မိုးကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မတ္တရာမြို့နယ် ဆင့်ပွားအပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း‌ ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မိုးကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မတ္တရာမြို့နယ် ဆင့်ပွားအပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း‌ ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
ရန်ကုန်၊ဩဂုတ် ၂၆

မတ္တရာမြို့နယ် တိုက်နယ်-၃ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သင်တန်းသားများ စစ်သင်တန်း သင်ယူပြီးမြောက်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
သင်တန်းသားများကို တိုက်နယ်-၃ တာဝန်ခံ-၁ ဗိုလ်မိုးကြိုးက ယူနီဖောင်းများ ပေးအပ်ခြင်း၊ ဘက်တံဆိပ်များတပ်ဆင်ပေးခြင်း ပြုလုပ်ခဲ့ကာ သင်တန်းသားများက စစ်ရေးပြအခမ်းအနားဖြင့်ချီတက်ခြင်း ၊ ဖက်ဒရယ် အလံ တော်အားအလေးပြုခြင်း ၊ သစ္စာဓိဋ္ဌာန်ငါးချက်ဖြင့်သစ္စာပြုခြင်း ၊ တိုက်ခိုက်ရေးသရုပ်ပြပြိုင်ပွဲ၊သေနတ်ပစ်ပြိုင်ပွဲများယှဉ်ပြိုင်ခြင်း ၊ တာဝန်ခံက ပြိုင်ပွဲဝင်ဆုရသင်တန်းသားများကို ဆုငွေများ ပေးအပ်ခြင်းနှင့် စစ်ကြောင်းမှူးကို စစ်ကြောင်းအတွက် အသုံးပြုရန် ချီးမြှင့်ငွေပေးအပ်ခဲ့ပြီး သင်တန်းသားများက ပြည်သူများကို ပလောင်ရိုးရာသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။