Author: admin
-
မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ ရင်ပြင်နီအောင်ပွဲသို့ တက်မည်ဖြစ်ပြီး မကြာခင်က အပြီးအပြတ် ဝယ်ယူထားသော Airbus လေယာဉ်ဖြင့် ရုရှားသို့ မေလ ၆ ရက်နေ့ သွားရောက်မည်
မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ ရင်ပြင်နီအောင်ပွဲသို့ တက်မည်ဖြစ်ပြီး မကြာခင်က အပြီးအပြတ် ဝယ်ယူထားသော Airbus လေယာဉ်ဖြင့် ရုရှားသို့ မေလ ၆ ရက်နေ့ သွားရောက်မည် ရန်ကုန်၊ မေ ၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ ရင်ပြင်နီအောင် ပွဲသို့ တက်မည်ဖြစ်ပြီး မကြာခင်က အပြီးအပြတ် ဝယ်ယူထားသော Airbus လေယာဉ်ဖြင့် သွားရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၉ ရက်နေ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြိုတော် မော်စကို ရင်ပြင်နီတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။ “မေလ ၆ ရက်နေ့မှာ…
-
ပြည်သူများနေထိုင်ရာနေရာနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှု များလာသဖြင့် အမေရိကန်အနေနှင့် လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် တောင်းဆို
ပြည်သူများနေထိုင်ရာနေရာနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှု များလာသဖြင့် အမေရိကန်အနေနှင့် လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် တောင်းဆို ရန်ကုန်၊ မေ ၂ အကြမ်းဖက်စစ်တပ်ဘက်က စစ်ရေးရှုံးနိမ့်မှုများပြားလာချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများနေထိုင်ရာ မြို့ရွာများနှင့် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းကနေ တိုက်ခိုက်မှု ပိုမိုဆိုးရွားလာသဖြင့် အမေရိကန်အနေနှင့် လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ် (Anti-Aircraft Systems)များ ထောက်ပံ့ပေးနိုင်လျှင် ကောင်းမည်ဖြစ်ကြောင်း Burma Research Institute ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Zo Tum Hmung က ပြောကြားသည်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဧပြီလ ၂၈ ရက်နေ့က ကျင်းပခဲ့သော Hybrid Congressional Briefing- Burma: Humanitarian Crisis and Violations of religious…
-
ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်၊ ဒု-တပ်ရင်းမှူးအပါအဝင် (၂၀)ကျော်သေဆုံး
ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်၊ ဒု-တပ်ရင်းမှူးအပါအဝင် (၂၀)ကျော်သေဆုံး မေ ၂၊ ၂၀၂၅ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ဒု-တပ်ရင်းမှူးအပါအဝင် စစ်သား (၂၀)ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။ အဆိုပါစစ်ကောင်စီတပ်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၄)၊ ဗျူဟာ (၂၅)၊ အမှတ် (၇၈၀၃)တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဧရာဝတီ အမှတ် (၃)တပ်ရင်း၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ်…
-
မုန်းမြို့အနီးရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်
မုန်းမြို့အနီးရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက် ဧရာဝတီတိုင်းမ် မေ ၂ ရက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ မူးမြို့နယ်(မုန်း) အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့ စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ တပ်များဖြစ်သည့် ခလရ-၆၀ တပ်ရင်း၊ ခလရ-၇၃ တပ်ရင်း တို့မှ ထိုးစစ်ဆင်ကာ ခြေကုတ်ယူ စခန်းချထားသည့် နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာများ ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူး နှင့် အရန်တာဝန်ခံဗိုလ်တစ်ဦးအပါအဝင်…
-
တရုတ်၊ ကူမင်းဆွေးနွေးပွဲတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့်မိုးကုတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီတောင်းဆိုမှု TNLA က ပယ်ချ 🟥 ကိုးကန့် MNDAA ကဲ့သို့ TNLA ကိုလုပ်ဆောင်ရန် တရုတ်က စွက်ဖက်နေ
တရုတ်၊ ကူမင်းဆွေးနွေးပွဲတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့်မိုးကုတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီတောင်းဆိုမှု TNLA က ပယ်ချ 🟥 ကိုးကန့် MNDAA ကဲ့သို့ TNLA ကိုလုပ်ဆောင်ရန် တရုတ်က စွက်ဖက်နေ ရန်ကုန်၊ မေ ၂ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ထားသော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊မိုးကုတ်၊ နမ့်ဆမ်နှင့် မန်တို့မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီတောင်းဆိုမှု TNLA က ပယ်ချလိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီကိုယ်စားလှယ်နှင့်…
-
မောင်မယ်ရှောင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီးသေဆုံးမှုမှာ လက်နက်ချလိုသည့်ပြည်သူ့စစ်မှုထမ်း၏ ပစ်သတ်မှုကြောင့်ဟု PDF စစ်ဆင်ရေးမှူးပြော
မောင်မယ်ရှောင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီးသေဆုံးမှုမှာ လက်နက်ချလိုသည့်ပြည်သူ့စစ်မှုထမ်း၏ ပစ်သတ်မှုကြောင့်ဟု PDF စစ်ဆင်ရေးမှူးပြော မေ ၂၊၂၀၂၅။ထားမြတ်/People’s Spring တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ဗိုလ်ကြီးသေဆုံးခဲ့မှုမှာ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ လက်နက်ချလိုသည့် ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃)စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။ “ကျနော်တို့ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောပြချက်အရပေါ့။ အဓိကတော့ သူထိသွားတာကတော့ ၅.၅၆ နဲ့ အနောက်ကျည်ထိတာပေါ့။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမဟုတ်ဘူး။ အနောက်က ပစ်တာပေါ့ အနောက်က ပစ်လို့ထိသွားတာလို့ သုံးသပ်ရတာပေါ့”ဟု ၎င်းက ပြောသည်။ မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကောင်စီစခန်းကို ဧပြီ ၂၆ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ၁၆ ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။…
-
NUG အစိုးရ က တရုတ်နိုင်ငံ၏ ရန်သူမဟုတ်၊ တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှု စစ်အာဏာရှင် သက်ဆိုးရှည်အောင် မဖြစ်သင့်ဟု NUG ယာယီသမ္မတ ပြောဆို
NUG အစိုးရ က တရုတ်နိုင်ငံ၏ ရန်သူမဟုတ်၊ တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှု စစ်အာဏာရှင် သက်ဆိုးရှည်အောင် မဖြစ်သင့်ဟု NUG ယာယီသမ္မတ ပြောဆို ရန်ကုန်၊ မေ ၂ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တရုတ်နိုင်ငံ၏ ရန်သူမဟုတ်ဘဲ တရုတ်၏ မြန်မာ့အရေး ကြားဝင် ဖျန် ဖြေမှုမှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် မဖြစ်သင့်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ ဧပြီလ ၂၉ ရက်နေ့ တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ ၁၃ /၂၀၂၅ အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်နိုင်ငံ၏ ရန်သူမဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင်…
-
စစ်ကောင်စီက ပြန်လည်စစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့်သူ နည်းပါးနေ၍ ကျောင်းသားကျောင်းသူများနှင့်မိဘများကို စစ်တပ်က ခြိမ်းခြောက် ဖိအားပေးနေ၊ မန္တလေးတွင် စာမေးပွဲ လာဖြေရန် လော်စပီကာဖြင့် လိုက်အော်
စစ်ကောင်စီက ပြန်လည်စစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့်သူ နည်းပါးနေ၍ ကျောင်းသားကျောင်းသူများနှင့်မိဘများကို စစ်တပ်က ခြိမ်းခြောက် ဖိအားပေးနေ၊ မန္တလေးတွင် စာမေးပွဲ လာဖြေရန် လော်စပီကာဖြင့် လိုက်အော် ရန်ကုန်၊ မေ ၂ အကြမ်းဖက် စစ်ကောင်စီက ပြန်လည်စစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ငလျင်ဘေးသင့်ဒေသမှ ကျောင်း သားကျောင်း သူများ ပြန်လည်ဖြေဆိုကြရန် စစ်တပ်၊ ရဲ၊ ထွေအုပ် အပါအဝင် ဌာနပေါင်းစုံက ကျောင်းသားများနှင့် မိဘများကို ဖိအားပေးခြိမ်းခြောက်နေကြောင်း ငလျင်ဘေးသင့်ဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း၊ အဖြေလွှာပျက်စီးခဲ့သည့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူများ…
-
ခလရ ၂၅၈ မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ စောင့်ကြိုတိုက်ခိုက်ခံရ၊ ၃ ဦးသေပြီး ၁၀ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)
ခလရ ၂၅၈ မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ စောင့်ကြိုတိုက်ခိုက်ခံရ၊ ၃ ဦးသေပြီး ၁၀ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ) မေ ၁၊ ၂၀၂၅ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းကနေ အင်အား ၁၅၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ထံက သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ထန်းဆယ်ပင်ကျေးရွာအနီး အသင့်စောင့်ဆိုင်းကာ တစ် ရက်လုံးနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ရေစကြိုမြို့ပေါ်ရှိ စုပေါင်းရုံးကနေ လက်နက်ကြီးပစ်ကူ ပေးခဲ့ကာ အကြမ်းဖက်စစ်သားတွေ ထန်းဆယ်ပင်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာချိန်မှာ…
-
တရုတ်အကူအညီဖြင့် လားရှိုးကို စစ်ကောင်စီက ပြန်လည်ရရှိသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ဖွင့်လှစ်ရန် မရှိတော့ဘဲ မိုင်းရယ်နှင့်တန့်ယန်းတွင် မြို့သစ်ဖော် အခြေစိုက်ထား
တရုတ်အကူအညီဖြင့် လားရှိုးကို စစ်ကောင်စီက ပြန်လည်ရရှိသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ဖွင့်လှစ်ရန် မရှိတော့ဘဲ မိုင်းရယ်နှင့်တန့်ယန်းတွင် မြို့သစ်ဖော် အခြေစိုက်ထား ရန်ကုန်၊ မေ ၂ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးကို စစ်ကောင်စီက ပြန်လည်ရရှိလိုက်ပြီသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ဖွင့်လှစ်ရန် မရှိတော့ဘဲ မိုင်းရယ်နှင့်တန့်ယန်းတွင် မြို့သစ် ဖော် အခြေစိုက်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၁ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက လားရှိုးမြို့ကို ပြန်လည်ရယူထားသော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုမူ အခြေစိုက်ရန်မရှိတော့ စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)အဆင့်သာ ပြန်လည် ဖွဲ့စည်းထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။ “ရမခ တိုင်းစစ်ဌာနချုပ်ကိုတော့ လားရှိုးမှာ ပြန်အခြေစိုက်ဖို့မရှိပါဘူး။ စကခ အဆင့်ပဲ ပြန်လည်ဖွဲ့စည်းမယ်လို့ သိရပါတယ်။ လက်နက်နဲ့ လူအင်အားတွေ ပြန်ပို့ပြီး…