ပဲခူးရိုးမဖြတ်လမ်းကို စစ်ကောင်စီ ဘူဒိုဇာနှင့်ထိုးပြီး ဖြတ်ဆီး


ပဲခူးရိုးမဖြတ်လမ်းကို စစ်ကောင်စီ ဘူဒိုဇာနှင့်ထိုးပြီး ဖြတ်ဆီး
ဇူလိုင်-၅၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်သော မြို့ချောင်း-စိန်ကန့်လန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘူဒို ဇာများဖြင့်ထိုးကာ ရိုးမအတက်အဆင်းနှစ်နေရာတွင် ဖြတ်တောက်ထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဝါးယားရွာအရှေ့ဘက် သိုက်မျှောင်ကုန်းအနီး မြို့ချောင်း
-စိန့်ကန့်လန့်လမ်းပိုင်းကို စစ်တပ်က ဇူလိုင် ၁ ရက်နေ့တွင် ဘူဒိုဇာဖြင့်ထိုးကာ မြေတာ ၁၀ တောင်အရှည်ခန့်ဖြတ်တောက်လိုက်ခြင်းဟု​တော်လှန်​ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
“PDF တွေ မြို့တွေပေါ်တက်လာမှာ ကြောက်နေတာ။ စခ တွေက ခလရ(၁)ကိုလည်း ဝင်သိမ်းမှာလည်း ကြောက်နေတယ်။ သူတို့ လမ်းလာဖျက်တော့သံချပ်ကာကား၃စီးနဲ့အင်အား၄၀၀ လောက်ပါတယ်”ဟု မင်းလှမြို့နယ် အခြေ စိုက် တော်လှန်
ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အလားတူ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း နှစ်မိုင်ဂိတ်အနီးလမ်းပိုင်းကို စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်တွင် ဘူဒိုဇာဖြင့်ထိုးကာ ဖြတ်တောက်ခဲ့သည်။
စစ်ကောင်စီတပ်၏ လမ်းများဖြတ်တောက်နေသည့် လုပ်ရပ်များအပေါ် သေချာမသိရသော် လည်း ယင်းလမ်းပိုင်းကိုအသုံးပြု၍ ပဲခူးရိုးမကိုအမှီပြုက စားဝတ်နေရေးဖြေရှင်းနေရသော အခြေခံလူတန်း
စားများအတွက် စိတ်မကောင်းဖြစ်မိကြောင်း မြို့ချောင်းမှသံဃာတော်တစ်ပါးကမိန့်ကြားသည်။
မင်းလှမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ရိုးမကိုအမှီပြု လုပ်ကိုင်စားရသူတွေအ
ကုန်ခက်သွားပြီ။ ခုဆို မှိုတိုး မျှစ်တိုး အင်အုရှာ သူတွေလာမရတော့ဘူး။ သစ်ခုတ်ဝါးခုတ်သူတွေလည်း သွားလာရေးအဆင်မပြေတော့အ ခက်အခဲဖြစ်သွားပြီ။ ဆိုင်ကယ်တောင် စီးလို့မရတော့ဘူး”
ဟုလမ်းပိုင်းဖြတ်တောက်ခံရသည့်နောက်ဆက်
တွဲအခြေအနေကို ပြောသည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ပေါင်းတည်နှင့်ပေါက်ခေါင်းမြို့နယ်များရှိ ပဲခူးရိုးမဖြတ်လမ်းများကိုလည်း စစ်ကောင်စီတပ်က ဇွန်လနှောင်းပိုင်းနှင့် ယခုဇူလိုင်လဆန်းပိုင်းတွင် လမ်းများကိုဖြတ်တောက်ဖျက်ဆီးခဲ့သေးသည်။
( မြို့ချောင်း-စိန်ကန့်လန့်လမ်း ကျောက်တံခါးမြို့နယ်ဘက်ခြမ်းနှင့် မင်းလှဘက်ခြမ်းနှစ်နေရာကို စစ်ကောင်စီတပ်က လမ်းများဖျက်ဆီးထား
စဥ်။ဓါတ်ပုံ-CJ)