ငလျင်ကြောင့် မန္တလေး ၇၃ လမ်း x ၁၀၇ လမ်းတစ်ခုတည်းတွင်ပင် အဆောက်အအုံများစွာ ပြိုကျနေ၊ အောင်ပန်းဟိုတယ်ပြိုကျမှုမှ လူတချို့ ဒဏ်ရာရရှိပြီး ပိတ်မိသူများရှိနိုင်
ရန်ကုန်၊ မတ် ၂၈
ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်သွားခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေး ၇၃ လမ်း x ၁၀၇ လမ်းတစ်ခုတည်းတွင်ပင် အဆောက်အအုံများစွာ ပြိုကျနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မန္တလေးမြို့က ၃ ထပ်တိုက်နဲ့ တိုက်ပုလေးတွေအကုန် ထိတယ်။ အနည်းနဲ့ အများဆိုသလို ထိနေတာပါ။ ဘာဆက်လုပ်ရမလဲမသိတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အောင်ပန်းမြို့မှ ၃ ထပ် အောင်ပန်းဟိုတယ်ပြိုကျမှုတွင်မူ လူတချို့ ဒဏ်ရာရရှိခဲ့ပြီး ပိတ်မိသူများလည်းရှိနိုင်ကြောင်း အောင်ပန်းဒေသခံတစ်ဦးက ပြောဆိုသည်။