Author: admin
-
ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်
ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန် ဒီဇင်ဘာ ၂၅၊ ၂၀၂၄ တပ်မတော်(ရေ)ကို သုံးဖက်မြင် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့မင်းအောင်လှိုင်ဟာ သူ့ရဲ့ ရေတပ်က ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ (Three Dimensional Combat Ready Navy) အဖြစ်ကို ရောက်ရှိနေပြီလို့ ဒီဇင်ဘာ ၂၄ ရက်က (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အမွှန်းတင်ပြောကြားလိုက်တာပါ။ မြန်မာ့ပင်လယ်ပြင်နဲ့ ဆက်စပ်ပင်လယ်ပြင်တွေကို ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ် တက်လှမ်းနိုင်ရေးအတွက်လည်း ကြိုးစားရမယ်လို့ စစ်ရာဇဝတ်မှုတွေ…
-
ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး
ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း ၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု နတ္တလင်းကျေး ရွာနေ ခင်စိုးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က ၎င်း၏…
-
နပခသိမ်းပြီး ရက္ခိုင်တပြည်နယ်လုံးလွတ်မြောက်တော့မည့်AAအောင်ပွဲအပေါ်ဂုဏ်ပြုပြီး တစ်နိုင်ငံလုံးလွတ်မြောက်ရေးပူးပေါင်းတိုက်ပွဲဝင်မည်ဟုမွန်နှင့်ပအိုဝ်တော်လှန်ရေးလေးဖွဲ့ကသဝဏ်လွှာပေးပို့
နပခသိမ်းပြီး ရက္ခိုင်တပြည်နယ်လုံးလွတ်မြောက်တော့မည့်AAအောင်ပွဲအပေါ်ဂုဏ်ပြုပြီး တစ်နိုင်ငံလုံးလွတ်မြောက်ရေးပူးပေါင်းတိုက်ပွဲဝင်မည်ဟုမွန်နှင့်ပအိုဝ်တော်လှန်ရေးလေးဖွဲ့ကသဝဏ်လွှာပေးပို့ အိမ်သွင်/People’s Spring အာရက္ခတပ်တော်(AA)က အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်(နပခ)ကိုသိမ်းပိုက်နိုင်ခဲ့ပြီးရက္ခိုင်တပြည် နယ်တစ်ခုလုံး လွတ်မြောက်တော့မည့်အောင်ပွဲအတွက် ဂုဏ်ပြုကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက်ပူးပေါင်းတိုက်ပွဲဝင်မည်ဟု မွန်နှင့်ပအိုဝ်တော်လှန်ရေးတပ်ဖွဲ့လေးဖွဲ့ကသဝဏ်လွှာထုတ်ပြန်သည်။ ပအိုဝ်အမျိုးသားအဖွဲ့ချုပ်(PNLO)၊ ပအိုဝ်ဖက်ဒရယ်ကောင်စီ(PNFC)၊မွန်ပြည်သစ်ပါတီအာ ဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊မွန်ပြည်ဖက်ဒရယ်(MSFC)တို့က ယနေ့ (ဒီဇင်ဘာလ ၂၅) ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ နိုင်ငံရေးဦးဆောင်မှု၊ အာရက္ခတပ်တော်၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်မှုများကြောင့် နပခကိုဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီးမကြာမီကာလတွင် ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် AA၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ် ပြုသည်ဟု ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ်အောက်မှ ပထမဦးဆုံးလွတ် မြောက်မည့် ရခိုင်ပြည်နယ်၏ အလားအလာကောင်းများနှင့်အတူ ရက္ခိုင်ပြည်လွတ်မြောက် ရေးတွင်သာရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင်…
-
AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွားပြီးနောက် အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်ကို ရေချလိုက်ပြီး ပြည်တွင်း၊ ပြည်ပရန်ကို နှိမ်နင်းနိုင်စေရန် သာလွန်မင်းဟု စစ်သင်္ဘောကို မင်းအောင်လှိုင်က နာမည်ပေး
AA နှင့် KIA ၏ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၁၇ စီး ပျက်စီးသွားပြီးနောက် အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်ကို ရေချလိုက်ပြီး ပြည်တွင်း၊ ပြည်ပရန်ကို နှိမ်နင်းနိုင်စေရန် သာလွန်မင်းဟု စစ်သင်္ဘောကို မင်းအောင်လှိုင်က နာမည်ပေး ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ ရခိုင်ပြည်နယ်၊ မြို့နယ် အတော်တော်များများ ကိုလက်လွှတ်ထားတဲ့ ရတဲ့ စစ်ကောင်စီက ရေတပ်မှာ အသုံးပြုဖို့ အကြီးဆုံးဖရီးဂိတ်စစ်ရေယာဉ်တစ်စင်း ရေချခဲ့တယ်လို့ စစ်တပ် မီဒီယာတွေက ပြောပါတယ်။ အဲ့ဒီရေယာဉ်ကို “သာလွန်မင်း”လို့ အမည်ပေးထားပြီး အလျား(၁၃၅)မီတာရှိ ကာဒီဇင်ဘာ လ ၂၄ ရက်မှာ မင်းအောင်လှိုင် ကိုယ်တိုင်ရေချအခမ်းအနား တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ သာလွန်မင်း”လို့အမည်ပေးထား ဖရီးဂိတ်စစ်ရေယာဉ် ရေချပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့…
-
“ပြင်ဦးလွင်.. 🛑အနီရောင်အဆင့် အထူးစောင့်ကြည့်နေပြီ”
“ပြင်ဦးလွင်.. 🛑အနီရောင်အဆင့် အထူးစောင့်ကြည့်နေပြီ”
-
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေညှစ်ခံနေရ ၊ မုံရွာတွင် လူငယ် ၁ ဦး ၁ လ ခွဲနီးပါး ပျောက် ဆုံးနေပြီး ယခုအချိန်အထိ ပြန်မတွေ့သေး
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေညှစ်ခံနေရ ၊ မုံရွာတွင် လူငယ် ၁ ဦး ၁ လ ခွဲနီးပါး ပျောက် ဆုံးနေပြီး ယခုအချိန်အထိ ပြန်မတွေ့သေး ရန်ကုန်၊ ဒီဇင်ဘာ ၂၅ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူဆည်စုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုလတ်က နေအိမ်တိုင်းမှ စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၂၅၀၀၀ ကောက်ခံနေပြီး ငွေပေးဆောင်ထားသော နေအိမ်မှ လူငယ် ၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးကာ ထပ်မံငွေညှစ်နေကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ ဆွေမျိုးမိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ကူဆည်စုကျေးရွာ အုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူး အောင်ကိုလတ် ဦးဆောင်မှုဖြင့် ဆည်စုကျေးရွာ ရာအိမ်မှူး…
-
စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတပြော
”မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း (၄) နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၄ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီးဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်” အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် ခရစ္စမတ်ဆုတောင်းစကား စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတပြော ဒီဇင်ဘာ ၂၅၊ ၂၀၂၄ ၂၀၂၄…
-
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇတ်လမ်းကို သရုပ် ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင် ရန်ကုန်၊ ဒီဇင်ဘာ ၂၅ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” အွန်လိုင်းဇတ်လမ်းကို သရုပ်ဆောင် ရိုက်ကူး ထုတ်လုပ်သူ ဖြူဖြူထွေးကို ပြည်သူများက အပြင်းအထန် ဝေဖန်လျက်ရှိပြီး စစ်တပ်၏ ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံ ပုဝါခြုံ၊ ပန်းပန် ဝတ်စားဆင်ယင်ပြီး “မယ်တော်ဟောင်စု”…
-
အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီအနေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မံ ကျဆုံးတော့မယ်လို့ NUG ယာယီသမ္မတ ပြော
အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီအနေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မံ ကျဆုံးတော့မယ်လို့ NUG ယာယီသမ္မတ ပြော ရန်ကုန်၊ ဒီဇင်ဘာ ၂၄ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးတဲ့နောက်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေ ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ပြည်သူလူထုထံသို့ ပေးပို့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ခရစ္စမတ်ဆုတောင်းစကားမှာ အဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း မြို့ပေါင်း ၉၀ ထက်မနည်းကို ဆုံးရှုံးခဲ့ပြီး အဲဒီမြို့တွေက စစ်ကောင်စီလက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်မှာလည်း နောက်ထပ် တိုင်းစစ်ဌာနတွေ ကျဆုံးမယ့် အခြေအနေ ရောက်ရှိနေပြီဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ “ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ်…
-
“ဖိုးလပြည့် တစ်ယောက်တော့ ၅ချက်ပ.စ်ခံလိုက်ရတာ ပွဲချင်းပီးပဲတဲ့”
“ဖိုးလပြည့် တစ်ယောက်တော့ ၅ချက်ပ.စ်ခံလိုက်ရတာ ပွဲချင်းပီးပဲတဲ့”