မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိ၊ စစ်သုံ့ပန်း ၆၃ ဦးနှင့် လက်နက်ခဲယမ်းများလည်း ဖမ်းမိ

by

in

မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိ၊ စစ်သုံ့ပန်း ၆၃ ဦးနှင့် လက်နက်ခဲယမ်းများလည်း ဖမ်းမိ
ရန်ကုန်၊ ဩဂုတ် ၂၇

ရခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲတွင် AA က စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိကြောင်း AA က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။
AA က မောင်တောမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး မောင်တောမြိုအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ မောင်တောမြို့ အမှတ် ၂ ရပ်ကွက်၊ ဖေဇီရွာ နှင့် မောင်နီရွာ အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှဲနေခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA တို့၏ ခံစစ်နေရာ အများစုကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီ နှင့် လက်အောက်ခံ တပ်ဖွဲဝင်များ၏ အလောင်းများ၊ သုံပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဩဂုတ် ၂၄ ရက်၊ ဩဂုတ် ၂၅ ရက်နှင့် ဩဂုတ် ၂၆ ရက်နေ့ ၃ ရက်အတွင်း စစ်ကောင်စီတပ် နှင့် အ ပေါင်း အပါအဝင် အလောင်း ၁၀၀ ကျော်ကို ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့ကြောင်း၊ သုံ့ပန်းတချိုကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ထုတ်ပြန်ထားသော AA ၏ ဗီဒီယိုဖိုင်များအရ လက်နက်ကိုင်များအပါအဝင် စစ်ကောင်စီတပ်သား ၆၃ ဦးကို အရှင်ဖမ်းမိထားကြောင်းလည်း AA က ထုတ်ပြန်ထားသည်။
တပြိုင်နက်တည်း ထွက်ပြေးသော လက်နက်ကိုင် စစ်သားများကို လိုက်လံချေမှုန်းလျက်ရှိပြီး စစ်ကောင်စီတပ်၏ လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို၏ အခြားနေရာအချို ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် သံတွဲမြို့ နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြိုနယ်၊ ကျိန္တလီမြို့ အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က စစ်သင်္ဘော ၈ စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။