Author: admin
-
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် မေ၁၊ ၂၀၂၅။ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။ ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ဆင်နွှဲခဲ့သည့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲ ၅လကြာမြင့်ပြီဖြစ်သည်။ ဧပြီ ၂၅ရက်တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)အပါအဝင် လက်ကျန်တပ်စခန်းများအားလုံးကို KIA ပူးပေါင်းတပ်က ပြန်လည်၍ ထပ်မံထိုးစစ်ရှိန်မြှင့် တိုက်ခိုက်နေရာ စကခ(၂၁) ကာကင်းစခန်းများအပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာများကို ထပ်မံ သိမ်းပိုက်ထားပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။ “တိုက်ပွဲ ပြင်းထန်နေတုန်းပါ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ ညပိုင်း၌ ပြောပြထားပြီး အခြေအနေအသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။ KIA…
-
တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ မေ ၁ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ဧပြီလ ၃၀ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ငူ(ကေတုမတီ) လေတပ်စခန်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့ဒုံး ၆…
-
ငဖဲမြို့နယ်၊ နတ်ရေကန် စစ်တပ်စခန်း မကျဆုံးစေရေး စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ
ငဖဲမြို့နယ်၊ နတ်ရေကန် စစ်တပ်စခန်း မကျဆုံးစေရေး စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ ရန်ကုန်၊ မေ ၁ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် စစ်တပ် စခန်းမကျဆုံးစေရေးအတွက် စစ်ကူလာသော စစ်သားများကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။ ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီခန့်က ငဖဲမြို့နယ်၊ ပဇီကျေးရွာ ဘုန်း ကြီးကျောင်းတွင် စခန်းချ တပ်စွဲ ထားသော…
-
ရခိုင်နှင့်ဧရာဝတီနယ်စပ်တိုက်ပွဲများကြောင့် လေးမျက်နှာမြို့ဘက်ကို စစ်ကောင်စီ ပြန်ဆုတ်
လမ်းကြောင်း ၃ ခုဖြင့် ဧရာဝတီတိုင်းကို ထိုးဖောက်နေသည့် AA က လေးမျက်နှာမြို့နယ်တိုက်ပွဲများတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တုံ့ပြန်တိုက်ခိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့်ပျူ များသည် မြို့နှင့် ၂ မိုင်အကွာသို့ တပ်ပြန်ဆုတ်သွားကြသည်။ ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိက ဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းကားလမ်း အနီးရှိ ငါးသိုင်း ချောင်း၊ ရေကြည်နှင့် လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက တပ်ဆုတ်နေရသည်ဟု ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။ ရခိုင်ရိုးမတောင်ခြေအနီး လေးမျက်နှာမြို့နယ်ရှိ ဝတ်ကုန်း၊ စမ်းကုန်း၊ ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစုကျေးရွာများကို အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များက မတ်လဆန်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့်နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုနေရာများမှ ဆုတ်လာသည့်…
-
ပြည်ပသို့ သွားရောက် လုပ်ကိုင်မှုများကြောင့် အလုပ်သမားရှားပါးမှုဖြစ်ပေါ်နေသဖြင့် ဘ၀လုံခြုံမှုရှိသော ပြည်တွင်းတွင်သာ အလုပ်လုပ်ကိုင်နိုင်ရေး ဆောင် ရွက်မည်ဟု မင်းအောင်လှိုင် ပြောဆိုပြန်
ပြည်ပသို့ သွားရောက် လုပ်ကိုင်မှုများကြောင့် အလုပ်သမားရှားပါးမှုဖြစ်ပေါ်နေသဖြင့် ဘ၀လုံခြုံမှုရှိသော ပြည်တွင်းတွင်သာ အလုပ်လုပ်ကိုင်နိုင်ရေး ဆောင် ရွက်မည်ဟု မင်းအောင်လှိုင် ပြောဆိုပြန် ရန်ကုန်၊ မေ ၁ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများကြောင့် အလုပ်သမားရှားပါးမှုများဖြစ်ပေါ်နေသဖြင့် ပြည်တွင်းတွင်သာ ဘ၀လုံခြုံမှုရှိသည့် အလုပ်များ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်ပြောဆိုသည်။ ယနေ့ မေလ ၁ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အဖြစ် မင်းအောင်လှိုင်က ယင်းသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ပြည်ပသို့ သွားရောက် လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းထက် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းတွင် လုပ်ကိုင်နိုင်ရေး တို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်…
-
မင်းအောင်လှိုင်နှင့် မိသားစု၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူ 🟥 ပြည်ပခရီးစဉ်ရှည်များအတွက် Airbus လေယာဉ်ကိုအသုံးပြုပြီး ပြည်တွင်းနှင့်ပြည်ပအနီးခရီးစဉ်များအတွက် Fokker 70 (F-28-0070) လေယာဉ်ကို အသုံးပြု
မင်းအောင်လှိုင်နှင့် မိသားစု၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူ 🟥 ပြည်ပခရီးစဉ်ရှည်များအတွက် Airbus လေယာဉ်ကိုအသုံးပြုပြီး ပြည်တွင်းနှင့်ပြည်ပအနီးခရီးစဉ်များအတွက် Fokker 70 (F-28-0070) လေယာဉ်ကို အသုံးပြု ရန်ကုန်၊ မေ ၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသော အမိန့် ပြန်တမ်းအရ သိရှိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ခဲ့သော စစ်ကောင်စီ၏ အမိန့်ပြန်တမ်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)တွင် အသုံးပြုရန် အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ပြန်လျော့…
-
ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် မီးလောင်ဗုံးများ ကျဲချ၍ မြို့တစ်ခုလုံး မီးလောင်ပြာကျ၊ မြစ်ကြီးနားလေတပ် ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ
ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် မီးလောင်ဗုံးများ ကျဲချ၍ မြို့တစ်ခုလုံး မီးလောင်ပြာကျ၊ မြစ်ကြီးနားလေတပ် ရှော့တိုက်ဒုံးဖြင့် အပစ်ခံရ ရန်ကုန်၊ မေ ၁ ကချင်ပြည်နယ်၊ ဗန်းမော်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် မီးလောင်ဗုံးများ ကျဲချ၍ မြို့တစ်ခုလုံး မီးလောင်ပြာကျနေကြောင်း KIA သတင်းရင်းမြစ်နှင့် စစ်ဘေးရှောင်ပြည်သူတချို့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သော ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၅ လနီးပါး ကြာမြင့်လာချိန်တွင် ပိုမို ပြင်းထန်လာကြောင်း၊ ဗန်းမော်မြို့နေရာအများစုမှာလည်း မီးလောင်ပျက်စီးနေပြီး အဓိကအားဖြင့် စစ်တပ်က လေယာဉ်များ၊ ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချခြင်းကြောင့် မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်နေရကြောင်း၊ ဧပြီလ ၂၉ ရက်နေ့တွင် ဗန်းမော်မြို့၊ သီရိရတနာစျေးကြီးမှာ စစ်တပ်က…
-
နေပြည်တော် ကျေးရွာအချို့အထိ PDF များ စည်းရုံးရေးလုပ်လာသဖြင့် တိုင်းမှူး ခံဝန်ထိုးရ
နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်အချို့မှာ PDF တွေက ကျေးရွာတွေအထိ ဝင်ရောက်ပြီး စည်းရုံးရေးတွေလုပ်လာတာကြောင့် ဗိုလ်ချုပ်စိုးမင်း သတိပေးခံဝန်ထိုးရတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ လယ်ဝေးမြို့နယ်ထဲက ကျေးရွာအချို့မှာ PDF တွေက ရွာသားတွေကို စည်းရုံးရေးဆင်းတဲ့ ကိစွကို စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တင်ပြခဲ့တာကြောင့် ဗိုလ်ချုပ်စိုးမင်ကို ဧပြီ ၂၉ ရက်က သတိပေးခံဝန်ထိုးခိုင်းတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။ “နေပြည်တော်မှာ ၈ မြိုနယ်ရှိတယ်၊ ၄ မြို့နယ်လောက်မှာ PDF တွေ ဝင်ပြီးနေရာယူနေတယ်၊ စည်းရုံးတာတွေလုပ်တယ်၊ အချို့နေရာတွေမှာ သေနတ်တွေ ပေါ်တင်လွယ်ပြီး သွားတာတွေရှိ တယ်၊ ဒါကို ထောက်လှမ်းရေးက တင်ပြတယ်၊ နပတတိုင်းမှူးက မသိဘူး၊ ဒါကြောင့် ခံဝန်ထိုးရတာ။” နေပြည်တော်လမ်းပိုင်းအချို့မှာ PDF တွေက ယာဥ်စစ်ဆေးတာ၊ တိုက်ပွဲဖော်ဆောင်တာတွေရှိ လာတဲ့အပြင်…
-
လက်လွှတ်ထားသည့် မြို့များ အကုန်ပြန်သိမ်းပြမည်ဟု ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကြုံးဝါး
စစ်ကောင်စီတပ်က လက်လွှတ်ထားရတဲ့မြို့တွေကို တမြို့မကျန် အကုန်ပြန်သိမ်းပြမယ်လို့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြောလိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဧပြီ ၂၇ ရက်ညနေက ပြုလုပ်တဲ့ နောင်ချို၊ ဗန်းမော်၊ ဖားကန့် ၊ပန်းတောင်းနဲ့ ဧရာဝတီစတဲ့ စစ်ရေးဆိုင်ရာအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။ “မြို့တွေအကုန် တနေ့ပြန်သိမ်းပြမယ်ပြောတယ်။ ဘယ်နေ့လဲဆိုတာ ထည့်မပြောဘူး။ ၃ လလား ၁ နှစ်အတွင်းလား။ ဒါမှမဟုတ် ၃ နှစ်အတွင်းလား။ သူကိုယ်တိုင် စစ်မတိုက်ရတော့ ရှေ့တန်းမှာကိုယ့်လူတွေ ဘယ်လောက်သေနေလဲဆိုတာ မသိဘူး။ ပြောလိုက်ရင် အခြေအနေက တပ်ဘက်ပါနေပြီဆိုတာချည်းပဲ။” ဒါ့အပြင် တိုက်ပွဲဖြစ်ရာနေရာတွေကိုစစ်ကူနဲ့ စစ်လက်နက်ပစ္စည်းတွေကို အရင်ကထက် ပိုမို ပို့ဆောင်နိုင်ရေးအတွက် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်တွေကို ကားတွေအပြင် လေကြောင်းကပါ သုံးစွဲခွင့်ပြုထားတယ်လို့…
-
တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ)
တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၃၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁ နာရီ ၃၇ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) အတွင်းကို ၁ဝ၇ မမ…