ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း ▪︎တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက်

by

in

ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း
▪︎တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက်
-ဒီပ/ People’s Spring
ပြည်တွင် ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးမှာ ယ​​နေ့(သြဂုတ် ၁၃) သမိုင်းတစ်​လျှောက်အနိမ့်ဆုံးစံချိန်သို့ ထပ်မံကျဆင်းခဲ့သည်။
ပြင်ပ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၁၃ ရက်နေ့လယ်ပိုင်းတွင် အ​​မေရီဒေါ်လာမှာ ၁​ဒေါ်လာလျင် ကျပ် ၇၀၀၀ ​အထက်သို့ စ​ရောက်လာပြီး ၊ ဘတ်​ဈေးမှာ ၁ ဘတ်လျင် ၂၀၀ ကျပ်၊ ယွမ်​ဈေးမှာ ၁ ယွမ်လျင် ၁၀၀၀ ကျပ် ​ဈေး​ပေါက်​နေပြီး အဆိုပါနှုန်းများမှာ သမိုင်းတ​လျှောက် ကျပ်​ငွေတန်ဖိုး အနိမ့်ဆုံးကျဆင်းခြင်းဖြစ်သည်။ ​ရွှေ​ဈေးမှာလည်း အ​ခေါက်​ရွှေ ၁ ကျပ်သားလျင်ကျပ်၇၈ သိန်းခန့်အထိတက်လာ​ကြောင်းစုံစမ်း
သိရသည်။
စစ်တပ်အာဏာမသိမ်းခင်က ၁ ​ဒေါ်လာ ၁၃၀၀ ကျပ်​ကျော် ၊ ၁ လတ် ၅၅ ကျပ်​ကျော် သာရှိခဲ့ပြီး လက်ရှိ​ဈေးဖြင့် နှိုင်းယှဥ်ပါက ​ဒေါ်လာ​​ဈေးမှာ ၅ ဆ ​ကျော် ၊ ဘတ်​ဈေးမှာ ၄ ဆ ဝန်ကျင်တက်ခဲ့ခြင်းဖြစ်သည်။ ​အာဏာမသိမ်းခင်က ရွှေ​ဈေးမှာလည်း ၁ ကျပ်သားလျင် ကျပ် ၁၃ သိန်း​ကျော်သာရှိခဲ့သဖြင့် ၆ ဆ ခန့်​ဈေးတက်လာခဲ့ခြင်းဖြစ်
သည်။
ကျပ်​ငွေတန်ဖိုးမှာဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးအ​ခြေအ​နေကိုရင်ဆိုင်​နေရခြင်းဖြစ်သည်။
အဆိုပါနှုန်းများမှာ ဟွန်ဒီ​ဈေး ၊လက်ကား​ဈေးဖြစ်ပြီး ပြည်တွင်း၌ အရွက်​ရေဖြင့် ​ရောင်း​သော ၊လက်လီ​ရောင်း​ဈေးမှာထိုထက်ပင်များနိုင်​ကြောင်း​ငွေလဲလှယ်​နေသူများက​ပြောသည်။ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​ကာ ​ဒေါ်လာ၊ဘတ် ၊ယွမ် စ​သောနိုင်ငံခြား​ငွေ ​ဈေးများ တရှိန်ထိုးတက်​နေ​သော်လည်း ​ဈေးကွက်တွင် ​နိုင်ငံခြား​ငွေများမှာ ဝယ်သူသာများပြီး​ရောင်းသူနည်း​နေကြောင်း
​ငွေ​ကြေး​ရောင်းဝယ်သူအချို့က​ပြောသည်။
“​​ဒေါ်လာကလည်းဝယ်လို့မရဘူး ။ အရင်က ​ကြောက်လို့ဝယ်တာ( ​နိုင်ငံခြား​ငွေဝယ်ယူတာ) ကပြန်ကျတယ် ။အခုက အရင်နဲ့မတူဘူး”ဟု ​ငွေ​ကြေး​ရောင်းဝယ်သူတစ်ဦးက ​ပြောသည်။
​ငွေ​ဈေးအတက်အကျကြမ်းသဖြင့် ​ငွေ​ကြေး​ရောင်းဝယ်သူအချို့ ​အ​ရောင်းအဝယ် ခတ္တရပ်နားထားကြသလို ၊​ရောင်းဝယ်သူအချို့ အရှုံး​ပေါ်​နေသည်။ နိုင်ငံခြား​ငွေ​ဈေးကို မှီခိုလုပ်ကိုင်​ေိရ​သောလုပ်ငန်းများလည်း လုပ်ငန်းလည်ပက်ရန်အခက်​တွေ့​နေ​ကြောင်းသိရသည်။
ကျပ်​ငွေတန်ဖိုးစံချိန်တင် ထိုးကျ​နေခြင်းမှာ
စစ်​ကောင်စီမှာ ကျပ်​ငွေ စက္ကူများ အများအပြားဆက်တိုက် ရိုက်နှိပ် ထုတ်​ဝေ​နေခြင်း ၊ နယ်စပ်ကုန်သွယ်​ရေး ရပ်တန့်လုဖြစ်​နေပြီး ကုန်သွယ်​ရေးကျဆင်းကာ​ပြည်တွင်းသို့ နိုင်ငံခြား​ငွေ ဝင်​ရောက်မှုနည်းလာခြင်း ၊ စစ်​ကောင်စီ မှလက်နက်ခဲယမ်းနှင့် ​လေယာဥ်ဆီဝယ်ရန် နိုင်ငံခြား​ငွေ လို​နေပြီးလိုက်ဝယ်ခြင်း ၊ဗိုလ်ချုပ်များ အရာရှိများကိုယ်တိုင် ကျပ်​ငွေ​ရောင်းပြီးနိုင်ငံခြား​ငွေ ဝယ်ခြင်း ၊ ကျပ်​ငွေအ​ပေါ်ယုံကြည်မှုကျဆင်းပြီးတိုက်ပွဲဖြစ်ပွားရာ ​ဒေသမှ ​ငွေ​ကြေးတက်နိုင်သူများက ကျပ်​ငွေအစား ​ဒေါ်လာ၊ဘတ် စသဖြင့် ​ငွေမာ​ပြောင်းကိုင်ခြင်း စ​သောအ​ကြောင်းရင်းများ​ကြောင့်ဖြစ်​ကြောင်း စုံစမ်းသိရသည်။
“မြန်မာပြည်မှာ ဒေါ်လာမရှိတော့လို့ ပြည်တွင်းမှာ Income မရှိတော့ဘဲ ပြည်ပကသွင်းကုန်မဝယ်တော့ဘူး။ ပြည်ပကနေ စက်သုံးစီတောင် မဝယ်နိုင်တော့ဘူး။ ဆီ(စက်သုံးဆီ)သာထပ်ဝယ်ရင် ဈေးကထက်တက်အုံးမှာ”ဟု ​ငွေ​​ကြေး​ရောင်းဝယ်သူတစ်ဦးက​ပြောသည်။
ပြည်သူများက ဘဏ်များအ​ပေါ် ၊ကျပ်​​ငွေအ​ပေါ်ယုံကြည်မှုမရှိတော့သဖြင့် ဘဏ်မှ ငွေများထုတ်ပြီး ၊စစ်​ကောင်စီကလည်း ဘဏ်များကလိုသမျှ​ငွေစက္ကူကို လှိမ့်ရိုက်ထုတ်​ပေး​သောနည်းဖြင့် ​ဖြေရှင်း​​ခြင်း ၊နိုင်ငံတဝန်း စစ်ရှိန် ပြင်းထန်လာသော​ကြောင့် ကျပ်​ငွေတန်းဖိုးဆက်တိုက်ကျဆင်း​နေခြင်းဟု၎င်းကသုံးသပ်သည်။
“အဓိကတော့ တိုင်းပြည်မှာ နိုင်ငံခြားဝင်ငွေ မရှိတာပေါ့။နောက်ပြီး လိုသမျှငွေကို ပုံနှိပ်စက်ကနေ ထုတ်ပြီးဖြေရှင်းနေတော့ ငွေကြေးက ပိုကျလာတာပေါ့”ဟု ​ငွေ​ကြေး​အရောင်းအဝယ်လုပ်ကိုင်​နေသူတစ်ဦးက​ပြောသည်။
“အခုက new environment ကလူ​​တွေပါထွက်ဝယ်​နေတာ”ဟု ​ငွေ​ကြေး​ဈေးကွက်ကျွမ်းကျင်းသူ​တစ်ဦးက​ပြောသည်။ ၎င်း​ပြောသည့် new environment မှာ ယခင် ​ငွေ​ကြေး​ရောင်းဝယ်လဲလှယ်​နေကြမဟုတ်ဘဲ တိုက်ပွဲများ​ကြောင့်တိမ်း​ရှောင်ရ​သော သူ​ဌေးများကပါ ကျပ်​ငွေကို နိုင်ငံခြား​ငွေဖြင့် လဲလှယ်​​လာကြခြင်းဖြစ်​သည်။
​ဒေါ်လာ​ဈေးတက်ပြီး ​ဒေါ်လာရှားပါသဖြင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု ​လျော့နည်းလာသဖြင့်
စက်သုံးဆီဆိုင်များတွင် ဆီရှားပါးမှု ပြသာနာထပ်ဖြစ်လာပြီး ကာလတိုအတွင်း​ပြေလည်ရန်မလွယ်ကူ​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။စက်သုံးဆီ​ဈေးကြီးပြီးရှားပါးလာသဖြင့် အ​ထွေ​ထွေကုန်​ဈေးနှုန်းများလည်းထက်မံတက်လာနိုင်​ကြောင်းလုပ်ငန်းရှင်များကခန့်မှန်သည်။
ကျပ်​​ငွေတန်ဖိုး စံချိန်တင်​ဖောင်းပွ​နေမှုနှင့် ပက်သပ်၍ နိုင်ငံရေးဘောဂလေ့လာသူတဦးက
“ငွေတွေက လက်လွတ်စပယ် လှိမ့်ရိုက်နေတယ်။စီးပွါးရေးကတော့ စကစပြုတ်ပြီးမှ ပြန်လုပ်လို့ရမှာပဲ ။ဒီတိုင်းကတော့ ကုစားဖို့ ဆေးမရှိဘူး” ဟု
ပြောသည်။
(ကျပ်​ငွေတန်ဖိုးကျဆင်းမှုမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးအ​ခြေအ​နေ ဖြစ်သည်။ ဓါတ်ပုံ-Getty Images)

စစ်ကောင်စီတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသဖြင့် စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်းသူများ၊ သွင်း ကုန်သမားများကို ဒေါ်လာ ရောင်းချမပေးနိုင်၊ ဒေါ်လာလိုအပ်ချက် အလွန်ကြီးမားစွာ ဖြစ်ပေါ်နေ၍ စျေးနှုန်းများ စံချိန်တင် ထပ်မံမြင့်တက်နိုင်
■ ယမန်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၄၅၀ ဖြင့် စျေးပိတ်ခဲ့
ရန်ကုန်၊ ဩဂုတ် ၁၃
အကြမ်းဖက်စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး စက်သုံးဆီတင်သွင်းသူများ၊ စားအုန်းဆီ တင်သွင်းသူများအပါအဝင် သွင်းကုန်သမားများကို ဒေါ်လာရောင်းချမပေးနိုင်သဖြင့် ဒေါ်လာလိုအပ်ချက်အလွန်ကြီးမား ဒေါ်လာစျေးနှုန်း စံချိန်မြင့်တက်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော စစ်ကောင်စီက စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်များထံသို့ အမေရိကန်ဒေါ်လာများကို စျေးကွက်ပေါက်စျေးထက် သက်သာသော ဗဟိုဘဏ်သတ်မှတ်စျေးဖြင့် ရောင်းချပေးနိုင်မှု မရှိတော့ကြောင်း၊ ပြင်ပစျေးကွက်တွင်လည်း အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်ကျော်အထိ စျေးနှုန်းများမြင့်တက်နေသဖြင့် ဆီတင်သွင်းသူများအနေဖြင့် ဒေါ်လာဝယ်ယူရန် အခက် အခဲများကြုံနေရကြောင်း၊ အထူးသဖြင့် ပြင်ပစျေးကွက်မှ ဒေါ်လာဝယ်ယူ ရသော်လည်း စက်သုံးဆီစျေးနှုန်းကိုမူ စစ်ကောင်စီက ပြင်ပဒေါ်လာစျေးနှုန်းဖြင့် တွက်ချက် စျေးနှုန်းသတ်မှတ်ခွင့် မပြုကြောင်း၊ ထို့ကြောင့် ဆီတင်သွင်းသူများအရှုံးပေါ်နိုင်ကြောင်း ဆီတင်သွင်းသူတချို့ထံမှ သိရှိရသည်။
” အခု ဆီတင်သွင်းဖို့ ဒေါ်လာကို ဗဟိုဘဏ်ဘက်က မရောင်းပေးနိုင်ဘူး။ ဆီသမားတွေက အပြင်က ရှာဝယ်ပြီး ဆီတင်သွင်းလို့ရပါတယ်။ ဒါပေမယ့် ဆီစျေးကိုကျတော့ ဗဟိုဘဏ် သတ်မှတ်တဲ့ ဒေါ်လာစျေးနှုန်းနဲ့ပဲ တွက်ချက်ပြီး စျေးနှုန်း သတ်မှတ်ပေးတော့ တင်သွင်းသူတွေအတွက် ဘယ်လိုမှမကိုက်တော့ဘူး။ အကြီးအကျယ်ရှုံးမှာပေါ့။ အဲဒီတော့ ဆီတွေ မသွင်းနိုင်ဘူး။ ဆီက ငွေရှိရင် အချိန်မရွေးတင်သွင်းလို့ရတယ်။ အခုက ဒေါ်လာမရှိတော့ ဆီပြတ်သ လောက် ဖြစ်နေပြီ။ ရှိတာလေးကို မျှတပြီး ရောင်းပေးနေကြတာ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့် ဒေါ်လာရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း၊ အထူးသဖြင့် ပြည်ပရောက် မြန်မာ အလုပ်သမားများ၏ ပြည်ပမှ ပြန်လည်ပေးပို့ငွေနှင့် ပို့ကုန်ရငွေ နိုင်ငံခြားဒေါ်လာများကို စစ်ကောင်စီက အပြည့်အ၀ ရရှိရေး နည်းလမ်း ရှာလျက်ရှိကြောင်း၊ လစဉ် စက်သုံးဆီ၊ စားအုန်းဆီအပါအဝင် သွင်းကုန်များတင်သွင်းရန် အမေရိကန်ဒေါ်လာ လိုအပ်ချက်မှာ ​ဒေါ်လာ သန်း ၃၀၀ နီးပါးရှိကြောင်း သိရှိရသည်။
“အခု ဒေါ်လာရဖို့ နည်းလမ်းတွေ ရှာနေကြတယ်။ ပြည်ပ အလုပ်သမားတွေဆီက နိုင်ငံခြားငွေကို ပြင်ပပေါက်စျေး တစ်ဒေါ်လာ ၆၀၀၀ ကျပ်နဲ့ ပုဂ္ဂလိကဘဏ်တွေကတစ်ဆင့် မြန်မာပြည်တွင်း ပြန်ဝင်လာဖို့ လုပ်ဆောင်ဖို့ တင်ပြတာရှိတယ်။ အဲဒါက နည်းလမ်းတစ်ခု။ နောက် နည်းလမ်းတစ်ခုက ပို့ကုန်ရငွေကို ၂၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၄၆၀၀ ကျပ်၊ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ် လာ ၆၀၀၀ ကျပ်နဲ့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ၆၅၀၀ ကျပ်နဲ့ ငွေလဲပေးဖို့ တင်ပြတာလည်းရှိတယ်။ တစ်လ ပြည်တွင်းမှာ သွင်းကုန်အတွက် အမေရိကန်ဒေါ် လာ လိုအပ်ချက်က ဒေါ်လာ သန်း ၃၀၀ လောက်ရှိတယ်” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကောင်စီက ဇူလိုင်လ ၂၆ ရက်နေ့ ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများကို လစာ သုံးသောင်း ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ တိုးမြှင့်ကြောင်း ကြေညာ ခဲ့ပြီးနောက် ဒေါ်လာစျေးနှုန်းများ စတင်လှုပ်ရှားလာခဲ့ကြောင်း၊ ယင်းနောက် တရှိန်ထိုး ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့ရာမှ နောက်ဆုံးတွင် တစ်ဒေါ်လာလျှင် ၆၄၅၀ ကျပ်အထိပါ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“လစာတိုးတယ်လို့ မကြေညာခင် ဇူလိုင်လ ၂၆ ရက်နေ့မတိုင်ခင်က တစ်ဒေါ်လာ ၅၀၀၀ နဲ့ ၄၅၀၀ အကြားမှာ အတက်အကျ လေးရှိပြီး ငြိမ်သေးတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး ဒေါ်လာစျေးက ထိန်းမနိုင် သိမ်းမရ ဖြစ်လာတာ။ ဇူလိုင်လ ၂၈ ရက်နေ့ တစ်ဒေါ်လာကို ၅၁၅၀ ကျပ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ တစ် ဒေါ်လာကို ၅၂၃၀ ကျပ် အဲဒီလို တစ်နေ့တစ်ခြား တအိအိကို တက်လာတာ။ စျေးတက်ပေမယ့်လည်း ဝယ်တဲ့သူတွေက စျေးကွက်ထဲမှာ ရသမျှ အကုန်သိမ်းဝယ်တယ်” ဟု ရန်ကုန်နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ရှင်းပြသည်။
အမေရိကန်ဒေါ်လာစျေးနှုန်းအပြောင်းအလဲများကို လေ့လာကြည့်မည်ဆိုလျှင် ဇူလိုင်လ ၂၇ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၅၀၃၀ ကျပ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၅၃၅၀ ကျပ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၅၄၀၀ ကျပ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျပ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ၅၅၈၀ ကျပ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ၅၇၅၀ ကျပ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ၆၀၀၀ ကျပ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ၆၁၀၀ ကျပ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၅၀ ကျပ်အထိ အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရသည်။