ဖားဆောင်း ခလရ(၁၃၄)သိမ်းပိုက်မှု နှင့် တိုက်လေယာဥ်ပစ်ချခဲ့မှုကိုကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ကအတည်ပြု
■ခလရ ၁၃၅ ကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်
ဇူလိုင်-၃၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီတပ်ပေါင်းစုက ထိုးစစ်စတင်ပြီးခြောက်ရက်မြောက်နေ့တွင် ကရင်နီပြည်နယ်၊ဖားဆောင်းမြို့အခြေစိုက် အမှတ် ၁၃၄ ခြေလျင်တပ်ရင်း
(ခလရ ၁၃၄ )ကို ကရင်နီတပ်ပေါင်းစုက သိမ်း
ဆည်းရရှိခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က ယနေ့(ဇူလိုင် ၃ ရက်)တွင် ထုတ်ပြန်လိုက်သည်။
ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ နှင့် ၁၃၅ တပ်ရင်း နှစ်ရင်းကို ကရင်နီတပ်ပေါင်းစုက ဇွန်လ ၂၅ ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၃၀ ရက်တွင် ခလရ ၁၃၄ ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ခလရ ၁၃၅ ကျန်သေးတယ်။သူ့ကိုသိမ်းပြီးမှ ဖားဆောင်းမြို့ကို အလုံးစုံထိန်းနိုင်ပြီ”ဟု ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဖားဆောင်းမြို့မှ တပ်ရင်းနှစ်ရင်းကို ထိုးစစ်စတင်သည့်နေ့မှစ၍ ယနေ့(ဇူလိုင် ၃ ရက်)အထိ ဂျက်ဖိုက်တာများအပြင်(Y 12၊ Y 8၊ FTC 2000 G နှင့် Military Transport Aircraft ဖြင့် လေကြောင်းပစ်ကူများဖြင့် စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။
ဇူလိုင် ၂ ရက် ၊နံနက် ၁ နာရီခန့်တွင် ဖားဆောင်းမြို့ တိုက်ပွဲသို့ ဗုံးကြဲတိုက်ခိုက်ရန်လာသည့် စစ်ကောင်စီက ဂျက်လေယာဥ် လေးစီးကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်များက တန်ပြန်တိုက်ခိုက်ရာ တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြသည်။
ပစ်ခတ်ခံရပြီး ပျက်ကျသွားသော တိုက်လေယာဥ်ကိုဇူလိုင် မွန်းလွဲ ၂ နာရီခန့်တွင် ဖားဆောင်းမြို့အနီး တွင် ရှာဖွေတွေ့ရှိခဲ့ကာ တိုက်လေယာဥ်ကိုယ်ထည်အပျက်အစီးများနှင့်အတူ လေယာဥ်မှူးနှစ်ဦး ရုပ်အလောင်းအပိုင်းအစများကို တွေ့ရှိခဲ့ကြောင်း JCS က ပြောသည်။
စစ်ကောင်စီကမူတိုက်လေယာဥ်သည် ဇူလိုင် ၁ ရက်ညတွင် လေ့ကျင့်ပျံသန်းစဥ် စက်ချို့ယွင်းမှု သို့မဟုတ် ရာသီဥတု ဆိုးရွားမှုတစ်ခုခုကြောင့်အဆက်အသွယ်ပျက်သွားသည်ဟုထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဥ်တစ်စင်းကို ကချင်လွတ်လပ်ရေးတပ်မတော်ကလည်း ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ကွတ်ခိုင်မြို့နယ် ၊နမ့်ဖက်ကာ ဒေသရှိ ခလရ ၁၂၃ သိမ်းတိုက်ပွဲတွင်ပစ်ချခဲ့ဖူးသည်။ထိုကြောင့် နွေဦးတော်လှန်ရေးတွင် FTC 2000 G တိုက်လေယာဥ် ပစ်ချခံရသည်မှာ ၂ စီးရှိပြီဖြစ်သည်။ထို့အပြင် နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးတပ်များက စစ်တပ်၏ တိုက်လေယာဥ် ၊ရဟတ်ယာဥ် အနည်းဆုံး ၁၃ စီးကိုပစ်ချထားသည်။ထိုအထဲ ကရင်နီတပ်ပေါင်းစုက ၅ စီးပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
တရားမဝင်အာဏာသိမ်းစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများအပါအဝင် သာလွန်လက်နက်များ ဖြင့် အသုံးပြုတိုက်ခိုက်နေမှုများကိုအစွမ်းကုန် တန်ပြန်တိုက်ခိုက်မည်ဟုလည်း ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ဇူလိုင် ၂ ရက်နံနက်ပိုင်းကလူမှုကွန်ယက်၌ ပျံ့ခဲ့သော ကရင်နီတပ်ပေါင်းစုမှရဲဘော်များရှေ့တွင်
ဒူးထောက်ထားသည့်စစ်သားနှစ်ဆယ်ဝန်းကျင်
နှင့် ၎င်းတို့မိသားစုဝင်သုံးဆယ်ကျော်သည် ဖားဆောင်း ခလရ ၁၃၄ မှ ဖြစ်ကြောင်းလည်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက ဆိုသည်။
ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ကရင်နီပူးပေါင်းတပ်များသည် ဖားဆောင်းမြို့တွင် ကျန်ရှိသော ခလရ ၁၃၄ နှင့် ၁၃၅ တပ် နှစ်ခု ကို ထိုးစစ်အရှိန်မြှင့်ခဲ့သည်။ဖားဆောင်းမြို့ရှိ စစ်ကောင်စီအခြေစိုက် စခန်း ခလရ ၁၃၄၊၁၃၅ သည် ဓားလွယ်ခုတ်အ
နေအထားရှိပြီး တပ်နှစ်ခုကြား ပေ ၃၀၀၀ ဝန်း
ကျင်ကွာဝေး သည်။
ဘောလုံးကွင်းသုံးကွင်းကျော် အကျယ်စီရှိသည့် ထိုတပ်နှစ်ခုတွင် ဘန်ကာ များစွာဖြင့် အခိုင်အမာခံစစ် ပြင်ထားကြောင်း စစ်ရေးအချက်အလက်အရ သိရသည်။
ဖားဆောင်းမြို့နယ်၏အရှေ့ဘက်ခြမ်းတွင် က ရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်သောမယ်စဲ့မြို့နယ်ရှိကာအနောက်ဖက်ခြမ်းတွင်ကရင် ပြည်
နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းတွင် ဖာပွန်
နှင့် မြောက်ဘက်ခြမ်းတွင်ဘောလခဲမြို့နယ်တို့ရှိသည်။
၂၀၂၄ ဖေဖော်ဝါရီ ၂၉ရက်တွင်စတင်ခဲ့သော ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ ခုနှစ်ကတည်းက သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၁၃၄ နှင့် ခလရ ၁၃၅ တပ်ရင်းတို့သာကျန်နေခြင်းဖြစ်သည်။
KNDF ဒုစစ်ဦးစီးချုပ် မာဝီကလည်းခလရ ၁၃၄ ကိုသိမ်းပိုက်နိုင်ကြောင်းအတည်ပြုပြီး ခလရ ၁၃၅ နှင့်ပတ်သက်၍
“၁၃၅ ကိုဆက်လက်ပြီးတော့တိုက်ခိုက်နေတဲ့အခြေအနေဖြစ်ပါတယ် ။ဒီလောက်ပဲပြောလို့ရပါတယ်ဗျ”ဟု People’s Spring သို့ပြောသည်။
ခလရ ၁၃၄ တပ်ရင်းသိမ်းပိုက်ရတွင် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းအရေအတွက်ကိုမထုတ်ပြန်သော်လည်း သတင်းဓါတ်ပုံများတွင် ဟောင်ဝစ်ဇာ၊ လက်နက်ကြီးမျိုးစုံ ၊စက်လက် များအပါအဝင် လက်နက်အကြီးအသေးများစွာသိမ်း
ဆည်းရရှိခဲ့သည်ကိုတွေ့ရသည်။
ဓါတ်ပုံ-JCS ၊ KNDF