Author: admin
-
ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၇ တက်ရောက်ရန် သင်တန်းသားသစ်များ သင်တန်းကျောင်းသို့ ရောက်ရှိ
ပုသိမ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် ၇ တက်ရောက်ရန် သင်တန်းသားသစ်များ သင်တန်းကျောင်းသို့ ရောက်ရှိ ဧရာဝတီတ်ိုင်းမ် နိုဝင်ဘာ ၈ ရက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် ( ၇ )သင်တန်းတက်ရောက်ရန် စစ်သင်တန်း လေ့ကျင့်ရေးကျောင်းသို့ သင်တန်းသားများ ရောက်ရှိနေကြောင်း ဒေသခံများထံကသိရသည်။ ယခု နိုဝင်ဘာလက စတင်ပြီး ပုသိမ်မြို့၊ ရွှေမြင်တင်၊အမှတ်(၆)စစ်အခြေခံ စစ် လေ့ကျင့်ရေးကျောင်းသို့ သင်တန်းသား ရာနှင့်ချီကာ ရောက်ရှိနေသည်ဟု ဒေသခံများကပြောသည်။ “စုဆောင်းထားတဲ့ သင်တန်းသား အသစ်တွေ သင်တန်းတက်ဖို့ ရောက်နေကြတာများတယ်။ လောလောဆယ် အဲ့ဒီသင်တန်း မတက်ခင် တပ်ထဲမှာ သူတို့ဝယ်စားနေရတယ်။ သင်တန်းကာလကျမှ သူတို့စရိတ်သက်သာမယ်။ လူများတော့ တပ်ထဲမှာ စျေးရောင်းတဲ့သူတွေ အလုပ်ဖြစ်နေတယ်”ဟု ပုသိမ်မြို့ လေ့ကျင့်ရေးကျောင်းနှင့် နီးစပ်သူမြို့ခံတစ်ဦက ဧရာဝတီတိုင်းမ်ကိုပြောသည်။ သင်တန်းတက်ရန်…
-
မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ
မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ နိုဝင်ဘာ ၉၊ ၂၀၂၄ နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။ မြောက်ဥက္ကလာပ EPC ရုံး၊ အစောင့်ချထားတဲ့ နေရာကို လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ထိခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရတာပါ။ “ပြည်သူတွေကိုအကြမ်းဖက်နေတဲ့ စစ်တပ်၊ ရဲတွေကို၊ သူတို့ကင်းကျတဲ့ EPC ရုံးထိ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ Yangon UG People Army တာဝန်ခံ ဂျိုးက မောင်းကိုပြောပါတယ်။…
-
မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန်ရှိ
မြန်မာနိုင်ငံတွင် အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့်လူ့အခွင့်အရေး ချိုးဖောက် နေသော စစ်ကောင်စီကို ILO ၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန်ရှိ ရန်ကုန်၊ နိုဝင်ဘာ ၉ မြန်မာနိုင်ငံတွင် စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ် ရှင်နှင့်လူ့အခွင့် အရေး ချိုးဖောက်နေမှုများ ကျူးလွန်နေကြောင်း ကမ္ဘာ့အလုပ် သမားအဖွဲ့ချုပ် ILO က ထပ်မံအတည်ပြုလိုက်ပြီး ILO၏ Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုဖြင့် အရေးယူရေး အတည်ပြုရန် စာတမ်းတင်ပြခိုင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ ဥက္ကဋ္ဌ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သော ILO အုပ်ချုပ်ရေးအဖွဲ့၏ အစည်းအဝေးတွင်…
-
စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ် စစ် ဝန်ကြီး ဦးဝင်းခိုင် မန္တလေးဆေးရုံကြီး ICU တွင် ကွယ်လွန်၊ ယနေ့သဂြိုလ်မည်
စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ် စစ် ဝန်ကြီး ဦးဝင်းခိုင် မန္တလေးဆေးရုံကြီး ICU တွင် ကွယ်လွန်၊ ယနေ့သဂြိုလ်မည် ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားကြောင်း NLD သတင်းရင်းမြစ်က အတည် ပြုသည်။ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီအချိန် NLD အစိုးရ ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံ နက် ၁၁ နာရီအချိန် မန္တလေးဆေးရုံကြီး၊ ရေခဲတိုက်မှ ကြာနီကန်သုဿာန်သို့…
-
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ခေါင်းဆောင်ဆီ ထောက်မပြခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို အတိုက်အခံအမတ် ဝေဖန်
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ခေါင်းဆောင်ဆီ ထောက်မပြခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို အတိုက်အခံအမတ် ဝေဖန် -People’s Spring အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဘာကြောင့် ထောက်မပြခဲ့သလဲလို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် တစ်ဦးက ထိုင်းဝန်ကြီးချုပ်ကို မေးခွန်းထုတ်လိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှင်နာဝပ်ထရာဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မဟာမဲခေါင် ဒေသခွဲ (GMS) ထိပ်သီး ညီလာခံနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ သူဟာ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ကို ပထမဆုံး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နိုဝင်ဘာ ၇ ရက်နေ့က ACMECS အစည်းအဝေး…
-
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီး မြောက်ဥက္ကလာပလျှပ်စစ်ရုံးကိုလည်း လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား ရန်ကုန်၊ နိုဝင်ဘာ ၉ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပေါက်ကွဲသံများကို ထွက်ပေါ်လာကြောင်း လေတပ်အနီးနေထိုင်သူ ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြော ဆိုသည်။ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သံများကြားရပြီး ပေါက်ကွဲသံ ၂ ကြိမ်ခန့်မှာ အလွန်ကျယ်လောင်ကြောင်း၊ ထပ်မံ၍ အနည်းငယ်သာ ကြားရသော ပေါက်ကွဲသံ တချို့ကိုလည်း ဆက်လက် ကြားရကြောင်း မှော်ဘီလေတပ်အနီးရှိ တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတချို့က ပြောဆိုကြသည်။ “ပေါက်ကွဲသံတွေကြားရတာ။…
-
ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆို
ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆို ရန်ကုန်၊ နိုဝင်ဘာ ၈ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖီမော်မြို့၊ ကန်ဖန်းရွာမှ အလင်းဝင်ရောက်ခဲ့သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြုကြိုဆိုပွဲပြုလုပ်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟောပြောပွဲလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကန်ဖန်းရွာကို နိုဝင်ဘာလ ၄ ရက်နေ့…
-
AA၏ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း နပခတိုင်းမှူးရော ၊ဒုတိုင်းမှူးပါ ထွက်ပြေး
AA၏ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း နပခတိုင်းမှူးရော ၊ဒုတိုင်းမှူးပါ ထွက်ပြေး အိမ်သွင်/People’s Spring အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲတွင် မြေပြင်၌ တိုက် ရိုက်ကွပ်ကဲမည့် စစ်ကောင်စီထိပ်တန်းအရာရှိများစွန့်ခွာထွက်ပြေးနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် မကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။ “ဗိုလ်မှူးချုပ်သောင်းထွန်းရယ်၊ ဒဏ်ရာရတဲ့ ခမရ (၃၇၂)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနဲ့အရာရှိကြီး တွေ၊ ထွေအုပ်မှာရှိတဲ့ ဒုညွှန်မှူးအဆင့်ကနေဒုဦး စီးအဆင့်အထိရဟတ်ယာဉ်နဲ့ခေါ်ထုတ်သွားတယ်။ ခေါ်သွားတဲ့အထဲမှာ ဒဏ်ရာရသူတွေပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ နိုဝင်လာလ ၄ရက်နေ့က နပခထဲရှိ ရဟတ်ယာဉ်ကွင်းသို့ စစ်ရဟတ်ယာဉ် ၂စီးဆင်းသက်ခဲ့ပြီး ရိက္ခာနှင့် လူအင်အား ပို့ဆောင်ကာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဦးဆောင်သည့် ၂ဝဦးခန့်ကို မကွေးမြို့တပ်မ(၈၈)သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ “တိုင်းမှူးက အမ်းမှာမရှိဘူး။ နောက်ဆုံးသတင်းရတာက…
-
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဦးဆောင်ပြီး နေပြည်တော်စစ်ရုံးမှာ အစည်းအဝေးလုပ်ခဲ့
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဦးဆောင်ပြီး နေပြည်တော်စစ်ရုံးမှာ အစည်းအဝေးလုပ်ခဲ့ နိုဝင်ဘာလ ၈ ရက် ယမန်နေ့ နိုဝင်ဘာ၇ရက်နေ့က စစ်အာဏာရှင်ဟောင်းဦးသန်းရွှေ ဦးဆောင်ပြီး နေပြည်တော်ရှိ စစ်ရုံးမှာ တံခါးပိတ်အစည်းဝေးပြုလုပ်ခဲ့ကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းမှတဆင့် သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ရောက်ရှိနေချိန်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ဦးဆောင်ပြီး အခုလို အစည်းအဝေးကိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ AAMIJ မှ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အဆိုပါ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေဦးဆောင်တဲ့ တံခါးပိတ်အစည်းအဝေးဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ဧရာဝတီမြစ်ဆုံကိစ္စကို ဗီဒီယိုရုပ်သံဖြင့် အစည်းဝေးပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။ အဆက် – ⤵️⤵️ဧရာဝတီမြစ်ဆုံစီမံကိန်းမှာပါဝင်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို တရုတ်သမ္မတ ရှီကျင်းပင်က ဗီဒီယိုရုပ်သံဖြင့် ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ဆွေးနွေးခဲ့တာလို့ နေပြည်တော်ရှိ AAMIJက သတင်းအရင်းအမြစ်က ဆိုပါတယ်။ AAMIJရဲ့ သီးခြားထပ်မံစုံစမ်းမှုတွေအရ…