Author: admin
-
“ပြင်ဦးလွင်.. 🛑အနီရောင်အဆင့် အထူးစောင့်ကြည့်နေပြီ”
“ပြင်ဦးလွင်.. 🛑အနီရောင်အဆင့် အထူးစောင့်ကြည့်နေပြီ”
-
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေညှစ်ခံနေရ ၊ မုံရွာတွင် လူငယ် ၁ ဦး ၁ လ ခွဲနီးပါး ပျောက် ဆုံးနေပြီး ယခုအချိန်အထိ ပြန်မတွေ့သေး
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေညှစ်ခံနေရ ၊ မုံရွာတွင် လူငယ် ၁ ဦး ၁ လ ခွဲနီးပါး ပျောက် ဆုံးနေပြီး ယခုအချိန်အထိ ပြန်မတွေ့သေး ရန်ကုန်၊ ဒီဇင်ဘာ ၂၅ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူဆည်စုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုလတ်က နေအိမ်တိုင်းမှ စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၂၅၀၀၀ ကောက်ခံနေပြီး ငွေပေးဆောင်ထားသော နေအိမ်မှ လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးကာ ထပ်မံငွေညှစ်နေကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ ဆွေမျိုးမိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ကူဆည်စုကျေးရွာ အုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး အောင်ကိုလတ် ဦးဆောင်မှုဖြင့် ဆည်စုကျေးရွာ ရာအိမ်မှူး…
-
စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတပြော
”မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်” အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကား စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတပြော ဒီဇင်ဘာ ၂၅၊ ၂၀၂၄ ၂၀၂၄…
-
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင် ရန်ကုန်၊ ဒီဇင်ဘာ ၂၅ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” အွန်လိုင်းဇတ်လမ်းကို သရုပ်ဆောင် ရိုက်ကူး ထုတ်လုပ်သူ ဖြူဖြူထွေးကို ပြည်သူများက အပြင်းအထန် ဝေဖန်လျက်ရှိပြီး စစ်တပ်၏ ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံ ပုဝါခြုံ၊ ပန်းပန် ဝတ်စားဆင်ယင်ပြီး “မယ်တော်ဟောင်စု”…
-
အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီအနေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မံ ကျဆုံးတော့မယ်လို့ NUG ယာယီသမ္မတ ပြော
အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီအနေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မံ ကျဆုံးတော့မယ်လို့ NUG ယာယီသမ္မတ ပြော ရန်ကုန်၊ ဒီဇင်ဘာ ၂၄ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးတဲ့နောက်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေ ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ပြည်သူလူထုထံသို့ ပေးပို့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ခရစ္စမတ်ဆုတောင်းစကားမှာ အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း မြို့ပေါင်း ၉၀ ထက်မနည်းကို ဆုံးရှုံးခဲ့ပြီး အဲဒီမြို့တွေက စစ်ကောင်စီလက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်မှာလည်း နောက်ထပ် တိုင်းစစ်ဌာနတွေ ကျဆုံးမယ့် အခြေအနေ ရောက်ရှိနေပြီဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ “ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ်…
-
“ဖိုးလပြည့် တစ်ယောက်တော့ ၅ချက်ပ.စ်ခံလိုက်ရတာ ပွဲချင်းပီးပဲတဲ့”
“ဖိုးလပြည့် တစ်ယောက်တော့ ၅ချက်ပ.စ်ခံလိုက်ရတာ ပွဲချင်းပီးပဲတဲ့”
-
ဧရာဝတီသို့ တိုက်ပွဲများရောက်ရှိလာမည်ကို စိုးရိမ်၍ ၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ် ကင်းပရိတ်ရွတ်ဖတ်
ဧရာဝတီသို့ တိုက်ပွဲများရောက်ရှိလာမည်ကို စိုးရိမ်၍ ၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ် ကင်းပရိတ်ရွတ်ဖတ် ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၄ ရက် ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အန္တရာယ်ကင်းပရိတ် မြို့လှည့် ရွတ်ဖတ်နေကြောင်း ဒေသခံများထံက သိရသည်။ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဦးဆောင်၍ လုံခြုံရေးရယူပေးသည့် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယခု ဒီဇင်ဘာလအတွင်း မြို့လှည့်၍ အန္တရာယ် ကင်းပရိတ် ရွတ်ဖတ်နေကြောင်း ဒေသခံများထံကသိရသည်။ “ဆရာတော်တွေတော့မပါဘူး၊ အသံချဲ့စက်နဲ့ ထွေအုပ်ရုံးကဝန်ထမ်းတွေနဲ့ ရဲတွေရယ် စစ်သားတွေရယ် မြို့လှည့် ပရိတ် ရွတ်ကြတာ။ သူတို့ အရမ်းကြောက်နေတယ်။ ဗေဒါဂိတ်ကို AA သိမ်းပြီးနောက်မှာ ဧရာဝတီကို တိုက်ပွဲတွေဝင်တော့မလားဆိုပြီး သွေးပျက်နေကြတာ”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ ဂွမြို့နှင့် ဧရာ၀တီတိုင်း၊…
-
စမ်းချောင်းတွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရ၊ FLA တပ်ဖွဲ့က ရှင်းလင်းဟု ထုတ်ပြန်
စမ်းချောင်းတွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရ၊ FLA တပ်ဖွဲ့က ရှင်းလင်းဟု ထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရပြီး အဆိုပါ အုပ်ချုပ်ရေးမှူးကို Freeland Attack Force (FLA) တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းဘူတာရပ်ကွက်၏အုပ်ချုပ်ရေးမှူး စန်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိ့နေစဉ် Freeland Attack Force (FLA)…
-
ပလိပ်မြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်
ပလိပ်မြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ရန်ကုန်၊ ဒီဇင်ဘာ ၂၄ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း People’s Army to Fight Dictatorship တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ ရဲစခန်းကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့ တပ်ဖွဲ့ (PAFD) က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုအတွင်း ရဲစခန်း အဆောက်အဦးများ ထိခိုက် ပြိုကျမှု ရှိပြီး အကြမ်းဖက်…
-
ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ
ဧရာဝတီနှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့်မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေ ဇော်ဂျီ/People’s Spring ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းဆက်သွယ်ထားသည့် ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းကို စစ်ကောင်စီက ပိတ်ဆို့ပြီး တင်းတင်းကြပ်ကြပ်စစ် ဆေးနေသည်။ ဧရာဝတီမြစ်ခြားလျှက်ရှိသော ဟင်္သာတ-လက်ပံတန်း မဟာဗျူဟာလမ်းသည် ဟင်္သာတမြို့တွင် ရန်ကုန် – ပြည်လမ်းမှ ခွဲထွက်လာပြီး လက်ပံတန်းမြို့ကို ချိတ်ဆက်ထားသည့် လမ်းကြမ်းဖြစ်သည်။ အဆိုပါလမ်းမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များ ဧရာဝတီတိုင်းသို့ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေခြင်းဖြစ်သည်။ “ဟင်္သာတဘက်မှာဆို အမှတ်(၂)ရဲစခန်းကကောင်တွေ လှေဆိပ်တွေအထိ ဆင်းပြီးစစ်နေတယ်။ စျေးတက်ဝယ်တဲ့ဒေသခံတွေကို စစ်ဆေးပြီးငွေညှစ်နေတယ်။ ရဲတပ်ဖွဲ့အင်အားနည်းလို့ ကြံ့ခိုင်ရေးပါတီက ကောင်တွေကို ခေါ်ထားတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ဟင်္သာတမြို့ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း လက်ပံတန်းမြို့ဘက်တွင် သာယာဝတီခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်မှုများရှိနေသည်။ ယခုရက်ပိုင်းတွင် အာရက္ခတပ်တော် AAက ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ်…