မြေငလျင်ကြီး​ကြောင့်မန္တ​လေးမှာ​သေဆုံး၊ဒဏ်ရာရသူများပြီး ​ဆေးရုံ၌ဒဏ်ရာရလူနာတွေ့ပြည့်လျှံ

by

in

မြေငလျင်ကြီး​ကြောင့်မန္တ​လေးမှာ​သေဆုံး၊ဒဏ်ရာရသူများပြီး ​ဆေးရုံ၌ဒဏ်ရာရလူနာတွေ့ပြည့်လျှံ
မတ်-၂၈၊၂၀၂၅။ရှိန်း/People’s Spring
​မြေငလျင်ကြီးလှုပ်ခတ်တာ​ကြောင့်မန္တလေးမြို့မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူဦး ရေဆက်လက်မြင့်တက် နေပြီး ဆေးရုံအပြင်ဘက်အထိ ဒဏ်ရာရလူနာ တွေပြည့်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီနေ့ (မတ် ၂၈) မွန်းလွဲပိုင်း မှု လှုပ်ခတ်ခဲ့တဲ့ အင်
အားကြီးငလျင်ဒဏ်ကြောင့် မန္တ​လေးမြို့အနှံ့ နေအိမ်​တွေ ၊ဟိုတယ်တွေ၊ ကွန်ဒို​တွေ ၊မဟာ
မုနိဘုရားကြီး အပါအဝင်ဘာသာ​ရေးအ​ဆောက်အအုံ​တွေ၊ နန်းမြို့ရိုးစတဲ့ အ​ဆောက်အအုံများစွာပြိုကျပျက်စီးခဲ့ပါတယ် ။ တချို့နေအိမ်တွေဟာ အထပ်လိုက် မြေအောက်ကို မြှုပ်သွားတာတွေရှိတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။
ဒါအပြင် မီးလောင်မှုတွေလည်း များပြားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း
မြင့်တက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“ကုတင် ၃၀၀ အပြင်ဘက်အထိလူနာတင်ကား တွေ ရော၊လူနာတွေရော အပြည့်ပဲ။တခြား ဆေးရုံတွေလည်း လူနာပြည့်လို့ဆက်လက်မခံတာ တွေရှိတယ် “လို့ မန္တလးမြို့ခံတဦးက ပြောပါတယ်။
မန္တလေးမြို့က ဟိုတယ် ၁၀လုံးနီးပါးအထိပြိုကျခဲ့ပြီး ၆၂လမ်း ပေါ်ကသုံးထပ်တိုက်တလုံးလည်း အောက်ဆုံး တထပ်လုံး မြေကြီးထဲ မြှုပ်ဝင်သွားပါတယ်။
အခုချိန်အထိ ​နောက်ဆက်တွဲ​မြေငလျင်​တွေနဲ့
​မြေငလျင် ​ကောလဟလ​​တွေကြောင့် ပြည်သူ​တွေဟာ စိုးရိမ်းပြီးလမ်းပေါ်မှာလူတွေ ထွက်ထိုင်နေကြပါတယ် ။
တောင်ငူမြို့မှာလည်း ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုမှာလည်း ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ ဦး သေဆုံးခဲ့ရတယ်လို့ အဲဒီမြို့
က လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် ရှမ်းပြည်တောင်ပိုင်း၊အောင်ပန်းမြို့က ဟိုတယ်အောင်ပန်း ပြိုကျမှုဖြစ်စဉ်မှာ အမျိုး
သမီးရုပ်အလောင်းနှစ်လောင်းတွေ့ရှိထားတယ်လို့ နာရေးကူညီမှုအသင်းအောင်ပန်းက အသိပေးပါတယ်။
(မန္တ​လေး ​ဆေးရုံး အပြင်ဘက်မှာ​စောင့်ဆိုင်း​နေတဲ့လူနာ​တွေ။ ဓါတ်ပုံ-CJ )