ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးချောင်းရွာတွင် စစ်တပ်က စစ်မှုထမ်းရန် လူငယ်များတောင်းခံ ၊ မြန်အောင်တွင်လည်း စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်၍ ရွာတိုင်းမှ လူငယ်များ စစ်မှုထမ်းရန် အတင်းအကျပ် လုပ်နေ

by

in

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးချောင်းရွာတွင် စစ်တပ်က စစ်မှုထမ်းရန် လူငယ်များတောင်းခံ ၊ မြန်အောင်တွင်လည်း စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်၍ ရွာတိုင်းမှ လူငယ်များ စစ်မှုထမ်းရန် အတင်းအကျပ် လုပ်နေ

ရန်ကုန်၊ ဩဂုတ် ၂၇

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘိုးချောင်းစံပြကျေးရွာတွင် စစ်တပ်က စစ်မှု ထမ်း ရန် လူငယ်များတောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် ဘိုးချောင်း စံပြကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်သားတချို့ရောက်ရှိလာပြီး ဘုန်းကြီး ကျောင်းတွင် အခြေချကာ အနီးအနားကျေးရွာများမှ စစ်မှုထမ်းမည့် လူငယ်များ တောင်းခံနေကြောင်း၊ လာမည့် စစ်မှုထမ်း အပတ်စဉ် ၅ အတွက်နှင့် ပြည် သူ့စစ်လုပ်ရန်အတွက် လူငယ်နှင့် လူကြီးများ ပါဝင်ကြရန် အနီးအနားကျေးရွာများသို့ အတင်းအကျပ် ဖိအားပေး လာကြောင်း သိရှိရသည်။

” စစ်တပ်က ကားသုံးစီးနဲ့ရောက်လာတယ်။ နောက်တော့ ဘုန်းကြီးကျောင်းမှာ တည်းပြီးတော့ အဲဒီအနီးအနားမှာရှိတဲ့ ပသီအုပ်စု ချောင်းဝအုပ်စုတွေဘက်မှာ လူငယ်တွေနဲ့ လူကြီးတွေ စစ်မှုထမ်းဖို့ လိုက်လံတောင်းခံနေပါတယ်။ စစ်မှု ထမ်းအတွက် ကျေးရွာတွေက လူတွေပေးကြဖို့ တောင်းတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ စစ်မှုထမ်းရန် လူများ လိုက်လံ တောင်းခံမှုကြောင့် ဒေသပြည်သူများမှ အပြင်သို့ မထွက်ရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်မှုများလည်းရှိနေကြောင်း၊ ကျေးရွာများကလည်း စစ်မှုထမ်းမည့် လူမပေးနိုင်သဖြင့် လူငယ်များနှင့် အမျိုး သားများကို အပြင်သို့ ထွက်ရာတွင် သတိထားထွက်ကြရန် သတိပေးမှုလုပ်ထားကြောင်း သိရှိရသည်။

အလားတူ ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ထူအုပ်စု၊ ကျားသေရွာတွင်လည်း အုပ်ချုပ်ရေးမှူးကျော်ဆန်းက စစ်တပ်နှင့်ပူးတွဲ၍ စစ်မှုထမ်း လူ ငယ်များကို အတင်းအဓမ္မစုဆောင်းနေကြောင်း သိရှိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဆန်းက ရပ်ရွာအတွင်းမှ ပြည်သူများကို ခြိမ်း ခြောက်၍ စစ်မှုထမ်းရန်ခေါ်ဆောင်နေတယ်။ ရပ်ရွာထဲမှာ တစ်လကို လူငယ် ၃ ဦး စစ်တပ်ထဲပို့ပေးနေတယ်။ သူ့လည်း ပြန်မပြောရဲဘူး။ သူ့ကို ကလန်ကဆန်လုပ်ရင် စစ်တပ် ခေါ်ဖမ်းခိုင်းတယ်။ ထောက်ပို့ ၊ PDF အဲဒီလိုတွေ နာမည်တပ်ပြီး ဖမ်းခိုင်းတာ” ဟုဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယခုရက်ပိုင်းအတွင် စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူမပြည့်သဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ အကုန် စစ်မှုထမ်းရမည်ဟု အစည်းအဝေး ခေါ်ယူပြောဆိုလာကြောင်း၊ အစည်းအဝေး ခေါ်ယူချိန်တွင် မြန်အောင် စစ်တပ်မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးကို ၎င်း၏အိမ်တွင် ခေါ်ယူ ကျွေးမွေး၍ အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

“ရွာမှာ အိုမင်းမစွမ်းတဲ့ မိဘ လုပ်ကျွေးနေသော သူတွေလည်း စစ်တပ်ထဲပို့နေတယ်။ အခုကတော့ စစ်တပ်ကို သူ့ခေါ်ထားပြီး ကျေးရွာနဲ့ လူထုကို ခြိမ်း ခြောက်ပြီး လုပ်ချင်တာလုပ်နေတာ” ဟု​ ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က စစ်မှုထမ်းရန် အတွက် စုဆောင်းခံထားရသော လူငယ်များ။