Author: admin

  • လက်လွှတ်ထားသည့် မြို့များ အကုန်ပြန်သိမ်းပြမည်ဟု  ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကြုံးဝါး

    လက်လွှတ်ထားသည့် မြို့များ အကုန်ပြန်သိမ်းပြမည်ဟု ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကြုံးဝါး

    by

    in

    စစ်ကောင်စီတပ်က လက်လွှတ်ထားရတဲ့မြို့တွေကို တမြို့မကျန် အကုန်ပြန်သိမ်းပြမယ်လို့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြောလိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဧပြီ ၂၇ ရက်ညနေက ပြုလုပ်တဲ့ နောင်ချို၊ ဗန်းမော်၊ ဖားကန့် ၊ပန်းတောင်းနဲ့ ဧရာဝတီစတဲ့ စစ်ရေးဆိုင်ရာအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။ “မြို့တွေအကုန် တနေ့ပြန်သိမ်းပြမယ်ပြောတယ်။ ဘယ်နေ့လဲဆိုတာ ထည့်မပြောဘူး။ ၃ လလား ၁ နှစ်အတွင်းလား။ ဒါမှမဟုတ် ၃ နှစ်အတွင်းလား။ သူကိုယ်တိုင် စစ်မတိုက်ရတော့ ရှေ့တန်းမှာကိုယ့်လူတွေ ဘယ်လောက်သေနေလဲဆိုတာ မသိဘူး။ ပြောလိုက်ရင် အခြေအနေက တပ်ဘက်ပါနေပြီဆိုတာချည်းပဲ။” ဒါ့အပြင် တိုက်ပွဲဖြစ်ရာနေရာတွေကိုစစ်ကူနဲ့ စစ်လက်နက်ပစ္စည်းတွေကို အရင်ကထက် ပိုမို ပို့ဆောင်နိုင်ရေးအတွက် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်တွေကို ကားတွေအပြင် လေကြောင်းကပါ သုံးစွဲခွင့်ပြုထား​တယ်လို့…

  • တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ)

    တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ)

    by

    in

    တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၃၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁ နာရီ ၃၇ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) အတွင်းကို ၁ဝ၇ မမ…

  • တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    by

    in

    တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ ဧပြီ ၃၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁ နာရီ ၃၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) အတွင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး…

  • အာဏာသိမ်း​ခေါင်း​ဆောင် ပြည်ပခရီးစဥ်တွင် အသုံးပြု​သည့် ​လေယာဥ်ကို စစ်​ကောင်စီက အပြီးသတ်ဝယ်ယူမည် ■​ရွေး​ကောက်ခံအရပ်သားအစိုးရက ပြည်သူများသဘာဝ​​ဘေးကြုံလျင်ကယ်ဆယ်​ရန် ရဟတ်ယာဥ်ဝယ်ခဲ့သည်ကို ​ခေါင်း​ဆောင်များအား ​စစ်အုပ်စုက အဂတိမှုဖြင့်တရားစွဲပြီး မင်း​အောင်လှိုင်အတွက်မူ​လေယာဥ်ဝယ်ခြင်းဖြစ်

    အာဏာသိမ်း​ခေါင်း​ဆောင် ပြည်ပခရီးစဥ်တွင် အသုံးပြု​သည့် ​လေယာဥ်ကို စစ်​ကောင်စီက အပြီးသတ်ဝယ်ယူမည် ■​ရွေး​ကောက်ခံအရပ်သားအစိုးရက ပြည်သူများသဘာဝ​​ဘေးကြုံလျင်ကယ်ဆယ်​ရန် ရဟတ်ယာဥ်ဝယ်ခဲ့သည်ကို ​ခေါင်း​ဆောင်များအား ​စစ်အုပ်စုက အဂတိမှုဖြင့်တရားစွဲပြီး မင်း​အောင်လှိုင်အတွက်မူ​လေယာဥ်ဝယ်ခြင်းဖြစ်

    by

    in

    အာဏာသိမ်း​ခေါင်း​ဆောင် ပြည်ပခရီးစဥ်တွင် အသုံးပြု​သည့် ​လေယာဥ်ကို စစ်​ကောင်စီက အပြီးသတ်ဝယ်ယူမည် ■​ရွေး​ကောက်ခံအရပ်သားအစိုးရက ပြည်သူများသဘာဝ​​ဘေးကြုံလျင်ကယ်ဆယ်​ရန် ရဟတ်ယာဥ်ဝယ်ခဲ့သည်ကို ​ခေါင်း​ဆောင်များအား ​စစ်အုပ်စုက အဂတိမှုဖြင့်တရားစွဲပြီး မင်း​အောင်လှိုင်အတွက်မူ​လေယာဥ်ဝယ်ခြင်းဖြစ် ■​ထိုလေယာဥ်ကိုအပြီးသတ်ဝယ်ယူရန် စစ်​ကောင်စီက အခွန်ကင်းလွတ်ခွင့် ပြန်​ပေး ဧပြီ ၃၀၊၂၀၂၅။ရဲခေါင်/People’s Spring နိုင်ငံသဘာဝဘေးအန္တရာယ်ကိစ္စများ လုပ်ဆောင်ရာတွင် အသုံးပြုရန် ရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၁၅နှစ်အထိ ချမှတ်နိုင်သည့် အဂတိပုဒ်မဖြင့် တရားစွဲထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့သည့် ပြည်ပခရီးစဥ်တွင် အသုံးပြုခဲ့သည့် Airbus XY-ALK လေယာဉ်ကို ၎င်းသွားလာရာတွင် အသုံးပြုရန် စစ်ကောင်စီအဖွဲ့က အပြီးသတ်ဝယ်ယူလိုက်သည်။ အဆိုပါလေယာဥ်သည် အမေရိကန်ကုမ္ပဏီ AVIATION CAPITAl GROUPထံမှ ပြန်လျော့အကောက်ခွန် စနစ်ဖြင့် ငှားရမ်းတင်သွင်းထားပြီး Airbus အမျိုးအစား A319(MSN 5193) လေယာဥ် XY-ALK…

  • နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားသော ရုံးဌာန အဆောက်အအုံ များကို မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများက ပြင်ဆင်တည်ဆောက်ပေးရမည်ဟု စစ်ကောင်စီက တရားဝင် ကြေညာ 🟥လွှတ်တော်ကို တည်ဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းနှင့် ဗိုလ်ချုပ်ဟောင်းသားသမီးတချို့ စစ်ကောင်စီကို မဆက်သွယ်တော့ဘဲ တိမ်းရှောင်

    နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားသော ရုံးဌာန အဆောက်အအုံ များကို မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများက ပြင်ဆင်တည်ဆောက်ပေးရမည်ဟု စစ်ကောင်စီက တရားဝင် ကြေညာ 🟥လွှတ်တော်ကို တည်ဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းနှင့် ဗိုလ်ချုပ်ဟောင်းသားသမီးတချို့ စစ်ကောင်စီကို မဆက်သွယ်တော့ဘဲ တိမ်းရှောင်

    by

    in

    နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ပျက်စီးသွားသော ရုံးဌာန အဆောက်အအုံ များကို မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများက ပြင်ဆင်တည်ဆောက်ပေးရမည်ဟု စစ်ကောင်စီက တရားဝင် ကြေညာ 🟥လွှတ်တော်ကို တည်ဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းနှင့် ဗိုလ်ချုပ်ဟောင်းသားသမီးတချို့ စစ်ကောင်စီကို မဆက်သွယ်တော့ဘဲ တိမ်းရှောင် ရန်ကုန်၊ ဧပြီ ၃၀ ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်း၏သား တိုးနိုင်မန်းသည် နေပြည်တော်တည်ဆောက်ရေးတွင် ပါဝင်ခဲ့သူဖြစ်သည်။ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော်လေဆိပ်မှာ အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ထွန်းမြင့်နိုင်က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။   ဧဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်သည် နေပြည်တော် သမ္မတအိမ်တော်တည်ဆောက်ရေး တာဝန်ယူခဲ့ပြီး ငလျင်ကြောင့် သမ္မအိမ်တော်မှာ ပြိုကျပျက်စီးမှုများ ရှိခဲ့သည်။     ဦးအိုက်ထွန်းပိုင်ဆိုင်သော ရွှေတောင်မှာလည်း နေပြည်တော် တည်ဆောက်ရေးနှင့် အမြန်လမ်းတည်ဆောက်ရေးတွင် ပါဝင်ခဲ့သည်။   လွှတ်တော်အဆောက်အအုံကို…

  • သမ္မတထရမ့်၏ ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့သော ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသား ၃ ဦးပါဝင်

    သမ္မတထရမ့်၏ ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့သော ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသား ၃ ဦးပါဝင်

    by

    in

    သမ္မတထရမ့်၏ ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့သော ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသား ၃ ဦးပါဝင် ရန်ကုန်၊ ဧပြီ ၃၀ အမေရိကန်သမ္မတထရမ့်၏ အာဏာရယူပြီး ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့သော ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး၏ ဓာတ်ပုံများကို အိမ်ဖြူတော်တွင် ခင်းကျင်းပြသထားပြီး မြန်မာနိုင်ငံသား ၃ ဦးပါဝင်ကြောင်း အမေရိကန်အိမ်ဖြူတော်၏ ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်သမ္မတထရမ့်က ၎င်း၏ ဒုတိယအကြိမ် ပြန်လည် ရွေးကောက်ခံရသည့် သမ္မတသက်တမ်းရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများအနက်မှ ရာဇဝတ်မှု ကျူးလွန်သူ တရားခံများကို ဖမ်းဆီး သက်ဆိုင်ရာ…

  • ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင်စစ်​ကောင်စီမှရဲ​မေများအပါအဝင်အမျိုးသမီးများလက်နက်ချဟုဆို

    ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင်စစ်​ကောင်စီမှရဲ​မေများအပါအဝင်အမျိုးသမီးများလက်နက်ချဟုဆို

    by

    in

    ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင်စစ်​ကောင်စီမှရဲ​မေများအပါအဝင်အမျိုးသမီးများလက်နက်ချဟုဆို ဧပြီ-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ရဲမေများအပါအဝင် အမျိုးသမီး ၁၀၀ ကျော် လက်နက်ချရာကိုယ်ဝန်ဆောင်များပါဝင်နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။ “၂၁ထဲက ရဲမေ ၁၀၀ ကျော် လက်နက်ချတယ်။ကိုယ်ဝန်ဆောင်တွေပါတယ်” ဟု စစ်​ရေးရင်းမြစ်တဦးကပြောသည်။ ထို​ကြောင့် စစ်​ကောင်စီကကိုယ်ဝန်ဆောင်ရဲမေများကို အသုံးပြုနေခြင်းဖြစ်​ကြောင်း အထက်ပါ စစ်​ရေးသတင်းရင်းမြစ်ကဆက်​ပြောသည်။ သို့​သော်အခြားစစ်​ရေးရင်းမြစ်တဦးကမူ စစ်​ကောင်စီတပ်စွဲရာစခန်းများမှ အမျိုးသမီးများကိုဖမ်းမိသည်မှာမှန်​သော်လည်း စကခ ၂၁ မှမဟုတ်ဘဲ မြို့ထဲရှိ စခန်းများမှဖြစ်ကာ ၊၎င်းတို့မှာ ရဲ​မေ ဟုတ် ၊မဟုတ် မသိ​ကြာင်း​ပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာ မိတ် ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင် စီ လက်ကျန်စခန်း များ ၊တပ်ရင်းများ ၊တပ်ရင်းဌာနချုပ်များအားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်​နေသည်ဟုစစ်​ရေးသတင်းရင်းမြစ်ကပြောသည်။ “ဗန်းမော်ဂွင်မှာ ရဲတွေလက်နက်ချတာမှန်တယ်။ ရဲမေ‌တွေ။ ပိတ်မိနေတာ ကြာပြီဆိုတော့အိမ် ထောင်သည်ရဲမေတွေလည်း…

  • နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများက  ပြန်တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေး 🟥 နေပြည်တော်ကို အရည်အသွေးမမီဘဲ တည်ဆောက်ခဲ့မှုများကြောင့် ပြိုကျပျက်စီးဟု မင်းအောင်လှိုင်က အပြစ်တင်

    နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများက ပြန်တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေး 🟥 နေပြည်တော်ကို အရည်အသွေးမမီဘဲ တည်ဆောက်ခဲ့မှုများကြောင့် ပြိုကျပျက်စီးဟု မင်းအောင်လှိုင်က အပြစ်တင်

    by

    in

    နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများက ပြန်တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေး 🟥 နေပြည်တော်ကို အရည်အသွေးမမီဘဲ တည်ဆောက်ခဲ့မှုများကြောင့် ပြိုကျပျက်စီးဟု မင်းအောင်လှိုင်က အပြစ်တင် ရန်ကုန်၊ ဧပြီ ၃၀ နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများအနေဖြင့် ပြန်လည် ပါဝင် တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေးထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်တွင် သမ္မတရုံး၊ ဝန်ကြီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာများ၊ စစ်ရုံးများ၊ ဆေးရုံများ၊ သမ္မတအိမ်တော်၊ လွှတ်တော် အပါအဝင် ဌာနဆိုင်ရာရုံး အများစု ပြိုကျပျက်စီးခဲ့ရာတွင်…

  • ■ ပဲခူးတိုင်းမှာ စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့ အပြန်အလှန်ထိုးစစ်ဆင်

    by

    in

    ■ ပဲခူးတိုင်းမှာ စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့ အပြန်အလှန်ထိုးစစ်ဆင် ဧပြီ ၂၉ ရက် ရခိုင်ရိုးမတောင်းတန်းနှင့် နီးကပ်သည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေကြကြောင်း သိရသည်။ ပန်းတောင်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ကိုလည်း သိမ်းဆည်းရရှိထားသည်။ လက်လွှတ်လိုက်ရသော စစ်ခန်းများအား ပြန်လည်ရရှိရန် အာဏာသိမ်း စစ်ကောင်စီကလည်း ပြည်လမ်းမဘက်မှနေ၍ အင်အား ရာချီပါဝင်သော တပ်ဖွဲ့များဖြင့် AA ပူးပေါင်းတပ်ဖွဲ့များကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ထိုကြောင့် စစ်ကောင်စီတပ်ဖွဲ့များအား ပြန်လည်ခုခံတိုက်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များမှ သေချာပြင်ဆင်ထားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့်…

  • ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

    ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

    by

    in

    ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ ဧပြီ ၂၉၊ ၂၀၂၅ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က မြို့နယ်၊ ဇုန်၊ တိုက်နယ်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေး ကိစ္စရပ်တွေဖြစ်စေ၊ နယ်မြေအတွင်း အဖွဲ့အစည်း အချင်းချင်း သင့်မြတ်ကောင်းမွန်စွာ ရေရှည်ဆက်ဆံနိုင်ရေးနဲ့ အပြန်အလှန်လိုအပ်ချက်တွေကို ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပကဖ တာဝန်ခံတွေဟာ မြေပြင်မှာ မျက်နှာစုံညီ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ မြေပြင် အခက်အခဲတွေအပေါ် နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေလုံခြုံရေးနဲ့ ဒေသတွင်း တော်လှန်ရေး အားကောင်းစေဖို့အတွက် ပကဖတွေ အနေနဲ့ လက်တွဲညီညီ…