ဗိုလ်မြတ်ထွန်းတံတား အပေါ် နဲ့ အောက်တွေပါ လုံခြုံရေးတိုးချဲ့ထားပြီး စစ်ဆေးရေးတင်းကြပ်ကာ ငွေကြေးတောင်းခံနေ
ဇူလိုင် ၅
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကြားက မြို့နယ်တွေမှာ စစ်ကောင်စီက လုံခြုံရေးဘန်ကာ ၂ ထပ် ဘန်ကာ တိုက်ခန်းငယ်တွေကို ဇွန်လကုန်ပိုင်းက စတင် တိုးချဲ့ဆောက်လုပ်နေပြီး ခရီးသွားတွေကို ပုံမှန်ထက် ပိုမိုတင်းကြပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဗိုလ်မြတ်ထွန်တံတား အပေါ် နဲ့ အောက်တွေပါ လုံခြုံရေးတိုးချဲ့ထာပြီး တံတားထိပ် ၂ ခုလုံးမှာ ၂ ထပ် ဘန်ကာတွေ တည်ဆောက်ကာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေကိုလည်း ငွေကြေးတောင်းတာတွေ ရိက္ခာအတွက် ကားပေါ်ပါတဲ့ ပစ္စည်းတချို့ တောင်းယူတာတွေ ပြုလုပ်တယ်နေတယ်လို့ သိရပါတယ်။
” ဗိုလ်မြတ်ထွန်းတံတားမှာက ခုလအစပိုင်း ပိုစစ်တယ်။ ကုန်တွေကို စစ်တယ်။ ကြက်သွန် နဲ့အာလူးတွေသယ်ခွင့် မပေးဘူး အရင်ကတည်းက။ ဒါပေမယ့် အနည်းအပါးသယ်လို့ရတယ်။ သယ်ရင် သူတို့ကို နည်းနည်ပေးရတယ်။ မုန့်ထုတ်တွေ နဲ့ တခြားဟာတွေလည်း ခုလိုပဲ သူတို့ကို နည်းနည်စီပေးရတယ်။ ပိုက်ဆံလည်း ပေးရတယ်။ တခေါက် ၆၀၀၀ ပေးရတယ်။ အရင်ကတော့ မပေးရဘူး။ ခုနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေကို ပေးရတာ တံတားဖြတ်သန်းခက သက်သက် ပေးရတာ မတူဘူး ” လို့ ဖြတ်သန်းသွားလာဖူးသူ ကားသမားတစ်ဦးက မြို့တော်ကို ပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းက တိုက်ပွဲတွေ ရန်ကုန်တိုင်းထဲဝင်လာမှာ စိုးရိမ်တာကြောင့် ဧရာဝတီ ရန်ကုန် လမ်းမပေါ်မှာ ဘန်ကာတွေအသစ်တိုးချဲ့ ဆောက်လုပ်နေတာဖြစ်ပြီး ခရီးသွားတွေကို အထူးကြပ်မတ်စစ်ဆေးနေတာလို့ သိရပါတယ်။
” ဧရာဝတီကနေ ရန်ကုန်ကို လာတဲ့ကားတွေကို အဓိက စစ်တာ။ ရန်ကုန်ဘက်ကနေ ဧရာဝတီဘက်သွားရင် အဲ့လောက်မစစ်ဘူး။ ရခိုင် မှတ်ပုံတင်ကိုင်ထားတဲ့ သူဆိုရင်တော့ အရမ်းစစ်တယ်။ အလာရော အပြန်ရော တဂိတ်ကို ၅၀၀၀၀ ပေးမှ သူတို့ကို အေးဆေးသွားခွင့်ပေးတယ်။ အဲ့လိုမဟုတ်ရင် ဂိတ်တွေမှာ ပြသနာရှာတာ ကားသမားပါ တိုင်ပတ်တယ် ” လို့ ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက မြို့တော်ကို ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီက လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာ လက်နက်ကြီး အထိုင်စခန်းတွေ တည်ဆောက်နေပြီး ဧရာဝတီတိုင်းထဲက မြို့နယ်အသီးသီးမှာ ပြည်သူ့စစ်တွေကို သင်တန်းပေးနေတယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel