Author: admin

  • ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို  ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်

    ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်

    by

    in

    ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင် ရန်ကုန်၊ စက်တင်ဘာ ၁၄ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် ဘန်ကာအတွင်းမှ စစ်သားများ လုံခြုံရေးကင်းလဲလှယ်ချိန် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးနိုင် ကြောင်း GOD’S HAND FORCES မှတာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ်ဘန်ကာဂိတ်အတွင်းမှ စစ်သားများနှင့် အပြင်မှ ကားဖြင့်ရောက်ရှိလာ သောအကြမ်းဖက်စစ်သားများ ကင်းအပြောင်းအလဲ ပြုလုပ်စဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၃…

  • အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို

    အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို

    by

    in

    အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို ရန်ကုန်၊ စက်တင်ဘာ ၁၄ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေကြီးရေလျှံမှုကြောင့် ပြည်ပ နိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ပြောဆိုလာကြောင်း သိရှိရသည်။ ယမန်နေ့ နေပြည်တော်နှင့်အနီးတစ်၀ိုက်သို့ ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ် လာသော ပျက်စီးမှုများကို အကြမ်းဖက် မင်းအောင်လှိုင်က သွားရောက် ကြည့် ရှုစဉ် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက် ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန် အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုသည်။ လက်ရှိ ရေကြီးမှုများ ကြုံတွေ့နေရသည့် ရမည်းသင်း၊ တောင်ငူ…

  • “နေပြည်တော် အတွက် တတိုင်းပြည်လုံး ဝမ်းသာကြရမယ့်သတင်းကောင်းဗျို့”

    “နေပြည်တော် အတွက် တတိုင်းပြည်လုံး ဝမ်းသာကြရမယ့်သတင်းကောင်းဗျို့”

    by

    in

    “နေပြည်တော် အတွက် တတိုင်းပြည်လုံး ဝမ်းသာကြရမယ့်သတင်းကောင်းဗျို့” ကြည်တောက်ရှင်းမယ် ၂၀၂၄ စက်တင်ဘာလ ၁၄ရက်နေ့မှ ၁၇ ရက်နေ့အတွင်း မန္တလေးတိုင်း မကွေးတိုင်း နှင့် နေပြည်တော် မိုးကြီးရေလျှံခဲ့သော ဒေသတွေအားလုံးမှာ နေသာချိန်များစွာရရှိနိုင်ပြီး မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိတော့ပါဘူး ရွာလည်းနေရာကျဲကျဲ မိုးဖွဲဖွဲပါပဲ ရေကြီးရေလျှံကတော့ မိုးကြောင့်တော့ ရေထပ်မံမတိုးနိုင်တော့ပါဘူး ယခင်လက်ကျန်ရေပဲဖြစ်နိုင်သလို့ ရေအမြန်လျော့ကျသွားနိုင်ပါတယ် ကြည်နူးပျော်ရွှင်ချမ်းမြေ့ကြပါစေ ISSUED TIME 13/09/2024 8:21pm(MMT) Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 မိုးခွာမုန်တိုင်း စာကိုသေချာဖတ်ပါ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသောလေဖိအားနည်းလေဝဲ 93Bသည် နောက်၄၈နာရီအတွင်း ဘင်္ဂလားဒေချ် နိုင်ငံကမ်းခြေဒေသတွေကိုဝင်ရောက်ကာအိန္ဒိယနိုင်ငံအနောက်ဘင်ဂေါပြည်နယ်ကိုသွားရောက်မှာဖြစ်ပြီး အထက်လေစီးကြောင်းတွေက မြန်မာနိုင်ငံအလယ်ပိုင်းကလေတွေကိုဆွဲယူသွားမှာဖြစ်လို့ လက်ရှိရေကြီးရေလျှံဖြစ်နေ့တဲ့ မန္တလေးတိုင်း နှင့်နေပြည်တော် ဒေသတွေမှာ မိုးခွာသွားတော့မှာဖြစ်လို့ မိုးခွာမုန်တိုင်းလို့အမည်ပေးလိုက်ပါတယ် အားလုံးဘေးရန်ကင်းကွာကြပါစေ Su Su San 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍…

  • တစ်နိုင်ငံလုံး ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချို၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေယာဉ်ဖြင့် ဗုံးကျဲ

    တစ်နိုင်ငံလုံး ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချို၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေယာဉ်ဖြင့် ဗုံးကျဲ

    by

    in

    တစ်နိုင်ငံလုံး ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချို၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေယာဉ်ဖြင့် ဗုံးကျဲ ရန်ကုန်၊ စက်တင်ဘာ ၁၄ မြန်မာနိုင်ငံတစ်ဝန်းတွင် ရေကြီးမှုများ ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့နယ်၊ လားရှိုးနှင့်မြ၀တီမြို့နယ်များကို လေ ယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတင်းရင်းမြစ်များ၏ ပြောဆိုချက်နှင့် TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်ထိ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်းသို့ လေကြောင်းမှတစ်ဆင့် ထပ်ခါ ထပ်ခါ လာရောက်ပစ်ခတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို ဗုံးကျဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့ကြောင်း၊…

  • မြစ်သားမြို့ ကင်းတားဆည်က ‌ရေထုတ်လွှတ်လို့ မြစ်သားတစ်မြို့လုံး ရေမြုပ် ပြည်သူကို ကြိုတင်အသိမပေးဘဲ ရေလွှဲပေါက်လေးခုလုံးကနေ ရေထုတ်လွှတ်ခဲ့ဟုဆို ကယ်ဆယ်ရေးမရှိဘဲ ပြည်သူတွေ ရေဘေးမှာ ပိတ်မိနေကြ

    မြစ်သားမြို့ ကင်းတားဆည်က ‌ရေထုတ်လွှတ်လို့ မြစ်သားတစ်မြို့လုံး ရေမြုပ် ပြည်သူကို ကြိုတင်အသိမပေးဘဲ ရေလွှဲပေါက်လေးခုလုံးကနေ ရေထုတ်လွှတ်ခဲ့ဟုဆို ကယ်ဆယ်ရေးမရှိဘဲ ပြည်သူတွေ ရေဘေးမှာ ပိတ်မိနေကြ

    by

    in

    မြစ်သားမြို့ ကင်းတားဆည်က ‌ရေထုတ်လွှတ်လို့ မြစ်သားတစ်မြို့လုံး ရေမြုပ် ပြည်သူကို ကြိုတင်အသိမပေးဘဲ ရေလွှဲပေါက်လေးခုလုံးကနေ ရေထုတ်လွှတ်ခဲ့ဟုဆို ကယ်ဆယ်ရေးမရှိဘဲ ပြည်သူတွေ ရေဘေးမှာ ပိတ်မိနေကြ ကိုထူး/MFP၊စက်တင်ဘာ-၁၃ မန္တလေးတိုင်း၊ မြစ်သားမြို့နယ် ကင်းတားဆည်‌က ဒေသခံတွေကို ကြိုတင်အသိမပေးဘဲ ရေထုတ်လွှတ်ခဲ့တာ ကြောင့် မြစ်သားတစ်မြို့နယ်လုံး ရေနစ် မြုပ်ပြီး ကယ်ဆယ်ရေးမရှိဘဲ ရေဘေးကြုံနေရတာ ၃ ရက်နီးပါးရှိပြီ လို့ ဒေ သခံတစ်ဦးက စက်တင်ဘာလ ၁၃ ရက် ဒီကနေ့ မှာ MFP ကိုပြောပါတယ်။ မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကင်းတားဆည်ရဲ့ ရေပြည့်မှတ်ရောက်ဖို့ နှစ်ပေခန့် အလိုမှာ ဒေသခံပြည်သူတွေကို ကြိုတင်အသိမပေးဘဲ ဆည်ရေလွှဲပေါက်လေးခုစလုံးကနေ ရေထုတ်လွှတ် ခဲ့တဲ့ အတွက် မြို့နယ်တစ်ခုလုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ဒီကနေ့ထိ ကယ်ဆယ်ရေးမရှိဘဲ…

  • တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ

    တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ

    by

    in

    တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေ ရန်ကုန်၊ စက်တင်ဘာ ၁၃ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဖောင်းတောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ် သွားပြီး ရွာလုံးကျွတ် မြေကြီးအောက်ရောက်သွား၍ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဖောင်တော်ဦးကျောင်းဆရာတော်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ မိန့်ကြားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တပ်ကုန်းမြို့နယ်၊ ဖောင်း တောကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး နေအိမ် ၁၀ လုံး၊ ၅ နွားကောင်ရေထဲမျောပါသွားကာ တိုက်အိမ်အချို့နှင့်မြေစိုက်အိမ်အချို့အတွင်းထဲ၌ ရေနွံများ ၃ ပေကျော်နစ်မြုပ်ကျန်ခဲ့ကာ ကျေးရွာ နေပြည်သူ ၁၀၀ ကျော်မှာ ဖောင်တော်ဦးဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေထိုင်ကြရကြောင်း သိရသည်။ “အရေးပေါ်အကူအညီကတော့ ဘယ်ကမှ…

  • ရှမ်းတောင်ပိုင်း ရေဘေးပျက်စီးဆုံးရှုံးမှုများ၊ အောင်ပန်းနှင့်ကလောတွင် လူ ၁၀၀ထက်မနည်း သေဆုံးဟု ​ဒေသခံများ​ပြော

    ရှမ်းတောင်ပိုင်း ရေဘေးပျက်စီးဆုံးရှုံးမှုများ၊ အောင်ပန်းနှင့်ကလောတွင် လူ ၁၀၀ထက်မနည်း သေဆုံးဟု ​ဒေသခံများ​ပြော

    by

    in

    ရှမ်းတောင်ပိုင်း ရေဘေးပျက်စီးဆုံးရှုံးမှုများ၊ အောင်ပန်းနှင့်ကလောတွင် လူ ၁၀၀ထက်မနည်း သေဆုံးဟု ​ဒေသခံများ​ပြော မိထက်/People’s Spring ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာလ ၁၁ရက်က စတင်ခဲ့သည့် ရေဘေးအတွင်း ပျက်စီးဆုံးရှုံးမှုအလွန်များပြားခဲ့ပြီး သေဆုံးသူဦးရေအနည်းဆုံး ၁၀၀ ကျော်အထိရှိနေကြောင်း ဒေသခံများက ပြောသည်။ တောင်ပေါ်မြိုများဖြစ်သည် အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာ ၁၀ရက်ကစ၍ နေရာကွက်မိုးကြီးပြီးနောက် စက်တင်ဘာ ၁၁ရက်နံနက်ကစ၍ တောင်ကျရေဆင်းကာ ဆိုးရွားသည့် ‌ရေဘေးကြုံရခြင်းဟု ဒေသခံများက ပြောသည်။ ” တိုက်တွေပြိုတယ်။ အိမ်တွေ အလုံးလိုက်မျောတယ်။သေတာအခုအထိ သိရ‌သလောက် ၁၂၀ ထက် မနည်းဘူး။ ပျောက်နေသူတွေလည်း များတယ်”ဟု အောင်ပန်းမြို့ခံတစ်ဦးက ပြောသည်။ ကလောမြို့ရေဘေးတွင်လည်း အပျက်အစီးအလွန်များပြားပြီး မြို့အဝင်နေရာနှင့် ရပ်ကွက် (၂၊၃၊၄)တို့၌ အလွန်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။…

  • Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေ၊ သပြေပင်ကျေးရွာ အပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားကာ သေဆုံးသူအရေအတွက် ရာချီရှိနိုင်

    Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေ၊ သပြေပင်ကျေးရွာ အပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားကာ သေဆုံးသူအရေအတွက် ရာချီရှိနိုင်

    by

    in

    Breaking News- ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်များ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး အလုပ်သမားအများအပြား ပျောက်ဆုံးနေ၊ သပြေပင်ကျေးရွာ အပါအဝင် ရွာအများအပြား မြေကြီးအောက်ရောက်သွားကာ သေဆုံးသူအရေအတွက် ရာချီရှိနိုင် ရန်ကုန်၊ စက်တင်ဘာ ၁၃ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်များတွင် မိုးသည်းထန်စွာ ရွာသွားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ပြီး အလုပ်သမားအများပြား ပျောက်ဆုံးနေကြာင်း အဆိုပါ ရွှေလုပ်ကွက်မှ အလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက်တင်ဘာလ ၁၂ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိရွှေလုပ်ကွက်ရှိ လုပ်ကွက်များတွင် မြေပြိုကျမှု များ ၊ ရွှေတူးဖော်ရေးလုပ်ကွက်နှင့် အလုပ်သမားများနေထိုင်ရာ နေရာများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း ၊ မိုးထိမိုးမိရွှေတူးဖော်ရေးတွင် လုပ်ကွက်ပေါင်း ၄၀ နီးပါးရှိပြီး…

  • “မြို့လယ်ကောင်လမ်းမကြီးမှာ ဆင်တွေပါမြောကုန်လောက်အောင်ရေကြီးနေတဲ့မြန်မာနိုင်ငံကမြို့ကြီး ကယ်ပေးကျပါဥိး”

    “မြို့လယ်ကောင်လမ်းမကြီးမှာ ဆင်တွေပါမြောကုန်လောက်အောင်ရေကြီးနေတဲ့မြန်မာနိုင်ငံကမြို့ကြီး ကယ်ပေးကျပါဥိး”

    by

    in

    “မြို့လယ်ကောင်လမ်းမကြီးမှာ ဆင်တွေပါမြောကုန်လောက်အောင်ရေကြီးနေတဲ့မြန်မာနိုင်ငံကမြို့ကြီး ကယ်ပေးကျပါဥိး”

  • ပဲခူးတိုင်း တကျော့ပြန်ရေကြီးမှု  တောင်ငူမှာ အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရွာတွေမှာပိတ်မိနေသူ အများအပြားရှိနေ

    ပဲခူးတိုင်း တကျော့ပြန်ရေကြီးမှု တောင်ငူမှာ အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရွာတွေမှာပိတ်မိနေသူ အများအပြားရှိနေ

    by

    in

    ပဲခူးတိုင်း တကျော့ပြန်ရေကြီးမှု တောင်ငူမှာ အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရွာတွေမှာပိတ်မိနေသူ အများအပြားရှိနေ စက်တင်ဘာ ၁၃ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းမှာ တကျော့ပြန်ထပ်ပြီးရေကြီးနစ်မြုပ်နေကာ လက်ရှိ တောင်ငူခရိုင်ထဲက ကျေးရွာအများစုမှာ ရေကြီးနစ်မြုပ်မှုဒဏ်ကိုအဆိုးရွားဆုံးရင်ဆိုင်နေရပြီး လူတွေပိတ်မိနေတဲ့ရွာတွေ ရှိနေတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဖို့လိုအပ်နေတယ်လို့သိရပါတယ်။ တောင်ငူခရိုင်ထဲက စစ်တောင်းမြစ်ဘေးတလျှောက်နေထိုင်တဲ့ ရွာအများစုရေလွှမ်းမိုးမှုခံနေရပြီး ကျေးရွာအချို့မှာခုချိန်ထိကယ်ဆယ်ရေးတွေရောက်မလာသေးတာကြောင့် ရွာထဲကနေအိမ်တွေမှာပဲ ပိတ်မိနေကြောင်း ၊ တချို့နှစ်ထပ်နေအိမ်တွေပင်ရေနစ်မြုပ်သွားတာတွေရှိနေတယ်လို့သိရပါတယ်။ ” အရှေ့ဖက်ကမ်းရွာသစ်ကုန်းလဲရေမြုတ်ကုန်ပီးလူတွေလဲထွက်လို့မရကြတော့ဘူး။ ရွာတန်းရှည်အတွင်းတံမန် အပြင်တံမန် ရေကျော်ကျိုးလို့ အကူအညီလိုအပ်နေတယ်။ ကျေးအင်းထုံးဘိုရွာဘက်မှာလည်း လူတွေပိတ်မိနေပါတယ်ဆိုပြီး အကူအညီတွေတောင်းတာအများကြီးရှိတယ်။” လို့ ကယ်ဆယ်ရေး လုပ်နေသူတယောက်ကပြောပါတယ်။ စစ်တောင်းမြစ်ဘေးက ကျေးရွာအများစုမှာ ရေနစ်မြုပ်နေတာကြောင့် ရေစီးလည်းသန်နေတဲ့အတွက် အချို့ရွာတွေဘက်ကို ကယ်ဆယ်ရေးလုပ်ဖို့သွားရန်ပင် အန္တရာယ်များတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ ” ဒိုးအင်း ၊လေးအိမ်စု ၊အရှေ့ဆင်ရွာ ၊ကျေးအင်းထုံးဘို ၊ကွမ်းသီးပင် ၊သဖန်းပင်…