ရန်ကုန်-မန္တလေး အမြန်လမ်းကို ၁၅ ရက်ကစပြီးပိတ်မယ်လို့ သတင်းထွက်နေ၊ မန္တလေးရောက် စစ်ရှောင် ပြည်ခိုင်ဖြိုးပါတီဝင်တွေကို နေပြည်တော်ကို ပြောင်းလာခိုင်း၊

by

in

ရန်ကုန်-မန္တလေး အမြန်လမ်းကို ၁၅ ရက်ကစပြီးပိတ်မယ်လို့ သတင်းထွက်နေ၊
မန္တလေးရောက် စစ်ရှောင် ပြည်ခိုင်ဖြိုးပါတီဝင်တွေကို နေပြည်တော်ကို ပြောင်းလာခိုင်း၊
အညာက သူတို့အားထားရတဲ့ ပါဝီဝင်တွေ အများစုကို ပြောင်းလာခိုင်းနေတာဖြစ်
ထင်လင်း/MFP၊ ဩဂုတ် ၁၃
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဩဂုတ်လ ၁၅ရက်စတင်ပြီး စစ်အုပ်စုက လမ်းပိတ်မယ်လို့ သတင်းထွက်ပေါ်နေပြီး အညာကနေ စစ်ဘေးရှောင် ထွက်ပြေးလာရင်း မန္တလေးမှာ နေထိုင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို နေပြည်တော်ကို ထပ်မံ ရွှေ့ပြောင်းလာဖို့ ခေါ်ယူနေတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်အုပ်စုက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ပိတ်ဖို့ သတင်းနဲ့ပတ်သက်လို့ အသေးစိတ်စုံစမ်းမရသေးပေမဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေကို အဲဒီရက်မတိုင်မီ နေပြည်တော်ကို ပြောင်းရွှေ့လာဖို့ စေခိုင်းခေါ်ယူနေတာတော့ အမှန်ပဲလို့ ဆိုပါတယ် ။
အထူးသဖြင့် အညာ‌ဒေသကနေ မန္တလေးကို ရောက်ရှိနေတဲ့ စစ်ရှောင်ပါတီဝင်တွေဖြစ်ပြီး သူတို့နယ်မှာလည်း ပါတီရဲ့ အားထားရတဲ့သူတွေကို ရွှေ့ပြောင်းခိုင်းနေတာလို့ ဆိုပါတယ် ။
ကသာ၊ ကောလင်း၊ ထီးချိုင့် စတဲ့ အညာ
ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အဲဒီဒေသတွေကနေ မန္တလေးကို စစ်ဘေးတိမ်းရှောင် ရောက်ရှိနေတဲ့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ နေပြည်တော်ကို ပြောင်းရွှေ့ဖို့ ခေါ်ယူနေတာလို့ နီးစပ်သူတွေက ဆိုပါတယ်။
“နေပြည်တော်ကြံ့ခိုင်ရေးရုံးက မိသားစုတွေကို ခေါ်နေပြီတဲ့။ မန္တလေးလမ်းတွေ ပိတ်ကုန်မှာမို့လို့တဲ့။ နေပြည်တော်ကို ပြောင်းခဲ့ဖို့ ခေါ်ပြီတဲ့”လို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
လတ်တလောမှာလည်း စစ်ဘေးရှောင်လာသူ Non-CDM တွေနဲ့ စစ်အုပ်စုထောက်ခံသူတွေကို ဝန်ထမ်းအိမ်ယာတွေနဲ့ စာသင်ကျောင်းဝင်းတွေထဲမှာ ထားရှိထားတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
မန္တလေးမြို့က ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုအများအပြားလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက နေပြည် တော်၊ မိတ္ထီလာ နဲ့ ရန်ကုန် စတဲ့ နီးစပ်ရာကို ထွက်ပြေးနေကြတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
“မန္တလေးက အခြားဝန်ထမ်းတွေကိုတော့ ပြောင်းဖို့ခေါ်တယ်တော့ မကြားသေးဘူး”လို့ မန္တလေးစည်ပင် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုကတော့ မန္တလေးမြို့တွင်းမှာရော မြို့ပြင် ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်တွေမှာ ခံစစ် အကြီးအကျယ် ပြင်ဆင်နေသလို ပုသိမ်ကြီးမြို့နယ်ထဲကနေ အရှေ့ဘက် တောင်ကြောတွေကို လက် နက်ကြီးနဲ့ ညစဉ် ခြောက်လှန့်ပစ်ခတ်တာ၊လေယာဉ်နဲ့ ကင်းထောက်တာတွေလုပ်နေတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
“မန္တလေးမြို့ စည်ပင်ရုံးနှင့် မြို့တော်ခန်းမရှိရာ ၂၆ လမ်း ၊ ၇၁ × ၇၂ လမ်းကြားရုံးဝင်း၏မျက်နှာစာ ၂၆ လမ်းအဝင်ပေါက်များတွင် သဲပေပါ၊ သဲအိတ်များနှင့် အကာအကွယ်များ၊ ဘန်ကာများဆောက်လုပ်နေပြီး ယနေ့မနက်မိုးရွာကတည်းက ပရိတ်တရားခွေများဆက်တိုက်ဖွင့်နေကြောင်း သိရသည်”လို့ တော်လှန်ရေးအင်အားစု ကင်းထောက်အဖွဲ့ဖြစ်တဲ့ VoMDY က ဩဂုတ်လ ၁၂ရက်က ဖော်ပြပါတယ်။
မန္တလေးကျုံး ပတ်ပတ်လည် မြို့ရိုးပေါ် မှာလည်း သဲအိတ်တွေ လေးဘက်လေးတန် ကာရံထားပြီလို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။
#Mandalay_Free_Press_MFP