လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး(ရုပ်/သံ)

by

in

လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး(ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၁၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က ပြောဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး (လ.၀က) ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘန်ကာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ဘန်ကာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ဝ ဦးခန့်ရှိပြီး မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိမှု အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ -Student Revolutionary Force တို့က ပူး‌ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။