Author: admin

  • ပြင်ဦးလွင်တွင် လက်နက်ကြီးပစ်သံများ ကြားရ

    ပြင်ဦးလွင်တွင် လက်နက်ကြီးပစ်သံများ ကြားရ

    by

    in

    ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်က TNLA သိမ်းထားသည့် နောင်ချိုမြို့နယ်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း၊ ပြင်ဦးလွင်ကို စွန့်ခွာသူ ပိုမို များပြားလာကြောင်း သိရသည်။ စစ်တက္ကသိုလ်ကြီးများအခြေစိုက်ရာ မေမြို့ ခေါ် ပြင်ဦးလွင်မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ ယနေ့ (ဩဂုတ် ၁၃) နံနက် ၇ နာရီခန့်မှစကာ ထွက်ပေါ်လာကြောင့် မြို့ခံများ ထိတ်လန့်နေသလို မြို့ကို စွန့်ခွာသူများလည်း ရှိလာကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ပြင် ထုံးဘိုကျေးရွာအနီး ဧကတစ်သောင်းခြံတွင် အခြေစိုက်သော စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်သည်၊ မြို့မြောက်ဘက် ၁၉ မိုင်ခန့်အကွာရှိ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာဘက်ခြမ်းသို့ ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတချို့က ပြောသည်။ ယနေ့နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်သံ ၁၀ ချက်ထက်မနည်း ကြားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို…

  • ယနေ့ ညထူးခြားသတင်း မ အ လ ကိုပြန် ဖ*-မ်းပြီးထိန်းသိမ်းတယိလို့သတင်း တကိလာပြီ ⏬⏬⏬⏬

    ယနေ့ ညထူးခြားသတင်း မ အ လ ကိုပြန် ဖ*-မ်းပြီးထိန်းသိမ်းတယိလို့သတင်း တကိလာပြီ ⏬⏬⏬⏬

    by

    in

    အော-င်-လ-င်း-ဒွေး(D-S-A 27) မှ မ-အ-လအား ထိ-န်း-သိ-မ်း မ-အ-လ ရဲ့ ရူး-ကြော-င်-ကြော-င် အ-မိန့်တွေကို မနာ ခံလိုတဲ့အတွက် ဖြစ်ပါတယ်ပေါ့။ကိုညိုစော D-S-A 2-3 ရဲ့ အမိ-န့်-အရ အော-င်-လ-င်းဒွေးက လိုက်ပါဖော်ဆောင်ရတာဖြစ်ပါတယ်။ အခုရက်ပိုင်း မြင်းခြံ ၊တောင်သာ၊ ဝဲလောင် သား နာ မည်ကျော် အော-င်-သော-င်းရဲ့သား ကိုမိုး-အော-င် D-S-A 2-8 ရဲ့ စနက်ဖြစ်ပါတယ်။ကိုမိုး-အော-င်လေးဟာ ရေ-ချု-ပ်က နားရလို့ စိတ်နာနေတာဖြစ်ပါတယ်။ မိုး-အော-င်-လေး တစ်ပါတ်စဉ်တည်း ကြံ့-ဖွ-တ်ဒု-ဥက္က-ဠ-ဟောင်း မျိုး-ဇော်-သိ-မ်းလည်း ပါလာပါပြီ။ ဇင် ယော် ၂၀၂၄ သြဂုတ် ၁၃ ၂၁၃၀ #ZinYawCaptain န-စ-က အတွ-င်း-ရေး-မှူး အော-င်-လ-င်း-ဒွေး (D-S-A 27) မှ န-ယ်-ဘ-က်ဆို-င်ရာကိစ္စ အ၀၀အား ယုံကြ-ည်စွာ…

  • ကျောက်ပန်းတောင်းက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခြောက်ဦးသေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရကာ လေးဦး ပျောက်ဆုံးနေ

    ကျောက်ပန်းတောင်းက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခြောက်ဦးသေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရကာ လေးဦး ပျောက်ဆုံးနေ

    by

    in

    ကျောက်ပန်းတောင်းက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခြောက်ဦးသေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရကာ လေးဦး ပျောက်ဆုံးနေ ဩဂုတ် ၁၃၊ The Nation Voice စောညိန်း ကျောက်ပန်းတောင်းမြို့နယ် ၊ ပွေးကျစ်တိုက်နယ် ၊ ပွဲခင်းရွာမကျေးရွာက ပျူစောထီး‌စခန်းကို ဩဂုတ်လ ၁၂ ရက်နေ့ ၊ နေ့လယ် ၂နာရီခွဲခန့်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့တယ်လို့ Bagan Bo Cho PDF က ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျူစောထီး ခြောက်ဦး သေဆုံးခဲ့ပြီး ၂၀ဦးခန့်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးတာက မျက်မြင်ခြောက်ဦး၊ ဒဏ်ရာရရှိသူလည်း များတယ်လို့ သတင်းထပ်ရပါတယ်၊ ခန့်မှန်း၂၀ကျော်မယ်ဗျ၊ ပျောက်ဆုံးနေဆဲ လူက လေးယောက်လို့ သတင်းထပ်ရသေးပါတယ်”လို့…

  • ရန်ကုန်-မန္တလေး အမြန်လမ်းကို ၁၅ ရက်ကစပြီးပိတ်မယ်လို့ သတင်းထွက်နေ၊ မန္တလေးရောက် စစ်ရှောင် ပြည်ခိုင်ဖြိုးပါတီဝင်တွေကို နေပြည်တော်ကို ပြောင်းလာခိုင်း၊

    ရန်ကုန်-မန္တလေး အမြန်လမ်းကို ၁၅ ရက်ကစပြီးပိတ်မယ်လို့ သတင်းထွက်နေ၊ မန္တလေးရောက် စစ်ရှောင် ပြည်ခိုင်ဖြိုးပါတီဝင်တွေကို နေပြည်တော်ကို ပြောင်းလာခိုင်း၊

    by

    in

    ရန်ကုန်-မန္တလေး အမြန်လမ်းကို ၁၅ ရက်ကစပြီးပိတ်မယ်လို့ သတင်းထွက်နေ၊ မန္တလေးရောက် စစ်ရှောင် ပြည်ခိုင်ဖြိုးပါတီဝင်တွေကို နေပြည်တော်ကို ပြောင်းလာခိုင်း၊ အညာက သူတို့အားထားရတဲ့ ပါဝီဝင်တွေ အများစုကို ပြောင်းလာခိုင်းနေတာဖြစ် ထင်လင်း/MFP၊ ဩဂုတ် ၁၃ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဩဂုတ်လ ၁၅ရက်စတင်ပြီး စစ်အုပ်စုက လမ်းပိတ်မယ်လို့ သတင်းထွက်ပေါ်နေပြီး အညာကနေ စစ်ဘေးရှောင် ထွက်ပြေးလာရင်း မန္တလေးမှာ နေထိုင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို နေပြည်တော်ကို ထပ်မံ ရွှေ့ပြောင်းလာဖို့ ခေါ်ယူနေတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်အုပ်စုက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ပိတ်ဖို့ သတင်းနဲ့ပတ်သက်လို့ အသေးစိတ်စုံစမ်းမရသေးပေမဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေကို အဲဒီရက်မတိုင်မီ နေပြည်တော်ကို ပြောင်းရွှေ့လာဖို့ စေခိုင်းခေါ်ယူနေတာတော့ အမှန်ပဲလို့ ဆိုပါတယ် ။ အထူးသဖြင့် အညာ‌ဒေသကနေ မန္တလေးကို ရောက်ရှိနေတဲ့ စစ်ရှောင်ပါတီဝင်တွေဖြစ်ပြီး…

  • စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးခုန်တက်

    စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးခုန်တက်

    by

    in

    စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးခုန်တက် ဧရာဝတီတိုင်းမ် ဩဂုတ် ၁၃ ရက် ရန်ကုန်မြို့ရှိ လက်လီလီစျေးကွက်အတွင်း ယခုရက်ပိုင်းတွင် စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးနှုန်း ခုန်တက်သွားကြောင်းသိရသည်။ လက်ရှိတွင်စားသောက်ကုန်စည်ဈေးနှုန်းတွင် ကြက်ဥ၊ အသားနှင့် ဟင်းသီးဟင်းရွက်ဈေးများအပါအဝင် စား သောက်ကုန်ဈေးနှုန်းများက အချိန်တိုင်းပင်အပြောင်းအလဲဖြစ်နေကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မ များထံက သိရသည်။ ယခင်ရက်များတွင် ကြက်ဥတစ်လုံး ၃၈၀ ကျပ်မှ ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့တွင် ကြက်ဥ တစ်လုံး ၅၀၀ ကျပ်ဖြစ်ပြီး ကန်စွန်းရွက်တစ်စီးကို ကျပ် ၁၀၀၀ မှ ၁၂၀၀ ကျပ်ကြား၊ ဝက်သား တစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်အထိ ဈေးတက်ကာ ကျန်ရှိနေသည့်ဟင်းသီးဟင်းရွက်အမယ်စုံလည်း ဈေးတက် လာကြောင်း သိရသည်။ “ဟင်းချက်စရာတွေဈေးတက်တယ်။ ဆပ်ပြာတို့…

  • ရန်ကုန်နှင့် မန္တလေးတွင် စစ်ဘေးရှောင် ပိုများလာပြီး အိမ်ငှားရခက်ခဲ၊ ဧည့်စာရင်း တင်းကျပ် စစ်ဆေး

    ရန်ကုန်နှင့် မန္တလေးတွင် စစ်ဘေးရှောင် ပိုများလာပြီး အိမ်ငှားရခက်ခဲ၊ ဧည့်စာရင်း တင်းကျပ် စစ်ဆေး

    by

    in

    ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းက တိုက်ပွဲတွေကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့မှာ စစ်ဘေးတိမ်းရှောင်သူတွေ ပိုများလာပြီး အိမ်ငှားရ ခက်ခဲလာသလို၊ ဧည့်စာရင်း တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြင်ဦးလွင်နဲ့ မန္တလေးအထိ နီးကပ်လာတဲ့ စစ်ရေးသတင်းတွေကြောင့် အဲဒီဒေသက ငွေကြေးတတ်နိုင်တဲ့သူတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေနဲ့ မြို့ခံအချို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို စစ်ဘေး တိမ်းရှောင် ပြောင်းရွှေ့လာကြပါတယ်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ပြင်ဦးလွင်ဒေသက လူတွေက မန္တလေးဘက်နဲ့ ရန်ကုန်ကို အဓိက စစ်ဘေးတိမ်းရှောင်ကြပြီး၊ ရှမ်းမြောက်၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းက ဒေသခံတချို့ကတော့ ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာကြတယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာတော့ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက စစ်ဘေးတိမ်းရှောင်လာသူတွေ ရောက်ရှိလာခဲ့ပြီး အိမ်ငှားခတွေကလည်း ၂ ဆကနေ ၃…

  • စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော

    စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော

    by

    in

    စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော သက်တန့်/ MFP ၊ ဩဂုတ် – ၁၃ မြို့တွေ တမြို့ပြီးတမြို့ သိမ်းပိုက်နေတဲ့ တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ် ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ ဒီလိုအရေးကြီးတဲ့ စစ်ရေးအောင်မြင်မှုရတာက တော်လှန်ရေးအင်အားစုအားလုံးက နိုင်ငံရေးအပြင် စစ်ရေးမှာပါ ဟန်ချက်ညီမှုရဲ့ အသီးအပွင့်ဖြစ်တယ်လို့ ဦးရည်မွန်က ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အနေနဲ့ ၂၀၂၃-၂၄ ခုနှစ်တွေမှာ မြန်မာပြည်အထက်ပိုင်းကို လှည့်ပတ်သွားရောက် ခဲ့ပြီး ဒီလိုသွားရောက်နိုင်တာကလည်း မြေပြင်စိုးမိုးနိုင်မှုကို ဖော်ပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအဖွဲ့တွေက မြို့တွေ၊ စခန်းတွေကို ဆက်တိုက်…

  • ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း ▪︎တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက်

    ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း ▪︎တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက်

    by

    in

    ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း ▪︎တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက် -ဒီပ/ People’s Spring ပြည်တွင် ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးမှာ ယ​​နေ့(သြဂုတ် ၁၃) သမိုင်းတစ်​လျှောက်အနိမ့်ဆုံးစံချိန်သို့ ထပ်မံကျဆင်းခဲ့သည်။ ပြင်ပ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၁၃ ရက်နေ့လယ်ပိုင်းတွင် အ​​မေရီဒေါ်လာမှာ ၁​ဒေါ်လာလျင် ကျပ် ၇၀၀၀ ​အထက်သို့ စ​ရောက်လာပြီး ၊ ဘတ်​ဈေးမှာ ၁ ဘတ်လျင် ၂၀၀ ကျပ်၊ ယွမ်​ဈေးမှာ ၁ ယွမ်လျင် ၁၀၀၀ ကျပ် ​ဈေး​ပေါက်​နေပြီး အဆိုပါနှုန်းများမှာ သမိုင်းတ​လျှောက် ကျပ်​ငွေတန်ဖိုး အနိမ့်ဆုံးကျဆင်းခြင်းဖြစ်သည်။ ​ရွှေ​ဈေးမှာလည်း အ​ခေါက်​ရွှေ ၁ ကျပ်သားလျင်ကျပ်၇၈ သိန်းခန့်အထိတက်လာ​ကြောင်းစုံစမ်း သိရသည်။…

  • မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင်  ညအိပ်စောင့်ဆိုင်း စက်သုံးဆီ တန်းစီနေရ

    မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း စက်သုံးဆီ တန်းစီနေရ

    by

    in

    မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း စက်သုံးဆီ တန်းစီနေရ ရန်ကုန်၊ ဩဂုတ် ၁၃ မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း စက်သုံးဆီ တန်းစီနေရသည်အထိ စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးတွင် စက်သုံးဆီပြတ်လပ်မှု များ စတင်ခဲ့ရာမှ ယခု ရက်ပေါင်း ၂၀ နီးပါး ရှိလာချိန်အထိ စက်သုံးဆီ ပြတ်လပ်မှုမှာ ပြေလည်ခြင်းမရှိဘဲ တစ်နေ့ တစ်ခြား ပိုမိုဆိုးဝါးလာကြောင်း ၊ ယခု ဩဂုတ်လ ဒုတိယအပတ်အခြေအနေသည် အဆိုးရွားဆုံး စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း၊ ဆီဆိုင်များတွင် နံနက်ပိုင်းသာ စက်သုံးဆီ ဝယ်ယူရရှိနိုင်တော့ပြီး အများစုသော အချိန်များတွင်…

  • ▪︎Breaking News တကောင်းမြို့ကို  PDFများသိမ်းပိုက်

    ▪︎Breaking News တကောင်းမြို့ကို PDFများသိမ်းပိုက်

    by

    in

    ▪︎Breaking News တကောင်းမြို့ကို PDFများသိမ်းပိုက် ယောနသံ/People’s Spring မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။ တကောင်းမြို့မှစစ်ကောင်စီစခန်းများကိုဩ ဂုတ်လ ၁၁ရက် နံနက် ၅နာရီခန့်မှ စ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယနေ့(ဩဂုတ်လ ၁၂ရက်) ညနေ၌ အပြီးသတ်သိမ်းပိုက်ရရှိခြင်းဟုကနဦး သတင်းရရှိသည်။ ” တကောင်းရပြီ” ဟု မြေပြင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက အတည်ပြုပြောကြားသည်။ မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူ သတင်းမရရှိ​သေး​ပေ။ တကောင်းမြို့မရဲစခန်း၊ တ််ိုက်ဆေးရုံတို့မှ စစ်ကောင်စီတပ်စခန်းများကိုသြဂုတ် ၁၁ ရက်ညနေ ပိုင်းတွင် သိမ်းဆည်းရရှိခဲ့သည်။ ထို့​နောက်လေးမျက်နှာဘုရားဝင်းတွင်တပ်စွဲထား​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDFများကဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင်မြို့ကြား၌တည်ရှိသည်။ ထီးချိုင့်မြို့မှ တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့်…