Author: admin
-
စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ
စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရခိုင်ပြည်၊ စစ်တွေမြို့အနီး ပင်လယ်ပင်ပြင်ရှိ စစ်ကောင်စီရေတပ်သင်္ဘောများကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယမန်နေ့ ညပိုင်း အာရက္ခတပ်တော် AA က ကုလားတန်မြစ်ဝ စစ်တွေမြို့အနီးရှိ စစ်ကောင်စီရေတပ်ကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ရာမှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်တွေမြို့မှ ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့ပြီး စစ်တပ်က စစ်တွေတွင် စစ်ရေးပြင်ဆင်မှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၂…
-
** Breaking News ** ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တိုက်တွန်းချက် လုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ်
** Breaking News ** ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တိုက်တွန်းချက် လုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့တောင်းဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က မဲမပေးပဲ လက်ရှောင်ခဲ့ကြပြီး လုံခြုံရေးကောင်စီရဲ့ ကျန်အဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံ သဘောတူခဲ့ကြပါတယ်။ မူကြမ်းကိုဗြိတိန်နိုင်ငံကအဓိကတင်သွင်းခဲ့တာဖြစ်ပြီး၊ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်။ မဲခွဲဆုံးဖြတ်ရာမှာ တရုတ်၊ ရုရှား နဲ့ အိန္ဒိယ ၃ နိုင်ငံက မဲမပေးဘဲနေခဲ့ပါတယ်။
-
အမြန်လမ်းမှာ နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ
အမြန်လမ်းမှာ နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ နေ့သစ်/People’s Spring ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင်(၃၁၈)မှာ ခရီးသွားကားတွေကို နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြားက မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Forceက နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ပြီး ခရီးသွားယာဉ်တွေကို စစ်ဆေးတာ၊ ခရီးသည်တွေနဲ့ တွေ့ဆုံတာတွေ လိုအပ်တဲ့အသိပညာပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့…
-
ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက်၊ မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား
ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက်၊ မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား ရန်ကုန်၊ ဒီဇင်ဘာ ၂၃ အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေစိုက်ထားသော မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ တာဝန်ရှိသူများက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း ၊…
-
ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ
ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ ဒီဇင်ဘာ ၂၃၊ ၂၀၂၄ ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ မနေ့က ဒီဇင်ဘာ ၂၂ ရက်မှာ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ ချင်းညီနောင်ဟာ ချင်းတောင်ပိုင်းတစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီး ဖလမ်းမြို့ကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ချင်းညီနောင်ဘက်က ကျင်းပတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို တရားဝင် အတည်ပြုပြောကြားလိုက်တာပါ။ ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းညီနောင် CNDF က အသိပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိအောင်…
-
မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်တွင် မင်္ဂလာပွဲ လာတက်သည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်မှု ဒဏ်ရာရရှိ
မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်တွင် မင်္ဂလာပွဲ လာတက်သည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်မှု ဒဏ်ရာရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်တွင် မင်္ဂလာပွဲ လာတက်သည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်ခဲ့ကြောင်း Yangon Phoenix မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ APOLLO ဟိုတယ်တွင် ညီမဖြစ်သူ၏ မင်္ဂလာ ဆောင်သို့ လာရောက်သည့် ဗိုလ်မှူးဇေယျာမင်း ကို အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဗိုလ်မှူးဇေယျာမင်းမှာ ဒဏ်ရာရရှိပြီး စိုးရိမ်စရာမရှိကြောင်း…
-
စစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေး NUG နှင့် ကုလကျွမ်းကျင်သူများ ဆွေးနွေး
စစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေး NUG နှင့် ကုလကျွမ်းကျင်သူများ ဆွေးနွေး ထားအိ/People’s Spring အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ NUG ယာယီသမ္မတ ဒူဝါလရှီးလဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ကုလသမဂ္ဂ ထိပ်တန်းအရာရှိဟောင်းများနှင့် ဖွဲ့စည်းထားသော အထူးအကြံပေးကောင်စီ(SAC-M)အဖွဲ့ဝင်များနှင့် ဒီဇင်ဘာ ၂၀ရက်တွင် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာဆက်ဆံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇော်က People’s Spring သို့ ပြောသည်။ “ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်တာ၊ တရားမျှတမှု ရရှိရေး accoutability mechanism ၊ နိုင်ငံတရားစီရင်ရေးကဏ္ဍမှာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာတရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာတွေ၊…
-
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၃ မြို့ရှိလာ
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၃ မြို့ရှိလာ -People’s Spring ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက မင်းတပ်မြို့အပါအဝင် မင်းတပ်မြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာ ၂၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ နောက်တစ်ရက်မှာ ကန်ပက်လက်မြို့ကိုက စစ်ကောင်စီတပ်နဲ့ ရဲတွေဟာမြို့ကနေ ထွက်ပြေးသွားကြတာကြောင့် ချင်းညီနောင်က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကန်ပက် လက်မြို့ကိုထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ကျင်ဒွေးမြို့ကိုလည်း ချင်းညီနောင်နဲ့ မဟာမိတ်တွေက သိမ်းပိုက်ပြီးဖြစ်တာမို့ ချင်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်ပါတယ်။ အခုဆိုရင်တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်း ချုပ်ထားတဲ့ မြို့ပေါင်း ၉၃ မြို့ ရှိပြီဖြစ်ပါတယ်။ဒါအပြင် အာရက္ခတပ်တော်(AA)က ဂွမြို့သိမ်းတိုက်ပွဲ ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲ နဲ့ မံစီမြို့နယ်ကစစ်တပ်လက်ကျန်စခန်းသိမ်းတိုက်ပွဲ ၊ PDF +ABSDF နဲ့မဟာမိတ်တပ်တွေ က အင်းတော်မြို့သိမ်းတိုက်ပွဲ ၊ ချင်းညီနောင်က ဖလမ်းမြို့သိမ်းတိုက်ပွဲ…
-
AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် အပြစ် ပေးအရေးယူမည်
AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် အပြစ် ပေးအရေးယူမည် ရန်ကုန်၊ ဒီဇင်ဘာ ၂၃ အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေပြီး ကျူးလွန်သည့်ပြစ်မှု အပေါ် လိုက်၍ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ AA က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စကခ ၁၅ မှ…
-
KIA မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်နှင့် မံစီတွင် ယနေ့ တိုက်ပွဲပြင်းထန်
KIA မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်နှင့် မံစီတွင် ယနေ့ တိုက်ပွဲပြင်းထန် ဟန်နွေ/People’s Spring ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီမြို့ရှိ စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့ (ဒီဇင်ဘာ ၂၂ရက်)တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ “ဗန်းမော် ၊ မံစီ တိုက်ပွဲ တော်တော်ပြင်းထန်နေတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ တိုက်ပွဲ အခြေအနေကို ပြောသည်။ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဒီဇင်ဘာ ၂၂ရက် တိုက်ပွဲအခြေအနေကို အသိပေးထားရာ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ထို့ပြင် ဗန်းမော်မြို့တွင်း ပုန်းခိုနေသည့် စစ်ကောင်စီတပ်များကို လက်ဖြောင့်သေနတ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အလောင်းများနှင့် လက်နက်များရရှိခဲ့ကြောင်း အသိပေးသည်။ မံစီမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ကို ဝန်းရံပိတ်ဆို့ထားရာမှ…