Author: admin

  • ထားဝယ်ဒေသစစ်ဆင်ရေးအတွက် မွန်၊ ထားဝယ်၊ကရင်နှင့် PDFတပ်များ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့စည်း

    ထားဝယ်ဒေသစစ်ဆင်ရေးအတွက် မွန်၊ ထားဝယ်၊ကရင်နှင့် PDFတပ်များ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့စည်း

    by

    in

    ထားဝယ်ဒေသစစ်ဆင်ရေးအတွက် မွန်၊ ထားဝယ်၊ကရင်နှင့် PDFတပ်များ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့စည်း ဧပြီ ၂၂၊၂၀၂၅။ဟန်နွေ/People’s Spring တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ၌ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို စုစည်းညီညွတ်စွာ ခုခံရန်၊ စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် ထားဝယ်ဒေသတွင်းရှိ တော်လှန်ရေးတပ်များ ညှိနှိုင်းကာ မဟာမတ်ပူးပေါင်းတပ်ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောသည်။ PDFတပ်ရင်းတစ်ခုဖြစ်သည့် ဒေါနတပ်ရင်း၏ ကံပေါက်ဒေသ အခြေစိုက်ဒေါနစစ်ကြောင်း(၃)က တော်လှန်ရေးတပ်ဖွဲ့များ မဟာမိတ်ပြုလုပ်ထားသည့် အခြေအနေကို ဧပြီ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်တွင် ဒေါနစစ်ကြောင်း(၃)(တပ်ခွဲ-၄၊တပ်ခွဲ-၆၊တပ်ခွဲ-၇)၊ KNU တပ်မဟာ ၆ တပ်ရင်း၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊…

  • ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် KNU ထံသို့ ပို့ဆောင်မည့်  ရိုင်ဖယ်သေနတ် ၁၀ လက်၊ ဗုံးပစ်လောင်ချာ ၁၄ လက်နှင့်အတူ ခဲယမ်းများ ဖမ်းဆီးရရှိ

    ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် KNU ထံသို့ ပို့ဆောင်မည့် ရိုင်ဖယ်သေနတ် ၁၀ လက်၊ ဗုံးပစ်လောင်ချာ ၁၄ လက်နှင့်အတူ ခဲယမ်းများ ဖမ်းဆီးရရှိ

    by

    in

    ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် KNU ထံသို့ ပို့ဆောင်မည့် ရိုင်ဖယ်သေနတ် ၁၀ လက်၊ ဗုံးပစ်လောင်ချာ ၁၄ လက်နှင့်အတူ ခဲယမ်းများ ဖမ်းဆီးရရှိ ရန်ကုန်| ဧပြီ ၂၃ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ Khlong Chonprathan လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သော KNU ထံသို့ ပို့ ဆောင်မည် လက်နက်ခဲယမ်းများကို ဖမ်းဆီး ရရှိကြောင်းယမန်နေ့ ထိုင်းသတင်း ဌာနများက သတင်းဖော်ပြသည်။ ထိုင်းအမျိုးသားနှစ်ယောက်က အနက်ရောင်တိုယိုတာကားဖြင့် သေနတ်နှင့် ကျည်ဆန်များ သယ်ဆောင်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦးမှာ ထိုင်းအမျိုး သားနှစ်ဦးဖြစ်ကြောင်း၊ ရိုင်ဖယ်သေနတ် ၁၀ လက်၊ ဗုံးပစ် လောင်ချာ ၁၄ လက် တို့ကို ခဲယမ်းများနှင့်အတူ ဖမ်းဆီး…

  • မြ၀တီမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး (ခေါ်) ဟိုင်းလတ်ဌေး တိုက်ပွဲတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့သော်လည်း မိသားစုက ရောဂါဖြင့် သေဆုံးဟု သတင်းဖြန့်

    မြ၀တီမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး (ခေါ်) ဟိုင်းလတ်ဌေး တိုက်ပွဲတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့သော်လည်း မိသားစုက ရောဂါဖြင့် သေဆုံးဟု သတင်းဖြန့်

    by

    in

    မြ၀တီမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး (ခေါ်) ဟိုင်းလတ်ဌေး တိုက်ပွဲတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့သော်လည်း မိသားစုက ရောဂါဖြင့် သေဆုံးဟု သတင်းဖြန့် ရန်ကုန်၊ ဧပြီ ၂၃ ကရင်ပြည်နယ်၊ မြ၀တီခရိုင်တွင် တာဝန်ကျနေသည့် ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး ခေါ် ဟိုင်းလတ်ဌေး တိုက်ပွဲတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့သော်လည်း မိသားစုကမူ ရောဂါဖြင့် သေဆုံးသည်ဟု သတင်းဖြန့်လျက်ရှိကြောင်း မိတ်ဆွေဖြစ်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အသက် ၄၂ နှစ်အရွယ် ဒုဗိုလ်မှူးကြီး သက်နိုင်ဌေး ခေါ် ဟိုင်းလတ်ဌေး သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်း ဆင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ သုမာလာ ၅ လမ်း တွင်…

  • ပုသိမ်-မုံရွာလမ်း နှင့် ရန်ကုန်-ပြည်လမ်းပိုင်း  တိုက်ပွဲပြင်းထန်

    ပုသိမ်-မုံရွာလမ်း နှင့် ရန်ကုန်-ပြည်လမ်းပိုင်း တိုက်ပွဲပြင်းထန်

    by

    in

    ပုသိမ်-မုံရွာလမ်း နှင့် ရန်ကုန်-ပြည်လမ်းပိုင်း တိုက်ပွဲပြင်းထန် ဇော်ရမ်း/People’s Spring ဧရာဝတီတိုင်းအတွင်း ပုသိမ်-မုံရွာလမ်း နှင့် ပဲခူး တိုင်းအတွင်းရန်ကုန်-ပြည်လမ်းပိုင်းတွင်ယနေ့(ဧပြီ ၂၂) တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပုသိမ်-မုံရွာလမ်း ရေကြည်မြို့နယ် စက်စက်ယိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာမှ အာရက္ခတပ်​တော်- AA နှင့် ပူးပေါင်းတပ်များနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်​ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြော သည်။ “စက်စက်ယိုကိုပစ်မှတ်ထားပြီး ဗုံးကြဲသွားတယ်။ ရွာခံတွေထွက်ပြေးနေရတယ်။ရေကြည်နဲ့လေးမျက်နှာတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းတွေ အများကြီးရောက်နေတယ်” ဟု ဒေသခံတဦးကပြောသည်။ စစ်​ကောင်စီက ​စစ်ကိုင်းငလျင်ကယ်ဆယ်​ရေးအ​ကြောင်းပြပြီး ယာယီအပစ်ရပ်​ကြေညာထား​သော်လည်း စစ်တပ်က ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြော၌ အင်အားတိုးနေပြီး တိုက်ပွဲများဖြစ်နေသည်။ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတော ကြီးရွာကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧပြီလ…

  • နေပြည်တော်မြို့ အသစ်ပြန်တည်ဆောက်ရေးနှင့် အဟောင်းများ ပြန်လည် ပြုပြင်ရေး မင်းအောင်လှိုင်က မောင်မောင်အေးကို တာဝန်ပေး၊

    နေပြည်တော်မြို့ အသစ်ပြန်တည်ဆောက်ရေးနှင့် အဟောင်းများ ပြန်လည် ပြုပြင်ရေး မင်းအောင်လှိုင်က မောင်မောင်အေးကို တာဝန်ပေး၊

    by

    in

    နေပြည်တော်မြို့ အသစ်ပြန်တည်ဆောက်ရေးနှင့် အဟောင်းများ ပြန်လည် ပြုပြင်ရေး မင်းအောင်လှိုင်က မောင်မောင်အေးကို တာဝန်ပေး၊ 🟥 ဆောက်လုပ်ရေး တင်ဒါနှင့် ဘိလပ်မြေ၊ သံချောင်းများ အခွန်မဲ့ သွင်းခွင့်ရရရေး လုပ်ငန်းရှင်များက ဗိုလ်ချုပ်ကြီးများ ထံသို့ ချောင်းပေါက် မတတ်သွားနေသော်လည်း မင်းအောင်လှိုင်သားကို ကျော်ရန် မလွယ် ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသော နေပြည်တော်မြို့ အသစ်ပြန်တည်ဆောက်ရေးနှင့် အဟောင်းများ ပြန်လည် ပြုပြင်ရေး မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို တာဝန်ပေးထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အစိုးရဌာနရုံးများပျက်စီးခဲ့ကြောင်း၊ ယင်းနောက် နေပြည်တော်ကို မြို့သစ် ပြန်လည် တည်ဆောက်ရန်၊ မြို့ကွက်ပြန်ချရန်နှင့် အဟောင်းများကို ပြန်လည် ပြုပြင်ရေးအတွက်…

  • ၂၀၂၅ ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ

    ၂၀၂၅ ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ

    by

    in

    ၂၀၂၅ ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၂၅ ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြင့်သည့် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်ဂုဏ်ပြုလိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ယမန်နေ့၌ ထုတ်ပြန်သည်။ လူထုခေါင်းဆောင်ဖြစ်သလို မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူဂုဏ်ရည်ဌာနခွဲ အသီးသီးရှိ အဖွဲ့သားများမှ ရိုသေ လေးစား တန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုပါကြောင်း အသိပေး ကြေညာအပ်သည်ဟု ဖော်ပြထားသည်။ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု တက္ကဆက်ဌာနခွဲ (ဟူစတန်မြို့)တွင် လာမည့်မေလ ၂၄ ရက်၌ ကျင်းပသွားမည် ဖြစ်ပြီး ဂုဏ်ပြုပွဲ အစီအစဥ်အများကို ထပ်မံ အသိပေး ကြေညာသွားမည်ဟု…

  • ချင်းတော်လှန်ရေးတပ် ထိုးစစ် အညာလွင်ပြင်ထိ ရောက်လာ

    ချင်းတော်လှန်ရေးတပ် ထိုးစစ် အညာလွင်ပြင်ထိ ရောက်လာ

    by

    in

    ချင်းတော်လှန်ရေးတပ် ထိုးစစ် အညာလွင်ပြင်ထိ ရောက်လာ /MFP ၊ ဧပြီ- ၂၂ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်အုပ်စုရဲ့ ကမ်းပါးနီစခန်းအပါအဝင် စခန်းငါးခုကို သိမ်းယူထားနိုင်တဲ့ ချင်းတော် လှန် ရေးတပ်တွေရဲ့ မြေပြန့်လွင်ပြင် စစ်ဆင်ရေးဟာ စစ်ကိုင်းနဲ့ မကွေးတိုင်း နယ်ဘက်အစပ်ဆီထိ ရောက်ရှိခဲ့ပြီလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ် ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က စတင်ခဲ့တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေရဲ့ မြေပြန့်လွင် ပြင် စစ်ဆင်ရေးဟာ ဧပြီလ ၁၂ ရက်ထိ နှစ်လတာကြာမြင့်ခဲ့ပြီး စစ်ကိုင်းနဲ့ မကွေးနယ်အနီးရှိ စစ်အုပ်စု စခန်း တွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အရှေ့အောင်သာယာ ၊ အနောက်အောင်သာယာ ၊ ကြံသာစတဲ့ စခန်းငါးခုကို သိမ်း…

  • ထိုင်း − မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြော

    ထိုင်း − မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြော

    by

    in

    ထိုင်း − မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ပြော ထိုင်း − မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ချင်းမိုင်မှာ နှစ်ကြိမ် တိုက်ပွဲဖြစ်ပြီး မှောင်ခိုသမား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့သလို မူးယစ်ဆေးဝါးတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။ ဧပြီလ ၂၀ ရက်က ဒေသတွင်း မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေရဲ့ အစိတ်အပိုင်းအဖြစ် ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေမှာ အခုလို တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခို အဖွဲ့တစ်ခုအကြောင်း သတင်းရခဲ့တဲ့နောက် တောလမ်းကနေ ဝင်ရောက်လာမယ့် မူးယစ်မှောင်ခို ဂိုဏ်းသားတွေကို တားဆီးဖို့ ကင်းလှည့်ယူနစ် နှစ်ခုကို ဖြန့်ကျက်ပြီး စောင့်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။…

  • လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာ (ရုပ်သံ)

    လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာ (ရုပ်သံ)

    by

    in

    လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာ (ရုပ်သံ) ဧပြီ၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring MNDAAတပ်ဖွဲ့များဆုတ်ခွာသွားသည့်လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း ယနေ့(ဧပြီ-၂၂) နံနက်ပိုင်း၌ စတင်ဝင်ရောက်လာသည်။ နမ့်ပေါင်ရွာဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး မိုးကာအုပ်ကားအစီးရေ ၅၀ ထက်မနည်းပါဝင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “အခြေအနေကတော့ စိတ်မသန့်သလိုပဲဗျာ။ ဘာဆက်ဖြစ်မလဲမသိပါဘူး”ဟုမြို့ခံကပြောသည်။ စစ်ကောင်စီ​ထောက်ခံသူအချို့ကမူ စိုးရိမ်စရာမရှိကြောင်းရေးသား​နေကြသည်။ပြန်ဝင်လာသူများသည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)ဘက်သို့ ဦးတည်ဝင်ရောက်သွားသည်ဟုဒေသခံများကပြောသည်။ တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင်လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ (၁)အလံကိုဧပြီလ၂၁ ရက်ကဖြုတ်ချခဲ့သည်။ထို​နောက် ဧပြီ ၂၂ ရက်​နေ့တွင်စစ်ကောင်စီအင်အားအများအပြား ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းသည် လားရှိုးမြို့သို့ ရောက်နေသည်။တိန့်ရွှီကျွင်း၊စစ်ကောင်စီအမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် MNDAA အထွေထွေအတွင်းရေးမှူး နှင့် စစ်ဦးစီးချုပ်တို့ သည် က လားရှိုးမြို့၌တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့​သော်ဆွေးနွေးပွဲရလဒ်ကိုမသိရသေးပေ။ ကနဦးတွင် လားရှိုးမြို့ကို…

  • လားရှိုးမြို့သို့ တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသော်လည်း မြန်မာ့အရေး စွက်ဖက်မှု မရှိဟု တရုတ်အစိုးရ ဗြောင်ငြင်းပြန်

    လားရှိုးမြို့သို့ တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသော်လည်း မြန်မာ့အရေး စွက်ဖက်မှု မရှိဟု တရုတ်အစိုးရ ဗြောင်ငြင်းပြန်

    by

    in

    လားရှိုးမြို့သို့ တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသော်လည်း မြန်မာ့အရေး စွက်ဖက်မှု မရှိဟု တရုတ်အစိုးရ ဗြောင်ငြင်းပြန် ရန်ကုန်| ဧပြီ ၂၂ MNDAA ကိုးကန့်က သိမ်းပိုက်ထားသော လားရှိုးကို တရုတ်၏ ကြားဝင်အကျပ်ကိုင်မှုဖြင့် စစ်ကောင်စီတပ်များ ပြန်လည် ဝင်ရောက်ခွင့်ရရှိချိန် မြန်မာ့အရေးတွင် တရုတ်အနေဖြင့် ကြားဝင်စွက်ဖက်မှုမရှိကြောင်း တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဗြောင် ငြင်းဆန်ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို တရုတ်ဖိအားကြောင့်…