Author: admin

  • ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး…

    ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး…

    by

    in

    ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ် စခန်းစွန့်ခွာထွက်ပြေး… အောက်တိုဘာ ၁၄ ၊ ၂၀၂၄ ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ထူးချောင်းစခန်းကုန်းကို စွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ထူးချောင်းစခန်းကုန်းကို ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့အတူ တော်လှန်ရေးတပ်ပေါင်းစုက ၀င်ရောက်ရှင်းလင်းခဲ့ရာ လက်နက် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖားဆောင်း PDF က ဆိုပါတယ်။ အဲ့ဒီစစ်ဆင်းရေးကို တော်လှန်ရေးတပ်ပေါင်းစုနဲ့အတူ ဖားဆောင်း PDF ၊ KA Drone Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဖားဆောင်းရှိ စစ်ကောင်စီတပ်စခန်း…

  • ရွှေကျင်၊ အင်္ဂပူနှင့် မြို့သစ်မြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က စစ်သားစုဆောင်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေပြီး  လူငယ်တစ်ဦးလျှင် အနည်းဆုံး သိန်း ၁၀၀ ဖြင့် ရွေးခိုင်း

    ရွှေကျင်၊ အင်္ဂပူနှင့် မြို့သစ်မြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က စစ်သားစုဆောင်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေပြီး လူငယ်တစ်ဦးလျှင် အနည်းဆုံး သိန်း ၁၀၀ ဖြင့် ရွေးခိုင်း

    by

    in

    ရွှေကျင်၊ အင်္ဂပူနှင့် မြို့သစ်မြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က စစ်သားစုဆောင်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေပြီး လူငယ်တစ်ဦးလျှင် အနည်းဆုံး သိန်း ၁၀၀ ဖြင့် ရွေးခိုင်း ရန်ကုန်၊ အောက်တိုဘာ ၁၄ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်နှင့် မကွေးတိုင်း၊ မြို့သစ်မြို့နယ်တို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေကြေးတောင်းယူမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ခလရ ၅၇ တပ်က လူငယ်များကို ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးထားသည့်လူငယ်များကို ခလရ ၅၇ ထဲတွင် ထည့်သွင်းထားပြီး သက်ဆိုင်ရာ မိဘများကို ဆက်သွယ်စေကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့်…

  • သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က သိမ်းပိုက်ရရှိဟု တရုတ်သတင်းများတွင် ဖော်ပြ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မရှိတော့ဘဲ ကင်းစင်သွားပြီဟုဆို

    သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က သိမ်းပိုက်ရရှိဟု တရုတ်သတင်းများတွင် ဖော်ပြ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မရှိတော့ဘဲ ကင်းစင်သွားပြီဟုဆို

    by

    in

    သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က သိမ်းပိုက်ရရှိဟု တရုတ်သတင်းများတွင် ဖော်ပြ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မရှိတော့ဘဲ ကင်းစင်သွားပြီဟုဆို ရန်ကုန်၊ အောက်တိုဘာ ၁၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်ခံတပ်စခန်းဖြစ်သော ခလရ ၂၃ တပ်ရင်းဌာနချုပ်ကို TNLA ဦးဆောင်သော တော်လှန်ရေတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းလိုက်ပြီး သီပေါမြို့နယ်တစ်ခလုံးတွင် စစ်ကောင်စီ၏ တပ်စခန်း လုံး၀ မရှိတော့ဘဲ ကင်းစင်သွားကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ညနေပိုင်းတွင် သီပေါမြိုရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တရုတ်သတင်းများတွင် စတင်ဖော်ပြနေကြောင်း၊ သီပေါမြို့နယ်တွင် စစ်တပ်စခန်းအားလုံး…

  • ဘုတလင်မြို့နယ်၊ တက်လှိုင်းရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်စီးနင်းပြီး  သံဃာတော်များအပါအဝင် ပြည်သူ ၁၀၀ ဦးခန့်ကို ဖမ်းဆီးထား

    ဘုတလင်မြို့နယ်၊ တက်လှိုင်းရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်စီးနင်းပြီး သံဃာတော်များအပါအဝင် ပြည်သူ ၁၀၀ ဦးခန့်ကို ဖမ်းဆီးထား

    by

    in

    ဘုတလင်မြို့နယ်၊ တက်လှိုင်းရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်စီးနင်းပြီး သံဃာတော်များအပါအဝင် ပြည်သူ ၁၀၀ ဦးခန့်ကို ဖမ်းဆီးထား ရန်ကုန်၊ အောက်တိုဘာ ၁၄ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊တက်လှိုင်းရွာကို စစ်ကောင်စီတပ်ဖွဲ့က မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀၀ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသပြည်သူထံမှ သိရှိရပါတယ်။ ဘုတလင်မြို့နယ် မြောက်ကျီရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းက တက်လှိုင်းရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တက်လှိုင်းရွာ စာသင်ကျောင်းထဲမှာ သံဃာတော်တွေအပါအဝင် ‌ပြည်သူ ၁၀၀ခန့်ကို ဖမ်းဆီးထားတာဖြစ်တယ်လို့ ဒေသပြည်သူတွေက ပြောပါတယ်။ “ဖမ်းဆီးခံထားရတာ အနည်းဆုံး ရာဂဏန်းတော့ ရှိတယ်၊မြောက်ကျီကနေ ထိုးလာတဲ့ စစ်ကြောင်းက တွေ့သမျှ ကလေး၊လူကြီး၊ဘုန်းကြီးတွေပါ ဖမ်းလာတာ”လို့ ဆိုပါတယ်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့က သူတို့တပ်စွဲထားတဲ့ မြောက်ကျီရွာမှာလည်း ရွာခံတွေနဲ့ ဘုတလင်မြို့ပေါ်က ပြည်သူ…

  • လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် စစ်တပ်က မွေးမြူထားသော ကမာရွတ်တွင် တစ်ရက်တည်း အိမ်စီးကား ၁၀ စီး မှန်ခွဲ ဖောက်ထွင်းအခိုးခံရ၊  စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများ ပေါင်း၍ ပြည်သူများကို ဖမ်ဆီး ငွေညှစ်မှုများပါ လုပ်နေ

    လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် စစ်တပ်က မွေးမြူထားသော ကမာရွတ်တွင် တစ်ရက်တည်း အိမ်စီးကား ၁၀ စီး မှန်ခွဲ ဖောက်ထွင်းအခိုးခံရ၊ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများ ပေါင်း၍ ပြည်သူများကို ဖမ်ဆီး ငွေညှစ်မှုများပါ လုပ်နေ

    by

    in

    လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် စစ်တပ်က မွေးမြူထားသော ကမာရွတ်တွင် တစ်ရက်တည်း အိမ်စီးကား ၁၀ စီး မှန်ခွဲ ဖောက်ထွင်းအခိုးခံရ၊ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများ ပေါင်း၍ ပြည်သူများကို ဖမ်ဆီး ငွေညှစ်မှုများပါ လုပ်နေ ရန်ကုန်၊ အောက်တိုဘာ ၁၄ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် မွေးမြူထားပြီးနောက် တစ်ရက်တည်း ကား ၁၀ စီး ဖောက်ထွင်းအခိုးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန် အကြမ်းဖက် စစ်တပ်၏ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန် စစ်တပ်က လက်သက်မွေးထားသော သူခိုးများက ပြည်သူပိုင် ကား ၁၀…

  • မြောက်ဥက္ကလာမြို့နယ်တွင် စစ်တပ်၏ သန်းခေါင်းစာရင်း ကောက်ယူမှု၌ ပူးပေါင်းပါဝင်သည့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်

    မြောက်ဥက္ကလာမြို့နယ်တွင် စစ်တပ်၏ သန်းခေါင်းစာရင်း ကောက်ယူမှု၌ ပူးပေါင်းပါဝင်သည့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်

    by

    in

    မြောက်ဥက္ကလာမြို့နယ်တွင် စစ်တပ်၏ သန်းခေါင်းစာရင်း ကောက်ယူမှု၌ ပူးပေါင်းပါဝင်သည့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက် ရန်ကုန်၊ အောက်တိုဘာ ၁၃ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ သန်းခေါင်းစာရင်း ကောက်ယူမှု၌ ပူးပေါင်းပါဝင်သည့် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၃ လုံး တပြိုင်တည်း…

  • မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံရ၊ ရင်ဘတ်ဖောက်ထွက် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရဟုဆို၊

    မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံရ၊ ရင်ဘတ်ဖောက်ထွက် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရဟုဆို၊

    by

    in

    မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံရ၊ ရင်ဘတ်ဖောက်ထွက် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရဟုဆို၊ ဒေါ်လာ/MFP ၊ အောက်တိုဘာ – ၁၃ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂လမ်း၊ ၁၂၄လမ်းနဲ့ ၁၂၅လမ်းကြားမှာ နေရာယူပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စု လက်အောက်ခံ ဒု-ရဲအုပ် အဆင့် ယာဉ်ထိန်းရဲမေ အမျိုးသမီးတစ်ဦး ဒီကနေ့ ညနေပိုင်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီ ပြည်ကြီးတံခွန်မြိုနယ်၊ (စ)ရပ်ကွက်၊ ၆၂လမ်းပေါ်မှာ ယာဉ်ထိန်းရဲနဲ့ ပျူစောထီး စုစုပေါင်း ၁၁ ဦး အုပ်စုဖွဲ့ နေရာယူကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးငွေညှစနေချိန် ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်တာလို့ မန္တလေးနန်းတွင်း…

  • မတ္တရာက PDF သိမ်းထားတဲ့နေရာတွေ စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်၊ နယ်မြေတွေ ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ ရရှိဟု MDY-PDF ပြော၊

    မတ္တရာက PDF သိမ်းထားတဲ့နေရာတွေ စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်၊ နယ်မြေတွေ ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ ရရှိဟု MDY-PDF ပြော၊

    by

    in

    မတ္တရာက PDF သိမ်းထားတဲ့နေရာတွေ စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်၊ နယ်မြေတွေ ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ ရရှိဟု MDY-PDF ပြော၊ တေဇ/MFP ၊ အောက်တိုဘာ – ၁၃ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်လည် ရရှိရေး စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူကာ မြေပြင်စစ်ကြောင်းတွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က သတင်းထုတ်ပြန်ပါတယ်။ ယခု အောက်တိုဘာလဆန်းက စလို့ မတ္တရာမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက် ထားတဲ့ နယ်မြေတွေကို စစ်အုပ်စုက ပြန်လည်…

  • CDFထန်တလန်စစ်ဦးစီးချုပ်  မြို့သိမ်းတိုက်ပွဲတွင်ကျဆုံး

    CDFထန်တလန်စစ်ဦးစီးချုပ် မြို့သိမ်းတိုက်ပွဲတွင်ကျဆုံး

    by

    in

    CDFထန်တလန်စစ်ဦးစီးချုပ် မြို့သိမ်းတိုက်ပွဲတွင်ကျဆုံး လူအေး ၊ဟန်​နွေ /People’s Spring ချင်း​ကာကွယ်ရေးတပ် (CDF) ထန်တလန်စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) သည် ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်များထံမှသိရသည်။ ဆလိုင်းရမ်ဇာရ် (Ram Zel) သည်အောက်တိုဘာ ၁၂ ရက်က ထန်တလန်မြို့ပေါ် တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့တိုက်ပွဲမှာလက်နက်ကြီးထိတာပါ” ဟု ချင်းကာကွယ် ရေးရဲဘော်တစ်ဦးကပြော သည်။ ဆလိုင်းရမ်ဇာရ်ကျဆုံးခြင်းနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ” ချင်းမြေတည်တံ့၊တည်ရှိ‌နေသ၍ Generation အဆက်ဆက်မှာ သူရဲကောင်းကြီးရဲ့အမည်နာမ မပျောက်ပျက်စေရဘူး။ ငြိမ်းချမ်းစွာ အနားယူနှင့်ပါ” ဟု လူမှုကွန် ရက်၌ရေးသားထားသည်။ CDF ထန်တလန် စစ်ဦးစီးချုပ် ကျဆုံးမှု…

  • စစ်အာဏာရှင်ဟောင်း၏ သမက်ဒေါက်တာနေစိုးမောင် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းများထွက်ပေါ်

    စစ်အာဏာရှင်ဟောင်း၏ သမက်ဒေါက်တာနေစိုးမောင် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းများထွက်ပေါ်

    by

    in

    စစ်အာဏာရှင်ဟောင်း၏ သမက်ဒေါက်တာနေစိုးမောင် ဖမ်းဆီးစစ်ဆေးခံနေရဟု သတင်းများထွက်ပေါ် အောက်တိုဘာ ၁၃၊ The Nation Voice သတင်း – 555 စစ်အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် ချန်နယ်တွေမှာတော့ ဒေါက်တာနေစိုးမောင်ကို မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးအပြန်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဖော်ပြကြပါတယ်။ “ဒီရက်ပိုင်းမှာသတင်းတွေက သူတို့စစ်ဘောမတွေအချင်းချင်း ရန်ဖြစ်တဲ့ပုံစံတွေနဲ့တင်ကြတယ်။ အဲဒီသတင်းလည်းပြီးရော ဦးတေဇခြံရောင်းတဲ့သတင်း ထပ်ပြီးတက်လာတယ်။ ခုသတင်းကတော့ နောက်ဆက်တွဲသတင်းတစ်ပုဒ်ပါပဲ။ သူတို့ဘက်က‌ ပြောခွင့်ရတဲ့သူကဖမ်းထားလား။ မဖမ်းထားဘူးလားဆိုတာ ရှင်းပါလိမ့်မယ်။ ဒီလိုလူမျိုးတွေကို လွယ်လွယ်နဲ့ဖမ်းလို့ မရပါဘူး”လို့ အငြိမ်းစားအရာရှိကြီးတစ်ဦးက The Nation Voice ကိုပြောပါတယ်။ ဒေါက်တာနေစိုးမောင်ဟာ ‌စစ်ထောက်ချုပ်ဟောင်းတစ်ဦးရဲ့သားဖြစ်ပြီး ဦးသန်းရွှေရဲ့…