▪︎Breaking News တကောင်းမြို့ကို PDFများသိမ်းပိုက်

by

in

▪︎Breaking News
တကောင်းမြို့ကို PDFများသိမ်းပိုက်
ယောနသံ/People’s Spring

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။
တကောင်းမြို့မှစစ်ကောင်စီစခန်းများကိုဩ
ဂုတ်လ ၁၁ရက် နံနက် ၅နာရီခန့်မှ စ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယနေ့(ဩဂုတ်လ ၁၂ရက်) ညနေ၌ အပြီးသတ်သိမ်းပိုက်ရရှိခြင်းဟုကနဦး သတင်းရရှိသည်။
” တကောင်းရပြီ” ဟု မြေပြင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက အတည်ပြုပြောကြားသည်။ မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူ သတင်းမရရှိ​သေး​ပေ။
တကောင်းမြို့မရဲစခန်း၊ တ််ိုက်ဆေးရုံတို့မှ စစ်ကောင်စီတပ်စခန်းများကိုသြဂုတ် ၁၁ ရက်ညနေ
ပိုင်းတွင် သိမ်းဆည်းရရှိခဲ့သည်။
ထို့​နောက်လေးမျက်နှာဘုရားဝင်းတွင်တပ်စွဲထား​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDFများကဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင်မြို့ကြား၌တည်ရှိသည်။ ထီးချိုင့်မြို့မှ တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် နီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသလို မြို့ပတ်ချာလည်ကိုလည်း ထိန်းချုပ်ထားသည်။
သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီစခန်းများကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။
ထီးချိုင့်၊ တ‌ကောင်း၊သပိတ်ကျင်းမြို့နယ်များ
သည်စစ်အာဏာရှင်အောက်မှ ဆက်တိုက်ဆိုသလိုလွတ်မြောက်တော့မည်ဟုဒေသခံတဦးကပြောသည်။
တ​ကောင်းမြို့သည်ဧရာဝတီမြစ်ကမ်း​ဘေးမြို့ဖြစ်ပြီး​ ​မြောက်ဘက်တွင် ထီးချိုင့် ၊တောင်ဘက်တွင် သပိတ်ကျင်း ၊အ​နောက်​မြောက်ဘက်တွင် ​ကောလင်းမြို့ ၊အ​နောက်​​တောင်ဘက်တွင် ကျွန်းလှမြို့ ၊အရှေ့ဘက်တွင် မဘိမ်းမြို့တို့တည်ရှိသည်။ ၂၀၁၄ သန်း​ခေါင်စာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ
၈၁၀၀ ​​ကျော် ၊ ​ကျေားလက်တွင် လူဦး​ရေ ၂၇,၇၀၀​ကျော်​နေထိုင်သည်။
တကောင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်ကလည်းအင်းနက်ကျေရွာရှိ စစ်‌ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူး
ပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့သည်။
အင်းနက်ကျေးရွာသည် ထီးချိူင့်မြို့နှင့် ပိုနီးပြီး တရုတ်စီမံကိန်းတခုဖြစ်သည့် တကောင်းနီကယ်စက်ရုံအနီး၌ တည်ရှိသည်။
ထီးချိူင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံကိုလည်း KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ထို့အပြင် သပိတ်ကျင်းမြို့ရှိစစ်ကောင်စီစခန်းများအပြားကိုလည်း မန္တ​လေး-
PDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်စင်တိုက်ခိုက်နေပြီး စခန်းအများအပြား သိမ်းယူထားသည်။
​​တော်လှန်​ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထား​သောမြို့​ပေါင်း ၈၀ ခန့်ရှိလာပြီဖြစ်သည်။
(သပိတ်ကျင်းမြို့နယ်ရှိတွင်းငယ်ရဲစခန်းကို PDFများတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်နှင့်တ​ကောင်းမြို့အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု ။ဓါတ်ပုံ-TBK)

စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်သာရှိသော တကောင်းမြို့ကို PDF တပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်သာရှိသော တကောင်းမြို့ကို PDF တပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် တကောင်းမြို့ပေါ်ရှိ ထွေ/အုပ်ရုံး၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ အများအပြား သိမ်းဆည်းရရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လက်ရှိတွင် တကောင်းမြို့တစ်ခုလုံးကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။

“တကောင်းတစ်မြို့လုံးမှာမှ စစ်တပ်ဘက်က အင်အား ၁၀၀ ဝန်းကျင်ပဲရှိတယ်။ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေပါ ပါရင်တော့ ၁၀၀ ကျော်တော့ရှိမယ်။ အကုန်ထွက်ပြေးကြတယ်။ စစ်သုံ့ပန်းအဖြစ် မိတာတွေလည်းရှိတယ်။ လက်နက်ခဲယမ်းတွေ လည်းသိမ်းပိုက်ရရှိထားပါတယ်။ စစ်တပ်ရော ပြည်သူ့စစ်တွေရော ခွေးပြေး ဝက်ပြေး ထွက်ပြေးကြတာလည်းများတယ်။ အသေးစိတ်ကတော့ သက်ဆိုင်ရာက ထုတ်ပြန်ပါလိမ့်မယ်”ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထီးချိုင့်မြို့နယ်မှ တစ်ဆင့် တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ပူးပေါင်းတပ်များက ဇူလိုင်လမှ စတင်ပြီး တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် မောင်းကုန်းကျေးရွာရှိ တကောင်းနီကယ်စက် ရုံ၏ တောင်ပေါ်လုံခြုံရေးကင်းစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် တ ကောင်း နီကယ်စက်ရုံကို သိမ်းပိုက်ခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း တကောင်းမြို့၊ အင်းနက်ကျေးရွာရှိ စစ်‌တပ်၏ ဆက်သွယ်ရေး တာဝါတိုင် စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။