ်ယာဉ် ၁ စီးဖြင့် ပတ်ပတ်လည်ကို ပစ်ခတ်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက လူမှုကွန်ရက်တွင် အသိပေးထားသည်။ “ဖိုက်တာကပစ်ကူပေးပြီးလူလာခေါ်သွားတယ်” ဟုအခြားကချင်သတင်းရင်းမြစ်တစ်ဦးက ပြော သည်။ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လူလာခေါ်သည့် အခြေအနေ ကို စုံစမ်းနေဆဲဖြစ်ပြီး ကချင်သတင်းရင်းမြစ်အချို့၏ အသိပေးချက်တွင် တပ်မ(၃၃) တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု…
-
နတ်ရေကန် ဆက်သွယ်ရေးစခန်းကြီး ကို AA သိမ်းပိုက်
နတ်ရေကန် ဆက်သွယ်ရေးစခန်းကြီး ကို AA သိမ်းပိုက် ၄ ၊ဇွန် ၊၂၀၂၅ ရခိုင်ရိုးမတွင်းက နတ်ရေကန်ဗျူဟာကုန်း အနီးက နတ်ရေကန် MPT တာဝါလို့ လူသိများတဲ့ ဆက်သွယ်ရေးစခန်းကို အာရက္ခတပ်တော်က မနေ့ည ပိုင်းက သိမ်းပိုက်လိုက်တယ် လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီရဲ့ MPT တာဝါကုန်းစခန်းကို AA ဘက်က မနေ့က ဇွန်လ ၃ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ယောက်က လေးဝတီ FM ကို ပြောပါတယ်။ ” တာဝါတိုင်စခန်းကုန်းကပြတ်သွားပြီလို့ ပြောလို့ရပါတယ်။ ကာကင်းတွေကိုသိမ်းပြီးသိပ်မကြာပါဘူး စခန်းကုန်းတခုလုံးကိုရသွားတာ။ စစ်ကောင်စီဘက်ကတော့ အသေအပျောက်များတယ်။ လက်နက်ခဲယမ်းတွေလည်းရထားပါတယ် အခု နတ်ရေကန်ဗျူဟာမှာ လေကြောင်းရန်ကာကွယ်ရေးစခန်းတစ်ခုပဲ ရှိတော့တယ် ” လို့ ဆိုပါတယ်။ နတ်ရေကန်ဗျူဟာပေါ်က စခန်းကုန်းတွေကို သိမ်းပိုက်ခံရပြီးနောက်မှာ…
-
အောင်ပန်းမြို့ အနီး ဗဟိုပြု၍ အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားရ
အောင်ပန်းမြို့ အနီး ဗဟိုပြု၍ အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားရ ရန်ကုန်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့အနီး ဗဟိုပြု၍ အင်အား ၄.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၆ မိနစ်ခန့်တွင် အောင်ပန်းမြို့အနီး ဗဟိုပြု၍ အင်အား ၄.၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ မြေငလျင် လှုပ်ခတ်မှုကို ပြည်သူများ သိသာစွာ ခံစားခဲ့ရပြီး ငလျင်နှင့်အတူ ကျယ်လောင်သော အသံများပါ ထွက်ပေါ်ခဲ့၍ ထိတ်လန့်ခဲ့ရကြောင်း…
-
စစ်ကောင်စီက TNLA ထိန်းချုပ်မြို့များကို အဆိပ်ငွေ့ဗုံး ၁၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့၍ အရပ်သား ၂၆ ဦး ထိခိုက်သေဆုံး
စစ်ကောင်စီက TNLA ထိန်းချုပ်မြို့များကို အဆိပ်ငွေ့ဗုံး ၁၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့၍ အရပ်သား ၂၆ ဦး ထိခိုက်သေဆုံး ဧရာဝတီတိုင်းမ် ဇွန် ၄ ရက် စစ်ကောင်စီက အပစ်ရပ်သည်ဟု ကြေညာ၍ ၎င်းတို့စစ်ရှုံး လက်လွှတ်လိုက်ရသော တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မြို့များကို မေလအတွင်း အဆိပ်ငွေ့ဗုံး ၁၀၀ ကျော်အပါအဝင် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရှုံးလက်လွှတ်လိုက်ရသည့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထိုကဲ့သို့ တိုက်ခိုက်ခဲ့ကြောင်း TNLA က ယနေ့ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါမြို့များကို စစ်ကောင်စီက…
-
ရန်ကုန်တွင် ယခုတစ်ပတ်အတွင်း ကိုဗစ် ၁၉ လူနာအသစ် ၁၇ ဦးတွေ့ရှိပြီး ကာကွယ်ဆေး ပစ္စည်းပြတ်လပ်နေ
ရန်ကုန်တွင် ယခုတစ်ပတ်အတွင်း ကိုဗစ် ၁၉ လူနာအသစ် ၁၇ ဦးတွေ့ရှိပြီး ကာကွယ်ဆေး ပစ္စည်းပြတ်လပ်နေ ဧရာဝတီတိုင်းမ် ဇွန် ၃ ရက် ရန်ကုန်တိုင်းတွင် ယခုတစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာအသစ် ၁၇ ဦးတွေ့ရှိပြီး ရန်ကုန်မြို့အတွင်းရှိ နာမည်ကြီးပုဂ္ဂလိက ဆေးရုံများတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးပစ္စည်းပြတ်လတ်နေကြောင်း သိရသည်။ မေ ၂၅ မှ ဇွန် ၁ ရက်နေ့အတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)သံသယ ဓာတ်ခွဲနမူနာ ၁၇၇၈ ခုကိုစစ်ဆေးရာတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ လူနာသစ် ၁၇ ဦးတွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဇွန် ၃ ရက်တွင် ထုတ်ပြန် သည်။ ရန်ကုန်မြို့အတွင်း ကိုဗစ် – ၁၉ တွေ့ရှိသူများလာချိန်၌…
-
တန့်ဆည်မြို့နှင့် ၇ မိုင်ခန့်သာ ဝေးသော သဲကုန်းရွာကို ကင်းလှည့်ရန် ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၈ ဦးသေဆုံး
တန့်ဆည်မြို့နှင့် ၇ မိုင်ခန့်သာ ဝေးသော သဲကုန်းရွာကို ကင်းလှည့်ရန် ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၈ ဦးသေဆုံး ရန်ကုန်၊ ဇွန် ၃ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နှင့် ၇ မိုင်ခန့်သာ ဝေးသော သဲကုန်းရွာကို ကင်းလှည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂…
-
စစ်လေယာဉ်များက သေ့ဘောဘိုးစခန်း မကျစေရန် ဗုံးကျဲခုခံစဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးသွားခဲ့ပြီး ကျန်စစ်သားများ အားလုံး အလံဖြူထောင်လက်နက်ချ
စစ်လေယာဉ်များက သေ့ဘောဘိုးစခန်း မကျစေရန် ဗုံးကျဲခုခံစဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးသွားခဲ့ပြီး ကျန်စစ်သားများ အားလုံး အလံဖြူထောင်လက်နက်ချ ရန်ကုန်၊ ဇွန် ၄ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစခန်းကို KNLA တပ်များက ယမန်နေ့ အပြင်းအထန် ထိုးစစ်ဆင်စဉ် သေ့ဘောဘိုးစခန်း မကျစေရေး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲခုခံခဲ့စဉ် မိမိတပ်ဖွဲ့အပေါ် ဗုံးမှားကျဲချမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးသွားခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် KNLA ပူးပေါင်းတပ်များက သေ့ဘောဘိုးစခန်းကို အပြီးသတ် တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းသို့ မသိမ်းပိုက်နိုင်မီ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် အဆက်မပြတ် ခုခံဗုံးကျဲပစ်ခတ်ခဲ့ကြောင်း၊…
-
စစ်တပ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ဖမ်းဆီးခံထားရသော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ထောက်လှမ်းရေးများက စစ်ကြောရေးစခန်းသို့ ခေါ်ဆောင် စစ်ကြောနေ
စစ်တပ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ဖမ်းဆီးခံထားရသော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ထောက်လှမ်းရေးများက စစ်ကြောရေးစခန်းသို့ ခေါ်ဆောင် စစ်ကြောနေ ရန်ကုန်၊ ဇွန် ၄ မင်းအောင်လှိုင် အပါအဝင် စစ်တပ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ဖမ်းဆီးခံထားရသော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ထောက်လှမ်းရေးများက စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်ပြီး စစ်ကြောနေကြောင်း ပြင်ဦးလွင်အခြေစိုက် ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ပြင်ဦးလွင်တွင် နေထိုင်သော စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ထောက် လှမ်းရေးများက ဇော်ဘုန်းဟိန်းကို စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ကြောနေကြောင်း၊ စစ်တပ်ခေါင်းဆောင်များကို ဆဲဆိုမှုနောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက်ပါရှိသနည်းဆိုသော အချက်ကို…