တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရ

by

in

တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ် ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၂၆
ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုံး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ် ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲကွပ်ကဲရေးမှ ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူ‌လေတပ်စခန်းဌာနချုပ်ကို “Rain of Fire” စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ၁၁၄ မမ ရှော့တိုက်ဒရုန်းများ၊ Kamikaze drone များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သော‌ကြောင့်အကြမ်းဖက်စစ်ကာင်စီ၏ လေတပ်စခန်းဌာနချုပ်အတွင်း ထိခိုက်၊ သေဆုံး ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးပြီး၊ ဒဏ်ရာရရှိမှုများလည်းရှိကြောင်း၊ ပျက်စီးမှုများကိုလည်း အတည်ပြုနေဆဲဖြစ်ကြောင်း၊ “Rain of Fire” စစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ ၂ KNLA တပ်ရင်း ၅ တပ်မဟာ ၂ အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်၂ တပ်ရင်း ၃၅၀၂ ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
“ဗိုလ်မှူးကြီး ၁ ဦး၊ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ အခြားအဆင့် ၅ သေဆုံးတယ်။ ၂၁ ဒဏ်ရာရတယ်။ နောက်ဆက်တွဲသတင်းပေးပို့ချက်အရပါ။ ပျက်စီးတာတွေကတော့ အတည်ပြုလို့မရသေးဘူး။ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေ လုံခြုံတဲ့နေရာရောက်ပါပြီ။ အားလုံးဘေးကင်းပါတယ်” ဟု ရဲဘော်တင်ဦးက ရှင်းပြသည်။
ဩဂုတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၅၆ မိနစ်အချိန်ကလည်း တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ တောင်ငူလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေတပ်မှ စစ်အရာရှိ ၂ ဦး သေဆုံးပြီး အခြားအဆင့် ၆ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ လေတပ်စခန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။ )