Author: admin

  • အဓမ္မ ကင်းစောင့်ခိုင်းရန် မန္တလေးမြို့ ရပ်ကွက်တချို့တွင် အသင့်ဖြစ်နေ

    အဓမ္မ ကင်းစောင့်ခိုင်းရန် မန္တလေးမြို့ ရပ်ကွက်တချို့တွင် အသင့်ဖြစ်နေ

    by

    in

    ၃၅ နှစ်အထက် အမျိုးသားများကို ကင်းစောင့်ခိုင်းမည့် အစီအစဉ်အတွက် မန္တလေးတွင် အကောင်အထည် ဖော်နေသည်ဟု သိရသည်။… … စစ်ကောင်စီက အသက် ၃၅ နှစ်နှင့်အထက် အမျိုးသားများကို ကင်းစောင့်ခိုင်းမည့်အစီအစဉ် အကောင်အထည်ဖော်နေရာ မန္တလေးမြို့တွင် တစ်ရပ်ကွက်လျှင် အယောက် ၃၀ ဖြင့် လူစုဖွဲ့နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ‘ပြည်သူ့လုံခြုံရေးစနစ်’ ဟု စစ်ကောင်စီက အမည်ပေးထားသည့် ထိုအစီအစဉ်သည် သြဂုတ် ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စစ်သားသစ်စုဆောင်းရန် ပေါ်ပေါက်လာသော စစ်မှုထမ်းဥပဒေတွင် အကျုံးမဝင်သည့် အသက် ၃၅ နှစ်မှ ၆၀ အတွင်း အမျိုးသားများကို ကင်းစောင့်ခိုင်းမည့်စနစ် ဖြစ်သည်။ သြဂုတ်၂၅ ရက်တွင် မန္တလေးမြို့သို့ ရောက်နေသည့်…

  • သပိတ်ကျင်းသိမ်းပြီး ကျန်ဗျူဟာမြောက်မြို့များကို ဆက်သိမ်းမည်ဟု NUG ပြော

    သပိတ်ကျင်းသိမ်းပြီး ကျန်ဗျူဟာမြောက်မြို့များကို ဆက်သိမ်းမည်ဟု NUG ပြော

    by

    in

    သပိတ်ကျင်းသိမ်းပြီး ကျန်ဗျူဟာမြောက်မြို့များကို ဆက်သိမ်းမည်ဟု NUG ပြော ……………. မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို မနေ့ ဩဂုတ်လ ၂၅ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကချင်ပြည်နယ်ရဲ့ အဓိကဝင်ပေါက်မြို့တွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ရာမှာ အဓိကဝင်ပေါက်မြို့တွေဖြစ်ပြီး၊ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်ပြည်နယ်အစပ်က မြို့တွေကို သိမ်းပိုက်နိုင်ပြီဆိုရင် စစ်ကိုင်းတိုင်းတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လမ်းကြောင်းပွင့်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကတော့ ထိုးစစ်မဟာဗျူဟာအရ သတ်မှတ်ထားတဲ့ မြို့တွေကို ဆက်လက်ပြီးတော့ တိုက်ခိုက်၊ သိမ်းပိုက်သွားမှာ ဖြစ်တယ်လို့ Myanmar Now ကို…

  • ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးချောင်းရွာတွင် စစ်တပ်က စစ်မှုထမ်းရန် လူငယ်များတောင်းခံ ၊ မြန်အောင်တွင်လည်း စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်၍ ရွာတိုင်းမှ လူငယ်များ စစ်မှုထမ်းရန် အတင်းအကျပ် လုပ်နေ

    ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးချောင်းရွာတွင် စစ်တပ်က စစ်မှုထမ်းရန် လူငယ်များတောင်းခံ ၊ မြန်အောင်တွင်လည်း စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်၍ ရွာတိုင်းမှ လူငယ်များ စစ်မှုထမ်းရန် အတင်းအကျပ် လုပ်နေ

    by

    in

    ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးချောင်းရွာတွင် စစ်တပ်က စစ်မှုထမ်းရန် လူငယ်များတောင်းခံ ၊ မြန်အောင်တွင်လည်း စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်၍ ရွာတိုင်းမှ လူငယ်များ စစ်မှုထမ်းရန် အတင်းအကျပ် လုပ်နေ ရန်ကုန်၊ ဩဂုတ် ၂၇ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးချောင်းစံပြကျေးရွာတွင် စစ်တပ်က စစ်မှု ထမ်း ရန် လူငယ်များတောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် ဘိုးချောင်း စံပြကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်သားတချို့ရောက်ရှိလာပြီး ဘုန်းကြီး ကျောင်းတွင် အခြေချကာ အနီးအနားကျေးရွာများမှ စစ်မှုထမ်းမည့် လူငယ်များ တောင်းခံနေကြောင်း၊ လာမည့် စစ်မှုထမ်း အပတ်စဉ် ၅ အတွက်နှင့် ပြည် သူ့စစ်လုပ်ရန်အတွက် လူငယ်နှင့်…

  • နိုင်ငံတစ်ဝန်းမှ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များကို လက်နက်တပ်ဆင်မည်ဖြစ်၍ စစ်တပ်ကို သစ္စာမခံသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို စတင် လဲလှယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လစာ၊အဆောင် အယောင်နှင့်အာဏာ အပြည့်အ၀ ပေးမည်ဟုဆို

    နိုင်ငံတစ်ဝန်းမှ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များကို လက်နက်တပ်ဆင်မည်ဖြစ်၍ စစ်တပ်ကို သစ္စာမခံသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို စတင် လဲလှယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လစာ၊အဆောင် အယောင်နှင့်အာဏာ အပြည့်အ၀ ပေးမည်ဟုဆို

    by

    in

    နိုင်ငံတစ်ဝန်းမှ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များကို လက်နက်တပ်ဆင်မည်ဖြစ်၍ စစ်တပ်ကို သစ္စာမခံသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို စတင် လဲလှယ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လစာ၊အဆောင် အယောင်နှင့်အာဏာ အပြည့်အ၀ ပေးမည်ဟုဆို ရန်ကုန်၊ ဩဂုတ် ၂၇ . မြန်မာနိုင်ငံတစ်ဝန်းမှ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်မည်ဖြစ်၍ စစ်တပ်ကို သစ္စာမခံသော ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးများကို စတင် လဲလှယ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။ လက်ရှိတွင် စစ်ကောင်စီက ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများကို ထွေ/အုပ်နှင့် စစ်တပ် ပူးပေါင်း စိစစ်မှုများ လုပ်ဆောင်ပြီး အုပ်ချုပ်ရေးမှူး လဲလှယ်သည့် လုပ်ငန်းစဥ်များကို စတင်နေပြီဖြစ်ကြောင်း ၊ NLD အစိုးရ လက်ထက်မှ စတင်၍ အာဏာသိမ်းစစ်ကောင်စီလက်ထက်အထိ အုပ်ချုပ်ရေးမှူး လုပ်နေသူများ၊ နိုင်ငံရေး…

  • တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊  ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရ

    တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရ

    by

    in

    တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရ ရန်ကုန်၊ ဩဂုတ် ၂၆ ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ် ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲရေးမှ ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊…

  • မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိ၊ စစ်သုံ့ပန်း ၆၃ ဦးနှင့် လက်နက်ခဲယမ်းများလည်း ဖမ်းမိ

    မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိ၊ စစ်သုံ့ပန်း ၆၃ ဦးနှင့် လက်နက်ခဲယမ်းများလည်း ဖမ်းမိ

    by

    in

    မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိ၊ စစ်သုံ့ပန်း ၆၃ ဦးနှင့် လက်နက်ခဲယမ်းများလည်း ဖမ်းမိ ရန်ကုန်၊ ဩဂုတ် ၂၇ ရခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲတွင် AA က စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိကြောင်း AA က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။ AA က မောင်တောမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး မောင်တောမြိုအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ မောင်တောမြို့ အမှတ် ၂ ရပ်ကွက်၊ ဖေဇီရွာ နှင့် မောင်နီရွာ အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှဲနေခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ…

  • မန္တလေးနန်းတွင်း အာဏာသိမ်းခေါင်းဆောင် လာပြီးနောက် နန်းမြို့ရိုးပြိုကျ

    မန္တလေးနန်းတွင်း အာဏာသိမ်းခေါင်းဆောင် လာပြီးနောက် နန်းမြို့ရိုးပြိုကျ

    by

    in

    မန္တလေးနန်းတွင်း အာဏာသိမ်းခေါင်းဆောင် လာပြီးနောက် နန်းမြို့ရိုးပြိုကျ အင်ကြင်း/People’s Spring မန္တလေးနန်းတွင်းသို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် နန်းမြို့ရိုး တနေရာပြိုကျမှုဖြစ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ ယမန်နေ့ (သြဂုတ် ၂၅ရက်)က မန္တလေးနန်းတွင်းသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်ရှိလာပြီးနောက် ယနေ့ နံနက်ပိုင်းတွင် သဲအိတ်များတင်ထားသည့် မန္တလေးနန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ “ထီး ကျိုးခဲ့တဲ့ မန္တလေး၊အခု မြို့ရိုးလည်း ကျိုးပြီး ပေါက်တယ်ဆိုတော့ မကြာခင် မန္တလေးနန်းတပ် စည်းပေါက်ပြီး အသက်ပျောက်ကြတော့မယ်။”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။ မြို့ရိုးပြိုကျခဲ့သည့်နေရာအား စစ်တပ်က ပိုက်အစိမ်းများကာ၍ ပြင်ဆင်နေသည့်အတွက် ပျက်စီးမှုအနေအထားမသိရှိရကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်အတွင်းက မန္တ​လေးမြို့အနီးတိုက်ပွဲများပြင်းထန်လာပြီးနောက် နန်းမြို့ရိုးပေါ်တွင် သဲအိတ်များတင်၍ ဘန်ကာများတည်ဆောက်ခဲ့ရာ ဒေသခံပြည်သူများက ဝေဖန်ခဲ့သေးသည်။ ယမန်နေ့ကပင် စစ်ခေါင်းဆောင်…

  • မိုးကြိုးစစ်ကြောင်း၊ တိုက်နယ်-၃  ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မတ္တရာမြို့နယ် ဆင့်ပွားအပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း‌ ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

    မိုးကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မတ္တရာမြို့နယ် ဆင့်ပွားအပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း‌ ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

    မိုးကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မတ္တရာမြို့နယ် ဆင့်ပွားအပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း‌ ပေးအပ်ပွဲ အခမ်းအနားပြုလုပ် ရန်ကုန်၊ဩဂုတ် ၂၆ မတ္တရာမြို့နယ် တိုက်နယ်-၃ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သင်တန်းသားများ စစ်သင်တန်း သင်ယူပြီးမြောက်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ သင်တန်းသားများကို တိုက်နယ်-၃ တာဝန်ခံ-၁ ဗိုလ်မိုးကြိုးက ယူနီဖောင်းများ ပေးအပ်ခြင်း၊ ဘက်တံဆိပ်များတပ်ဆင်ပေးခြင်း ပြုလုပ်ခဲ့ကာ သင်တန်းသားများက စစ်ရေးပြအခမ်းအနားဖြင့်ချီတက်ခြင်း ၊ ဖက်ဒရယ် အလံ တော်အားအလေးပြုခြင်း ၊ သစ္စာဓိဋ္ဌာန်ငါးချက်ဖြင့်သစ္စာပြုခြင်း ၊ တိုက်ခိုက်ရေးသရုပ်ပြပြိုင်ပွဲ၊သေနတ်ပစ်ပြိုင်ပွဲများယှဉ်ပြိုင်ခြင်း ၊ တာဝန်ခံက ပြိုင်ပွဲဝင်ဆုရသင်တန်းသားများကို ဆုငွေများ ပေးအပ်ခြင်းနှင့် စစ်ကြောင်းမှူးကို စစ်ကြောင်းအတွက် အသုံးပြုရန် ချီးမြှင့်ငွေပေးအပ်ခဲ့ပြီး သင်တန်းသားများက ပြည်သူများကို…

  • သာယာဝတီခရိုင်တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှု ကျောင်းသူနှစ်ဦးအပါအဝင် ပြည်သူ ၃၀၀ခန့်ရှိလာ

    သာယာဝတီခရိုင်တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှု ကျောင်းသူနှစ်ဦးအပါအဝင် ပြည်သူ ၃၀၀ခန့်ရှိလာ

    by

    in

    သာယာဝတီခရိုင်တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှု ကျောင်းသူနှစ်ဦးအပါအဝင် ပြည်သူ ၃၀၀ခန့်ရှိလာ ကျော်ဇော/People’s Spring ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် အတွင်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးလျှက်ရှိရာ ဖမ်းဆီးခံရသူ ၃၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။ ပေါ်တာဆွဲဖမ်းဆီးမှုများတွင် မင်းလှမြို့နယ်တွင် ဒေသခံပြည်သူ ၈၀ ကျော်၊ အုတ်ဖိုမြို့နယ်တွင် ၈၀ ခန့်၊ လက်ပံတန်းမြို့နယ် ၄၀ ခန့်၊ ဇီးကုန် ၂၀ ကျော်နှင့် နတ္တလင်း ၂၅ ဦးခန့် အသီးသီးဖမ်းဆီးခံထားရပြီး မိုးညိုနှင့် သာယာဝတီမြို့နယ်များတွင်လည်း ပေါ်တာဆွဲမှုများဖြစ်ပေါ်နေသော်လည်း ဦးရေအတိအကျ မသိရသေးပေ။ အထက်ပါ ပေါ်တာဆွဲဖမ်းဆီးမှုများအနက် သြဂုတ် ၂၂ ရက်က မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက် ပေါ်တာဆွဲရာတွင် ကျောင်းသူနှစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက…

  • “မဟာရန်ကုန်❗️ ကြားရတဲ့သတင်းက အားရစရာ💪”

    “မဟာရန်ကုန်❗️ ကြားရတဲ့သတင်းက အားရစရာ💪”

    by

    in

    “မဟာရန်ကုန်❗️ ကြားရတဲ့သတင်းက အားရစရာ💪”