Author: admin
-
မြေငလျင်ကြီးကြောင့်မန္တလေးမှာသေဆုံး၊ဒဏ်ရာရသူများပြီး ဆေးရုံ၌ဒဏ်ရာရလူနာတွေ့ပြည့်လျှံ
မြေငလျင်ကြီးကြောင့်မန္တလေးမှာသေဆုံး၊ဒဏ်ရာရသူများပြီး ဆေးရုံ၌ဒဏ်ရာရလူနာတွေ့ပြည့်လျှံ မတ်-၂၈၊၂၀၂၅။ရှိန်း/People’s Spring မြေငလျင်ကြီးလှုပ်ခတ်တာကြောင့်မန္တလေးမြို့မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူဦး ရေဆက်လက်မြင့်တက် နေပြီး ဆေးရုံအပြင်ဘက်အထိ ဒဏ်ရာရလူနာ တွေပြည့်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒီနေ့ (မတ် ၂၈) မွန်းလွဲပိုင်း မှု လှုပ်ခတ်ခဲ့တဲ့ အင် အားကြီးငလျင်ဒဏ်ကြောင့် မန္တလေးမြို့အနှံ့ နေအိမ်တွေ ၊ဟိုတယ်တွေ၊ ကွန်ဒိုတွေ ၊မဟာ မုနိဘုရားကြီး အပါအဝင်ဘာသာရေးအဆောက်အအုံတွေ၊ နန်းမြို့ရိုးစတဲ့ အဆောက်အအုံများစွာပြိုကျပျက်စီးခဲ့ပါတယ် ။ တချို့နေအိမ်တွေဟာ အထပ်လိုက် မြေအောက်ကို မြှုပ်သွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါအပြင် မီးလောင်မှုတွေလည်း များပြားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း မြင့်တက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ “ကုတင် ၃၀၀ အပြင်ဘက်အထိလူနာတင်ကား တွေ ရော၊လူနာတွေရော အပြည့်ပဲ။တခြား ဆေးရုံတွေလည်း လူနာပြည့်လို့ဆက်လက်မခံတာ တွေရှိတယ် “လို့ မန္တလးမြို့ခံတဦးက ပြောပါတယ်။…
-
နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိကြီး တချို့ အပါအဝင် ဝန်ထမ်းများ သေဆုံးမှုများပြား
နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိကြီး တချို့ အပါအဝင် ဝန်ထမ်းများ သေဆုံးမှုများပြား ရန်ကုန်၊ မတ် ၂၈ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိတချို့ အပါအဝင် သေဆုံးမှုများရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဝန်ကြီးဌာနအဆောက်အအုံများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပြိုကျစဉ် အုတ်ကွန်ကရစ်များ ပြိုကျမှုကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတချို့၊ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်တို့ ထိခိုက်သေဆုံးခဲ့ကြောင်း၊ အခြားဒဏ်ရာရရှိသူများလည်း အများအပြား ရှိနေကြောင်း သိရှိရသည်။ “သေဆုံးတာကတော့ ဝန်ထမ်းတွေလည်းများတယ်။ အရာရှိတချို့လည်းပါတယ်။ ဒဏ်ရာရတာလည်းများတယ်။…
-
နေပြည်တော် ပေါင်းလောင်းဆည် ငလျင်ဒဏ်ကြောင့် တမံနှင့် နံရံများ ထိခိုက်ပျက်စီးမှုရှိ၍ ပြည်သူများ သတိပြုရန် လိုအပ်နေ၊ ရေဖောက်ချမှု ရှိ၊ မရှိ အတည်မပြုနိုင်သေး
နေပြည်တော် ပေါင်းလောင်းဆည် ငလျင်ဒဏ်ကြောင့် တမံနှင့် နံရံများ ထိခိုက်ပျက်စီးမှုရှိ၍ ပြည်သူများ သတိပြုရန် လိုအပ်နေ၊ ရေဖောက်ချမှု ရှိ၊ မရှိ အတည်မပြုနိုင်သေး ရန်ကုန်၊ မတ် ၂၈ နေပြည်တော် ပေါင်းလောင်းဆည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှု ရှိခဲ့ကြောင်း သက်ဆိုင်ရာ ဆည်မြောင်းသတင်းရင်းမြစ်တချို့က ပြောဆိုသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းကို ဗဟိုပြု၍ လှုပ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် နေပြည်တော် ပေါင်းလောင်းဆည် ထိခိုက်မှုရှိခဲ့ကြောင်း၊ ဆည်တာတမံ နံရံများ၊ မြေသားနံရံကြီးများ ကွဲအက်ခြင်းများ ၊ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရှိရသည်။ ပေါင်းလောင်းဆည်မှ ရေများ ဖောက်ချသည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ပေါင်းလောင်းဆည်နှင့် စစ်တောင်းမြစ်တစ်လျှောက်ရှိ နေပြည်တော်၊ ပျဥ်းမနား၊ ရေနီ…
-
ငလျင်ကြောင့် မန္တလေး ၇၃ လမ်း x ၁၀၇ လမ်းတစ်ခုတည်းတွင်ပင် အဆောက်အအုံများစွာ ပြိုကျနေ၊ အောင်ပန်းဟိုတယ်ပြိုကျမှုမှ လူတချို့ ဒဏ်ရာရရှိပြီး ပိတ်မိသူများရှိနိုင်
ငလျင်ကြောင့် မန္တလေး ၇၃ လမ်း x ၁၀၇ လမ်းတစ်ခုတည်းတွင်ပင် အဆောက်အအုံများစွာ ပြိုကျနေ၊ အောင်ပန်းဟိုတယ်ပြိုကျမှုမှ လူတချို့ ဒဏ်ရာရရှိပြီး ပိတ်မိသူများရှိနိုင် ရန်ကုန်၊ မတ် ၂၈ ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်သွားခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေး ၇၃ လမ်း x ၁၀၇ လမ်းတစ်ခုတည်းတွင်ပင် အဆောက်အအုံများစွာ ပြိုကျနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “မန္တလေးမြို့က ၃ ထပ်တိုက်နဲ့ တိုက်ပုလေးတွေအကုန် ထိတယ်။ အနည်းနဲ့ အများဆိုသလို ထိနေတာပါ။ ဘာဆက်လုပ်ရမလဲမသိတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ အောင်ပန်းမြို့မှ ၃ ထပ် အောင်ပန်းဟိုတယ်ပြိုကျမှုတွင်မူ လူတချို့ ဒဏ်ရာရရှိခဲ့ပြီး ပိတ်မိသူများလည်းရှိနိုင်ကြောင်း…
-
KIA ထိန်းချုပ်ဒေသ လွယ်ဂျယ်နှင့် မိုင်ဂျာယန်တွင် နယ်စပ်ကုန်သွယ်ရေးပြန်စတင်
KIA ထိန်းချုပ်ဒေသ လွယ်ဂျယ်နှင့် မိုင်ဂျာယန်တွင် နယ်စပ်ကုန်သွယ်ရေးပြန်စတင် မတ်-၂၈၊၂၀၂၅။မိထက်/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် လွယ်ဂျယ် နှင့် မိုင်ဂျာယန်နယ်စပ်ဂိတ်မှ လူသုံးကုန် နှင့် စားဆီ သယ်ယူပို့ဆောင်ခွင့်ကို တရုတ်ဖက်မှ ခွင့်ပြုလိုက်ကြောင်း ဒေသခံများကပြောသည်။ “ဒီနေ့စဖွင့်ပေးတယ်ဗျ။အရင်ကတော့ပိတ်ထားတာ။တရားမဝင်သွင်းတာတော့ရှိတယ်။ အခုက တော့ KIA နဲ့ ညှီပြီး ဖွင့်ပေးတယ်။ဒါကဒေသအ တွက်တော့သတင်းကောင်းဖြစ်တယ်” ဟုလွယ်ဂျယ်မြို့ခံတဦးက People’s Springသို့ပြောသည်။ မိုင်ဂျာယန်သည် မူလကပင် KIA ထိန်းချုပ်ဒေသဖြစ်သည်။ KIAကလွယ်ဂျယ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ဧပြီလတွင်အပြီးသတ်သိမ်းယူခဲ့ပြီးနောက်နယ်စပ်ဂိတ်မှကုန်သွယ်ရေးရပ်တန့်ခဲ့သည်။ လွယ်ဂျယ်မှတဆင့် စိန်လုံတောင်တန်းကိုဖြတ် ၍မိုးမောက်၊ဗန်းမော်မြို့များသို့လမ်းကြောင်း ရှိပြီး ထိုနေရာများမှတစ်ဆင့် ကချင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်းများရှိသည်။ လက်ရှိတွင် KIA၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်း ထန်နေပြီး လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်နေသည့်အနေအထားရှိသည်ဟု ကုန်သည်တဦးကပြောသည်။ “ရှောင်ကွင်းလမ်းတွေကနေ သွားကြပါလိမ့်မယ်။ သေချာတာကတော့ နယ်စပ်ဂိတ်ဖွင့်တာက…
-
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်တွင် AA ဦးဆောင်သော တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားသဖြင့် ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ရ
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်တွင် AA ဦးဆောင်သော တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားသဖြင့် ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ရ ရန်ကုန်၊ မတ် ၂၈ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ်၊ ကြက်ပေါင်ကုန်းကျေးရွာအပါအဝင် ကျေးရွာများအနီးတွင် AA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား ယမန်နေ့ တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသပြည်သူ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်မှ စတင်ပြီး ညနေပိုင်းအထိ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ ကြက် ပေါင် ကုန်းကျေးရွာ၊ သံပုရာကုန်းရွာ၊ တောင်ဇင်းကျေးရွာများအနီးတွင် တိုက်ပွဲများဖြစ်ပွားသဖြင့် အဆိုပါကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော် ခေတ္တယာယီ စစ်ဘေးရှောင်ရကြောင်း သိရှိရသည်။ “ဖြစ်တာကတော့…
-
KIA ခွင့်ပြုချက်ဖြင့် တရုတ်သို့ မြေရှားသတ္တု တင်ပို့မည်
KIA ခွင့်ပြုချက်ဖြင့် တရုတ်သို့ မြေရှားသတ္တု တင်ပို့မည် ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၅ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့ခွင့်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့မှစ၍ခွင့်ပြုပေးလိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ထိုသို့ မြေရှားသတ္တုတင်ပို့ခွင့်ပြုရာတွင်လည်း ၁ တန်လျှင် အခွန်ငွေ ယွမ် ၃၅,၀၀၀ (ဒေါ်လာ ၄၈၀၀) KIA ကောက်ခံမည်ဟု ဒေသတွင်းရှိ တူးဖော်ရေးလုပ်ငန်းများသို့ ပေးပို့သည့်စာ၌ ပါရှိကြောင်း ရိုက်တာက ဆိုထား သည်။ ပန်ဝါနှင့် ချီဖွေမြို့တဝိုက်အား မြေရှားသတ္တုတူးဖော်ခြင်းများအား တိုက်ပွဲများကြောင့် ရပ်ဆိုင်းထားခဲ့ရာမှ KIA သိမ်းယူခဲ့ ပြီးနောက် ယမန်နှစ် အောက်တိုဘာလ၌ ပြန်လည်တူးဖော်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။ အဆိုပါ ဒေသများအား KIA စတင် ထိန်းချုပ်စဉ်ကာလတွင် တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှုပမာဏမှာ…
-
တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ လက်နက်စွန့်ရန် စစ်ခေါင်းဆောင် ထပ်ပြော
တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ လက်နက်စွန့်ရန် စစ်ခေါင်းဆောင် ထပ်ပြော ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၅ လက်နက်ကိုင်လမ်းစဉ်များနှင့် အကြမ်းဖက်လမ်းစဉ်များကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူနှင့်အတူ ဖော်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ လက်နက်ကိုင်လမ်းစဉ် စွန့်ရန် စစ်ခေါင်းဆောင်က ယနေ့ ကျရောက်သော နှစ် ၈၀ ပြည့် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။ စစ်ခေါင်းဆောင်က “ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းတွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီး ဖြစ်တယ်”ဟု…
-
တရုတ်ဆီ မြေရှားသတ္တုတွေ ပြန်ပို့ဖို့ KIAမီးစိမ်းပြလိုက်ပြီလို့ရိုက်တာသတင်းဖော်ပြ
တရုတ်ဆီ မြေရှားသတ္တုတွေ ပြန်ပို့ဖို့ KIAမီးစိမ်းပြလိုက်ပြီလို့ရိုက်တာသတင်းဖော်ပြ မတ်-၂၇၊၂၀၂၅။ People’s Spring ကချင် လွတ်လပ်ရေး တပ်မတော် (KIA)ဟာ တရုတ်နိုင်ငံဆီ မြေရှားသတ္တု (REM)တွေ ပြန် လည် တင်ပို့ဖို့ မီးစိမ်းပြလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ KIAဟာ လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မြေရှားသတ္တုဇုန်တွေထဲက တစ်ခုကို ထိန်း ချုပ်ထားတာ ဖြစ်ပါတယ်။ Reuters သတင်းဌာနက အခုကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခု၊ ကြေညာချက် တစ်စောင်ကို ကိုးကားပြီး KIAဟာ တရုတ်ဆီ မြေရှားသတ္တုတွေ တင်ပို့ရေးကိစ္စ စီစဉ်နေပြီလို့ ယုံကြည်ရကြောင်း ဖော်ပြခဲ့တာပါ။ သတင်းတွေအရ KIAဟာ မြေရှားသတ္တုတွေကို တရုတ်ဆီတင်ပို့ဖို့ကိစ္စ ခွင့်ပြုသွားမယ်လို့ သတ္တုမိုင်းတွင်း လုပ်သားတွေဆီ အသိပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ မြေရှားသတ္တု…
-
အကြမ်းဖက် စစ်တပ်က စစ်ဆက်တိုက်မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို ကာကွယ်၍ အမျိုးသားနိုင်ငံရေး ဆက်လုပ်မည်ဟု မင်းအောင်လှိုင်က ကြေညာ
အကြမ်းဖက် စစ်တပ်က စစ်ဆက်တိုက်မည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို ကာကွယ်၍ အမျိုးသားနိုင်ငံရေး ဆက်လုပ်မည်ဟု မင်းအောင်လှိုင်က ကြေညာ ရန်ကုန်၊ မတ် ၂၈ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်အနေဖြင့် အကျပ်ကိုင်တောင်းဆိုမှုများကို အလျှော့ပေးလက်ခံခဲ့သည့် အစဉ်အလာမရှိ၍ စစ်ဆက်တိုက်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က နိုင်ငံအတွင်းဖြစ်ပေါ်လာသော နိုင်ငံရေးပြဿနာများကို အခွင့် ကောင်းယူပြီး PDF များနှင့်အတူ နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်ရေး ပျက်ပြားအောင် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ကြကြောင်း၊ လက်ရှိတွင် နယ်မြေအလိုက် နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာကြောင်း၊…