KIA ထိန်းချုပ်ဒေသ လွယ်ဂျယ်နှင့် မိုင်ဂျာယန်တွင် နယ်စပ်ကုန်သွယ်ရေးပြန်စတင်
မတ်-၂၈၊၂၀၂၅။မိထက်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် လွယ်ဂျယ် နှင့် မိုင်ဂျာယန်နယ်စပ်ဂိတ်မှ လူသုံးကုန် နှင့် စားဆီ သယ်ယူပို့ဆောင်ခွင့်ကို တရုတ်ဖက်မှ ခွင့်ပြုလိုက်ကြောင်း ဒေသခံများကပြောသည်။
“ဒီနေ့စဖွင့်ပေးတယ်ဗျ။အရင်ကတော့ပိတ်ထားတာ။တရားမဝင်သွင်းတာတော့ရှိတယ်။ အခုက
တော့ KIA နဲ့ ညှီပြီး ဖွင့်ပေးတယ်။ဒါကဒေသအ
တွက်တော့သတင်းကောင်းဖြစ်တယ်” ဟုလွယ်ဂျယ်မြို့ခံတဦးက People’s Springသို့ပြောသည်။
မိုင်ဂျာယန်သည် မူလကပင် KIA ထိန်းချုပ်ဒေသဖြစ်သည်။ KIAကလွယ်ဂျယ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ဧပြီလတွင်အပြီးသတ်သိမ်းယူခဲ့ပြီးနောက်နယ်စပ်ဂိတ်မှကုန်သွယ်ရေးရပ်တန့်ခဲ့သည်။ လွယ်ဂျယ်မှတဆင့် စိန်လုံတောင်တန်းကိုဖြတ်
၍မိုးမောက်၊ဗန်းမော်မြို့များသို့လမ်းကြောင်း
ရှိပြီး ထိုနေရာများမှတစ်ဆင့် ကချင်ပြည်နယ်အတွင်း ကုန်သွယ်ရေးလမ်းကြောင်းများရှိသည်။
လက်ရှိတွင် KIA၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်း
ထန်နေပြီး လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်နေသည့်အနေအထားရှိသည်ဟု ကုန်သည်တဦးကပြောသည်။
“ရှောင်ကွင်းလမ်းတွေကနေ သွားကြပါလိမ့်မယ်။ သေချာတာကတော့ နယ်စပ်ဂိတ်ဖွင့်တာက ဒေသ
ခံတွေအတွက်တော်တော်လေးကိုအသက်ရှူ
ချောင်စေတယ်” ဟု ၎င်းက ပြောသည်။
KIAသည် မူလကကချင်အထူးဒေသ (၁) နယ်မြေတွင် ပါဝင်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင်အရေးပါသော ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ပန်ဝါ၊ ကန်ပိုင်တီမြို့တို့ကိုလည်း သိမ်းယူထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)က ၂၀၂၄ နိုဝင်ဘာ ၂၈ ရက်တွင် ကချင်အထူးဒေသ(၁)
သတ်မှတ်ချက်ကို ဖျက်သိမ်းလိုက်ကြောင်းနှင့် ဒေသခံများနှင့်ရင်းနှီးမြုပ်နှံသူများ ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။
KIAနှင့် တရုတ်သည် ချီဖွေနှင့် ပန်ဝါဒေသမှ
မြေရှားသတ္တုထုတ်လုပ်ရေးနှင့် တင်ပို့ရေးကို
ယခုရက်ပိုင်းအတွင်း သဘောတူညီမှုရခဲ့ကြောင်းရိုက်တာသတင်းဌာနကဖော်ပြထားသည်။ KIAက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
( KIA နှင့် မဟာမိတ်များက လွယ်ဂျယ်မြို့သိမ်းပြီးနောက် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်အနီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကိုတွေ့ရစဥ်။
ဓါတ်ပုံ-CJ )
