သပိတ်ကျင်းသိမ်းပြီး ကျန်ဗျူဟာမြောက်မြို့များကို ဆက်သိမ်းမည်ဟု NUG ပြော

by

in

သပိတ်ကျင်းသိမ်းပြီး ကျန်ဗျူဟာမြောက်မြို့များကို ဆက်သိမ်းမည်ဟု NUG ပြော
…………….

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို မနေ့ ဩဂုတ်လ ၂၅ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကချင်ပြည်နယ်ရဲ့ အဓိကဝင်ပေါက်မြို့တွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ရာမှာ အဓိကဝင်ပေါက်မြို့တွေဖြစ်ပြီး၊ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတွေ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်ပြည်နယ်အစပ်က မြို့တွေကို သိမ်းပိုက်နိုင်ပြီဆိုရင် စစ်ကိုင်းတိုင်းတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လမ်းကြောင်းပွင့်သွားမှာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ ထိုးစစ်မဟာဗျူဟာအရ သတ်မှတ်ထားတဲ့ မြို့တွေကို ဆက်လက်ပြီးတော့ တိုက်ခိုက်၊ သိမ်းပိုက်သွားမှာ ဖြစ်တယ်လို့ Myanmar Now ကို ပြောပါတယ်။