စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော

by

in

စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ ဦးရည်မွန်ပြော
သက်တန့်/ MFP ၊ ဩဂုတ် – ၁၃

မြို့တွေ တမြို့ပြီးတမြို့ သိမ်းပိုက်နေတဲ့ တော်လှန်ရေးတပ်တွေက စစ်အုပ်စုကို မြို့ပြင်မထွက်နိုင်အောင် ဝိုင်းပတ် ပိတ်လှောင်ထားတဲ့မြို့ ၁၀၅ မြို့အထိရှိ တယ်လို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
ဒီလိုအရေးကြီးတဲ့ စစ်ရေးအောင်မြင်မှုရတာက တော်လှန်ရေးအင်အားစုအားလုံးက နိုင်ငံရေးအပြင် စစ်ရေးမှာပါ ဟန်ချက်ညီမှုရဲ့ အသီးအပွင့်ဖြစ်တယ်လို့ ဦးရည်မွန်က ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အနေနဲ့ ၂၀၂၃-၂၄ ခုနှစ်တွေမှာ မြန်မာပြည်အထက်ပိုင်းကို လှည့်ပတ်သွားရောက် ခဲ့ပြီး ဒီလိုသွားရောက်နိုင်တာကလည်း မြေပြင်စိုးမိုးနိုင်မှုကို ဖော်ပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအဖွဲ့တွေက မြို့တွေ၊ စခန်းတွေကို ဆက်တိုက်
သိမ်းပိုက်နေတာပါ။
မြို့ပေါင်း ၃၅၂ မြို့ရှိတဲ့အနက် တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း ၇၅ မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သလို လက်ရှိ စစ်ဖြစ်နေတဲ့ မြို့ ၂၄ မြို့ရှိနေတာပါ။
#Mandalay_Free_Press_MFP